ဆီးချိုရောဂါရဲ့အစောပိုင်းအသိပေးလက္ခဏာရပ်တွေ

9-3-2021-yyl-29.jpg

ကျွန်တော်တို့ခန္ဓာကိုယ်မှာ သဘာဝအလျောက် သကြားပမာဏအနည်းငယ်ရှိပါတယ်။ စွမ်းအင်နဲ့အတူ ကျွန်တော်တို့ကို ထောက်ပံ့ပေးဖို့ သကြားဓာတ်လိုအပ်ပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ပမာဏထက် သကြားပမာဏကျော်လွန်သွားတဲ့အခါ သွေးအတွင်းသကြားဓာတ်များတဲ့အခြေအနေကို ကြုံတွေ့ရနိုင်ပါတယ်။ သွေးအတွင်းသကြားဓာတ်များတာက သင့်ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပြီး အခြားကျန်းမာရေးပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်။ သွေးအတွင်းသကြားဓာတ်များတဲ့ ဆီးချိုရောဂါရဲ့နောက်ကွယ်က အဓိကအကြောင်းအရင်းကတော့ မသိကြပါဘူး။

ဒါပေမဲ့ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းကတော့ ဆရာဝန်နဲ့ပြပြီး တိုင်ပင်ကြည့်တာပါပဲ။ သင့်တင့်မျှတစွာ စားတာ၊ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းတာကလည်း ဆီးချိုရောဂါကို ထိန်းနိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဆီးချိုရောဂါကို အချိန်အကြာကြီးမကုသဘဲထားမယ်ဆိုရင် ပြင်းထန်တဲ့ကျန်းမာရေးအခြေအနေရှိလာနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါဖြစ်နေတယ်လို့ သိနိုင်တဲ့အစောပိုင်းလက္ခဏာရပ်တွေကတော့

ဆီးခဏခဏသွားတာ

သွေးအတွင်းသကြားဓာတ်များလာတဲ့အခါ သကြားတွေက ဆီးမှာ စုပြုံလာတာကြောင့် သင့်ကျောက်ကပ်တွေက သကြားဓာတ်ကို ကောင်းကောင်းစစ်မထုတ်နိုင်တော့ပါဘူး။ ရလဒ်အနေနဲ့ မကြာခဏ ဆီးသွားတာပါပဲ။ ပုံမှန်ထက် ဆီးခဏခဏသွားနေတယ်ဆိုရင် ဆီးချိုရောဂါရဲ့လက္ခဏာရပ်ဖြစ်နိုင်ပါတယ်။

ရုတ်တရက်ကိုယ်အလေးချိန်ကျသွားတာ

သွေးအတွင်းသကြားဓာတ်မြင့်မားလာရင် သင့်ခန္ဓာကိုယ်က မထင်မှတ်ထားလောက်အောင် ကိုယ်အလေးချိန်ကျဆင်းသွားမှာဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က စွမ်းအင်နဲ့အတူ ဂလူးကို့စ်ကို မသုံးနိုင်တော့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်မှာ အဆီတွေ လောင်ကျွမ်းလာပြီး ကိုယ်အလေးချိန်ကျသွားရပါတယ်။ ကိုယ်အလေးချိန်ချဖို့ကြိုးစားနေတာမဟုတ်ဘူးဆိုရင် ဆီးချိုရောဂါဖြစ်နေတယ်ဆိုတဲ့ လက္ခဏာရပ်ပါပဲ။

အမြင်အာရုံအားနည်းလာတာ

သွေးအတွင်းသကြားဓာတ်မြင့်မားမှုက သင့်အမြင်အာရုံကို ပျက်စီးစေနိုင်ပါတယ်။ သင့်ရဲ့မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အမြင်အာရုံဆုံးရှုံးနိုင်ခြေများပါတယ်။ အမြင်အာရုံမှာ ရုတ်တရက်ပြောင်းလဲမှုဖြစ်လာရင် ဆီးချိုရောဂါရဲ့လက္ခဏာရပ်ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

အသားရောင်ပြောင်းလဲတာ

သွေးအတွင်းသကြားဓာတ်မြင့်မားလာရင် အသားရေအရောင်ပြောင်းလဲတာတွေဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် လည်ပင်းတစ်ဝိုက်၊ ခြေဆစ်လက်ဆစ်နေရာတွေမှာပါ။ အရေပြားမှာ ရုတ်တရက်မဲလာရင် ဆရာဝန်နဲ့ပြကြည့်သင့်ပါတယ်။

ပင်ပန်းနွမ်းလျလွန်းတာ

ကျန်းမာရေးနဲ့ညီညွှတ်စွာစားသုံးပြီး ကောင်းကောင်းအနားယူပေမဲ့ မောပန်းနွမ်းလျသလိုခံစားရရင် ဆီးချိုရောဂါရဲ့သတိပေးလက္ခဏာရပ်ဖြစ်နိုင်ပါတယ်။ ဆီးချိုရောဂါက မကြာခဏ ရေဓာတ်ကုန်ခန်းတာနဲ့ ပင်ပန်းတာတွေခံစားရနိုင်ပါတယ်။

Ref: 5 early warning signs of diabetes
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top