အသီးခြောက်တွေက ကိုယ်အလေးချိန်တက်လာအောင် ကူညီပေးနိုင်လား

9-3-2021-yyl-23.jpg

တချို့လူတွေက ကိုယ်အလေးချိန်ကျအောင်လုပ်နေကြပေမဲ့ တချို့ကတော့ ကိုယ်အလေးချိန်တက်အောင် လုပ်နေကြတာပါ။ ကိုယ်အလေးချိန်ကျချင်တဲ့သူတွေရော ကိုယ်အလေးချိန်တက်ချင်တဲ့သူတွေရောက သူ့အခက်အခဲနဲ့သူပါပဲ။ အဝလွန်တာလည်းမကောင်းသလို သတ်မှတ်ထားတဲ့ကိုယ်အလေးချိန်မဟုတ်ဘဲ ပိန်လွန်းရင်လည်း ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး။ ကိုယ်အလေးချိန်ကျချင်နေတဲ့သူတွေအတွက် အကူအညီဖြစ်စေတဲ့ဆောင်းပါးတွေကို တော်တော်များများတွေ့မိကြမှာပါ။ အခုတစ်ခါမှာတော့ ပိန်နေတဲ့အတွက် ကိုယ်အလေးချိန်တက်ချင်တဲ့သူတွေကို အကူအညီပေးနိုင်မယ့် အကြောင်းအရာတစ်ခုကို မျှဝေပေးမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်တက်ချင်တဲ့သူတွေအတွက် သစ်သီးခြောက်တွေကလည်း အကူအညီပေးနိုင်တယ်လို့ သိရပါတယ်။ သစ်သီးခြောက်တွေက ဝိတ်တက်လာအောင် ဘယ်လိုကူညီပေးနိုင်တာလဲ။ သစ်သီးခြောက်တွေက ကျန်းမာရေးနဲ့ညီညွှတ်တဲ့အာဟာရဓာတ်တွေနဲ့ပြည့်ဝနေတာပါ။ အဲဒီသစ်သီးခြောက်တွေထဲကတချို့က ကိုယ်အလေးချိန်တက်အောင်ကူညီပေးနိုင်တဲ့အစွမ်းထက်အစားအစာလို့မှတ်ယူထားကြပါတယ်။ သစ်သီးခြောက်တွေက အရသာရှိတဲ့အပြင် အာဟာရဓာတ်တန်ဖိုးမြင့်မားစွာပါဝင်ပြီး အခြားအစားအစာတွေနဲ့လည်း တွဲဖက်စားသုံးလို့ရပါတယ်။
ကိုယ်အလေးချိန်တက်အောင် အကူအညီပေးနိုင်တဲ့ သစ်သီးခြောက်တချို့ကတော့

စပျစ်သီးခြောက်

စပျစ်သီးခြောက်ကလည်း သင့်ရဲ့ကယ်လိုရီပမာဏတိုးလာဖို့အတွက် အကောင်းဆုံးနည်းတစ်ခုပါပဲ။ ကော်ပါး၊ မဂ္ဂနီစီယမ်၊ ဗီတာမင်ဓာတ်တွေကြွယ်ဝတဲ့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ရအောင် ကူညီပေးနိုင်ပါတယ်။ အရသာကလည်း အံ့မခန်းဖြစ်သလို အခြားအစားအစာတော်တော်များများနဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။

မြေပဲ

မြေပဲက အဆီဓာတ်နဲ့ ကယ်လိုရီဓာတ်တွေမြင့်မားတဲ့အတွက် ကိုယ်အလေးချိန်တက်လာအောင် ကူညီပေးနိုင်ပါတယ်။ မြေပဲစားသုံးတာက အဆီတွေတိုးလာစေမှာမဟုတ်ဘဲ ကြွက်သားတွေတိုးလာပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ကို ထိန်းပေးမှာဖြစ်ပါတယ်။

အယ်မွန်

အယ်မွန်စေ့လက်တစ်စုပ်စာမှာ ကယ်လိုရီ (၁၇၀)၊ ပရိုတင်း (၆ဂရမ်)၊ အမျှင် (၄ဂရမ်) နဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆီဓာတ် (၁၅ဂရမ်) ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်တက်ချင်တဲ့သူတွေအတွက် ကောင်းမွန်ပါတယ်။

ပီစတာချီအို (Pistachios)

ပီစတာချီအိုကလည်း အဆီနဲ့ကယ်လိုရီဓာတ်တွေမြင့်မားပြီး ကိုယ်အလေးချိန်တက်ချင်တဲ့သူတွေအတွက် အကူအညီပေးနိုင်ပါတယ်။

သစ်ကြားသီး

သစ်ကြားသီးစားပေးတာကလည်း နည်းအမျိုးမျိုးနဲ့ အကျိုးသက်ရောက်နေတာပါ။ ကိုယ်အလေးချိန်တက်ချင်ရင်တော့ သစ်ကြားသီးလို့ အစားအစာက သင့်ရဲ့ရည်မှန်းချက်ရောက်အောင် အကူအညီပေးနိုင်ပါတယ်။

Ref: Dry fruits that can help you gain weight
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top