အစာအိမ်အချဉ်ပေါက်ခြင်းကို ရိုးရှင်းတဲ့နည်းတွေနဲ့ ကုသဖို့ဆိုရင်

yyl-036-8.jpg

ကျွန်တော်တို့တွေအားလုံး အစာအိမ်အချဉ်ပေါက်တာကို ကြုံဖူးကြမှာပါ။ အချဉ်ပေါက်တာကို ရင်ပူရင်ဆာဖြစ်တယ်လို့လည်း လူသိများကြပါတယ်။ ကျွန်တော်တို့တွေ အလုပ်ရှုပ်တဲ့အခါမျိုးတွေမှာ တစ်နေ့လုံးဘာမှမစားဖြစ်တာ၊ တစ်နေ့ကို (၂) နပ်ပဲ စားဖြစ်တာတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ဆိုးရွားတဲ့ အစားအသောက်အလေ့အထတွေက ရင်ပူရင်ဆာဖြစ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

သင့်အစာအိမ်က ပုံမှန်ဆိုရင် အစာချေဖျက်ခြင်းအတွက် အရေးကြီးတဲ့အက်ဆစ်ဓာတ်တွေကို သိုဝှက်ထားပါတယ်။ ဒီအက်ဆစ်က အစာခြေစဉ်အတွင်းမှာ အစာတွေကို ချေဖျက်ပေးတဲ့နေရာမှာ အကူအညီပေးပါတယ်။ သင့်အစာအိမ်က အစာကို ချေဖျက်ဖို့အတွက် အရည်တွေကို သိုဝှက်ထားရပြီး သင့်အစာအိမ်မှာ ဘာအစာမှ ချေဖျက်လို့မရတဲ့အခါ အစာအိမ်အချဉ်ပေါက်တာ၊ ရင်ပူရင်ဆာတာတွေဖြစ်လာရပါတယ်။

အစာအိမ်အချဉ်ပေါက်ရခြင်းအကြောင်းအရင်းတချို့ကတော့

– အဆာပြေအစားအစာတွေကို ပုံမှန်လိုလိုစားခြင်း

– ကဖင်းဓာတ်များခြင်း

– ဆေးလိပ်သောက်ခြင်း

– အရက်အသောက်များခြင်း

– စားချိန်မမှန်ခြင်းတို့ဖြစ်ပါတယ်။

အစာအိမ်အချဉ်ပေါက်တာ (ရင်ပူရင်ဆာ) ကို ကုသလို့ရတဲ့ အလွယ်ကူဆုံးနည်းလမ်းတွေက

– ရေနွေးပူပူလေးတစ်ခွက်ကို နေ့တိုင်းသောက်ပေးပါ

– ထန်းလျက်၊ သံပုရာသီး၊ ငှက်ပျောသီး၊ အယ်လ်မွန်နဲ့ ဒိန်ချဉ်တွေက အစာအိမ်အချဉ်ပေါက်ခြင်းကို သက်သာသွားစေနိုင်ပါတယ်

– အစာအိမ်အချဉ်ပေါက်ခြင်းကို ခံစားရတယ်ဆိုရင် အုန်းရည်သောက်ပေးလို့ရပါတယ်။

– ပူစီနံ (ဒါမှမဟုတ်) ပင်စိမ်းရွက်အနည်းငယ်ကို ရေနဲ့ပြုတ်ပြီး ထမင်းစားပြီးနောက် တစ်ခွက် သောက်သုံးပေးပါ။

– သင့်တစ်နေ့တာအစားအစာမှာ ငှက်ပျောသီး၊ ဖရဲသီး၊ သခွားသီးတို့ ပါဝင်အောင်စားပါ။

– လေးညှင်းပွင့်ကိုဝါးစားပေးတာကလည်း အစာအိမ်အချဉ်ပေါက်ခြင်းအတွက် ထိရောက်တဲ့နည်းပါပဲ။

– ဟင်းသီးဟင်းရွက် များများစားသုံးပေးပါ။

– ကဖင်းဓာတ်အများကြီးသောက်သုံးမယ့်အစား ဆေးဖက်ဝင်ရေနွေးကြမ်းတို့ကို သောက်သုံးပေးပါ။

– အချဉ်ဖောက်ထားတဲ့အစားအစာတွေ၊ စပ်တဲ့အစားအစာတွေကို ရှောင်ပါ

– အရက်အလွန်အကျွံသောက်သုံးခြင်းကိုလည်း ရှောင်ပါ။

Ref: Treat acidity with simple home remedies

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top