အလွယ်တကူရနိုင်တဲ့ ပါဝင်ပစ္စည်းတွေနဲ့ လုပ်ကြည့်လို့ရတဲ့ အိမ်လုပ်သဘာဝမျက်နှာသန့်စင်နည်း (၅) မျိုး

7-2-2022-yyl6.jpg

တချို့မိန်းကလေးတွေက အိမ်လုပ်သဘာဝပစ္စည်းတွေနဲ့ အသားရေထိန်းသိမ်းရတာကို ကြိုက်နှစ်သက်ကြပါတယ်။ အသားရေအထိအခိုက်လွယ်တဲ့သူတွေဆို သဘာဝနည်းလမ်းနဲ့ အသားရေထိန်းသိမ်းတာ ပိုကောင်းပါတယ်။ လက်ရှိခေတ်မှာတော့ အသားရေအမျိုးအစားတိုင်းအတွက် ထုတ်လုပ်ပေးလာတဲ့ အလှကုန်ပစ္စည်းတွေ ပေါ်လာပေမဲ့ ဟိုအရင် အဘိုးအဘွားခေတ်တွေတုန်းကဆိုရင် သူတို့ရဲ့အသားရေထိန်းသိမ်းဖို့အတွက် သဘာဝနည်းလမ်းတွေကို အသုံးပြုကြတာပါ။ အခုဆိုရင်လည်း ကျွန်မတို့တွေက အဘိုးအဘွားတွေလက်ထပ်က ရှေးကျတဲ့အသားရေထိန်းသိမ်းနည်းတွေကို အသုံးပြုသင့်ရင် အသုံးပြုရပါမယ်။ နှစ်ပေါင်းများစွာ စမ်းသပ် အသုံးပြုခဲ့ကြလို့ပါပဲ။ ဒါကြောင့် သင့်မျက်နှာကို သန့်ရှင်းပြီး သဘာဝအတိုင်း ကြည်လင်သွားစေဖို့အတွက် အကူအညီပေးမယ့် အိမ်လုပ်သဘာဝမျက်နှာသန့်စင်နည်း (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒါတွေက အဘိုးအဘွားတွေကတည်းက အသုံးပြုခဲ့တဲ့အရာတွေပါပဲ။

နွားနို့နဲ့ မျက်နှာသန့်စင်နည်း

နွားနို့က လက်တစ်အက်ဆစ် ( lactic acid) ပါဝင်တဲ့အတွက် လုံးဝပြီးပြည့်စုံတဲ့ မျက်နှာသန့်စင်ဆေးအဖြစ် လုပ်ဆောင်ပေးပါတယ်။ အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေပွင့်စေပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုရင် ဝါဂွမ်းစကို နွားနို့ထဲနှစ်ပြီး သင့်မျက်နှာပေါ်ကို စက်ဝိုင်းပုံစံလှည့်ပြီး လိမ်းပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့အသားရေဖြစ်ဖို့အတွက် နေ့တိုင်း သစ်ပေးပါ။

ခရမ်းချဉ်သီးနဲ့ မျက်နှာသန့်စင်နည်း

ခရမ်းချဉ်သီးက အသားရေကို အကျိုးပြုတဲ့ ဗီတာမင်ဓာတ်၊ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုရင် ခရမ်းချဉ်သီးအေးအေးလေးတစ်လုံးကို တစ်ဝက်ခြမ်းလိုက်ပြီး သင့်မျက်နှာတစ်ခုလုံးကို ဖြည်းညင်းစွာ ပွတ်ပေးပါ။ (၅- ၁၀) မိနစ်လောက် ဒီအတိုင်းထားလိုက်ပါ။ ပြီးရင် မျက်နှာသန့်စင်ပေးလိုက်ပါ။ နူးညံ့ချောမွေ့တဲ့အသားရေကို ရရှိပါလိမ့်မယ်။

ပျားရည်နဲ့မျက်နှာသန့်စင်နည်း

ပျားရည်က ဆန့်ကျင်ဓာတ်တိုး (Antioxidants) ဓာတ်တွေပြည့်ဝတဲ့အတွက် သင့်အသားရေကို နူးညံ့စေတဲ့အပြင် ဝက်ခြံတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ သဘာဝအဆီအနှစ်တွေကို ဖယ်ရှားမပစ်ဘဲ အသားရေကြည်လင်တောက်ပစေပါတယ်။ ဘယ်လိုအသုံးပြုရမလဲဆိုရင် ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဝက်ကိုယူပြီး မျက်နှာပေါ် လိမ်းပြီး ဖြည်းညင်းစွာ နှိပ်နယ်ပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ သန့်စင်ပေးလိုက်ရုံပါပဲ။

အားလူးနဲ့ မျက်နှာသန့်စင်နည်း

အားလူးကလည်း အသားရေအတွက် ကောင်းကျိုးများစွာရှိတဲ့ဆိုတာ လူတိုင်းသိထားပြီးသားပါ။ သံဓာတ်၊ ဗီတာမင်စီဓာတ်တွေ ကြွယ်ဝတဲ့အတွက် အသားရေမညီတာ၊ နေလောင်တာ၊ အမဲစက်၊ အရေးအကြောင်းနဲ့ အသားရေခြောက်သွေ့တာတွေကို ကုသပေးနိုင်ပါတယ်။ ပုံမှန်အရွယ်အစာအားလူးတစ်လုံးကို အရည်ညှစ်ပြီး မျက်နှာပေါ် လိမ်းကာ နှိပ်နယ်ပေးပါ။ မျက်နှာပေါ်က အားလူးအရည်တွေခြောက်သွားတဲ့အထိ (၁၀-၁၅) မိနစ်လောက် အချိန်ပေးပါ။ ပြီးရင် မျက်နှာသစ်ပေးလိုက်ရုံပါပဲ။

ပန်းသီးအရက်ဗင်နီဂါနဲ့ မျက်နှာသန့်စင်နည်း

ပန်းသီးအရက်ဗင်နီဂါကလည်း သင့်ကျန်းမာရေးအတွက်ရော အသားရေအတွက်ပါ ကောင်းကျိုးများစွာရှိပါတယ်။ သင့်မျက်နှာကို ကြည်လင်တောက်ပစေပြီး ဝက်ခြံကင်းစေပါတယ်။ သင့်မျက်နှာပေါ် မလိမ်းခင် သင့်အသားရေကို ယားယံနီမြန်းစေလား မနီမြန်းစေလား အရင်ဆုံးစမ်းသပ်ကြည့်ပါ။ ပန်းသီးအရက်ဗင်နီဂါနဲ့ ရေကို ၁း၂ အချိုးနဲ့ ရောစပ်လိုက်ပါ။ ပြီးရင် အညစ်အကြေး၊ ဖုန်မှုန့်၊ ချွေး၊ အဆီတွေ ဖယ်ရှားဖို့အတွက် သင့်မျက်နှာပေါ် အစက်အနည်းငယ် လိမ်းလိုက်ပြီး ဖြည်းညင်းစွာ နှိပ်နယ်ပေးပါ။ အဲဒီနောက် ရေအေးနဲ့ မျက်နှာသစ်ပေးရမှာဖြစ်ပါတယ်။

Ref: 5 homemade cleansers you should try

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top