နူးညံ့ချောမွေ့တဲ့အသားရေကို ပိုင်ဆိုင်စေမယ့် နေ့စဉ်အလေ့အထ (၅) ခု

1-4-2022-yyl-07.jpg

အရင်လို အသားရေတွေ နူးညံ့ချောမွေ့တော့လို့ စိတ်ညစ်နေပြီလား။ ကလေးတစ်ယာက်ရဲ့အသားရေမျိုး လိုချင်ရင်တော့ သင့်ရဲ့တစ်နေ့တာဘဝမှာ ပြောင်းလဲမှု အနည်းငယ်လုပ်ဖို့ လိုနေပါပြီ။ သင့်ရဲ့တစ်နေ့တာအလေ့အထတွေက သင့်အသက်အရွယ်နဲ့ အသားရေအပေါ် သက်ရောက်မှုများစွာရှိပါတယ်။ ဒါကြောင့် နူးညံ့ချောမွေ့တဲ့အသားရေကို ရဖို့အတွက် မွေးမြူထားသင့်တဲ့ နေ့စဉ်အလေ့အထ (၅) မျိုး ပြောပြပေးလိုက်ရပါတယ်။

ပုံမှန်အသားရေထိန်းသိမ်းပေးခြင်း

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အသားရေဖြစ်ဖို့အတွက် အရိုးရှင်းဆုံးအဆင့်က ပုံမှန်သန့်စင်ပေးတာ၊ Toner လိမ်းတာနဲ့ moisturizer လိမ်းပေးတာပါပဲ။ သင့်အသားရေကို မှန်ကန်တဲ့ အာဟာရဓာတ်များစွာရရှိစေဖို့ ရေဓာတ်ထိန်းပေးတဲ့ ထုတ်ကုန်တွေ သုံးပေးဖို့ အကြံပြုလိုပါတယ်။

ကျန်းမာရေးနဲ့အညီစားခြင်း

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အသားရေက သင့်တင့်မျှတတဲ့တစ်နေ့တာအစားအစာရဲ့ရလဒ်တစ်ခုပါပဲ။ သင် စားလိုက်တဲ့အစားအစာတွေက သင့်ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေ ကောင်းမွန်အောင် ထောက်ပံ့ပေးပါတယ်။ အစားအစာမှာ တွေ့ရတဲ့ အာဟာရဓာတ်၊ သတ္တုဓာတ်၊ ပရိုတင်းဓာတ်တွေက ကော်လဂျင်နဲ့ ကျန်းမာရေးတဲ့ဆဲလ်တွေ ထုတ်လုပ်မှုကို ထောက်ပံ့ပေးတဲ့အပြင် ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုလို အန္တရာယ်ရှိတဲ့ အရာတွေကနေ သင့်အသားရေကို ကာကွယ်ပေးနိုင်ပါတယ်။

မကြာခဏ ပြုံးခြင်း

ပြုံးတာရဲ့အကျိုးကျေးဇူးကို ကျွန်မတို့တွေ လျစ်လျူရှုထားမိတတ်ကြပါတယ်။ ကျွန်မတို့ ပြုံးလိုက်တဲ့အခါ သွေးလည်ပတ်မှု ပိုကောင်းလာပြီး အသားရေက အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုရရှိပါတယ်။ ဒါက သင့်ကို ကျန်းမာတဲ့အသားရေကို ဖန်တီးပေးနိုင်ပြီး စိတ်ဖိစီးမှုလည်း ကင်းဝေသွားစေမှာဖြစ်ပါတယ်။

ရေသောက်ခြင်း

ကျွန်မတို့ရဲ့ခန္ဓာကိုယ်မှာ ရေ ၇၀ ရာခိုင်နှုန်းပါဝင်တာကြောင့် ရေလုံလုံလောက်လောက်သောက်တာက သင့်အသားရေကို ကျန်းမာစေပြီး ရေဓာတ်ထိန်းပေးဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါတယ်။ ရေလုံလုံလောက်လောက်သောက်တာက ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဝက်ခြံမထွက်အောင် ကာကွယ်ပေးတဲ့အပြင် အသားရေကိုလည်း ကျစ်လျစ်တင်းရင်းအောင် ကူညီပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

ကျန်းမာပြီး နူးညံ့ချောမွေတဲ့ အသားရေအတွက် အရေးကြီးတဲ့ နောက်ထပ်အရာတစ်ခုက ကိုယ်လက်လှုပ်ရှားမှုပါပဲ။ သင် လှုပ်လှုပ်ရှားရှားနေလိုက်တဲ့အခါ ကယ်လိုရီတွေ လောင်ကျွမ်းသွားတဲ့အခါ ခန္ဓာကိုယ်က Endorphin လို့ခေါ်တဲ့ ဓာတုဓာတ်ပစ္စည်းတစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ဒီ Endorphins ဟာ ဉီးနှောက်က အာရုံခံအင်္ဂါနဲ့ ဓာတ်ပြုပြီး ကောင်းတဲ့ခံစားချက်၊ အတွေးတွေဖြစ်ပေါ်လာစေပါတယ်။ ပျော်ရွှင်ဝမ်းသာမှုဆိုတဲ့ ခံစားချက်က အသားရေမှာသွားသက်ရောက်စေပါတယ်။ သင့်ခံစားချက်ကို လုံးဝပြောင်းလဲသွားစေနိုင်စွမ်းနဲ့ အသားရေကြည်လင်စေနိုင်စွမ်းတွေရှိပါတယ်။

ဒါကြောင့် ကျန်းမာပြီး နူးညံ့တဲ့အသားရေကို ပိုင်ဆိုင်ချင်ရင် ဒီလိုအခြေခံအဆင့်တွေနဲ့ စတင်ဖို့ သတိရလိုက်ပါ။

Ref: 5 daily habits that can guarantee you a SOFT skin

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top