ကျောင်းပြီးပြီးချင်း အလုပ်တန်းမလုပ်သေးပဲ သင်လုပ်သင့်တဲ့ အရာ (၅)ခု

42719693_2229689220582905_5742362865206034432_n.jpg

စာမေးပွဲကြီးပြီးသွားပြီ။ အိပ်ရေးမဝတဲ့ ညတွေ ကုန်ဆုံးလွန်မြောက်ခဲ့ပြီ။ နောက်ဆုံးနှစ်ဆိုတော့ ကျောင်းလည်းပြီးပြီဆိုပါတော့။ ဒါဆို အခုဘာတွေ လုပ်ကြမလဲ။

သူများတွေကတော့ အလုပ်ရနေပြီ။ အင်တာဗျူးတွေ ဝင်နေပြီ။ ငါကတော့ မရသေးဘူး ဆိုပြီး စိုးရိမ်ပူပန်နေမယ့်အစား အောက်ကအချက်လေး (၅)ခု ကို လုပ်ကြည့်လိုက်ပါလား။

(၁) ခရီးထွက်မယ်

ဒါကတော့ ဦးနှောက်ဆေးတဲ့ အနေနဲ့ရော သူငယ်ချင်းတွေ နဲ့နောက်ဆုံး အမှတ်တရခရီးစဉ် အနေနဲ့ပါ သွားသင့်တာပါ။ ကျောင်းပြီးပြီဆိုတော့ နယ်မှာပဲ ပြန် အခြေချတဲ့သူလည်းရှိမယ်။ နိုင်ငံခြားသွားပြီး ကျောင်းဆက်တက်မယ့်သူလည်း ရှိနိုင်တာဖြစ်တဲ့အတွက် ကိုယ့်သူငယ်ချင်းတွေ လက်တကမ်းမှာရှိတုန်းလေး စုစည်းပြီး အပျော်ခရီးလေးဖြစ်ဖြစ် ထွက်သင့်ပါတယ်။ မနက် ၉ ညနေ ၅ အလုပ်ဝင်ရပြီဆိုရင်ခရီးထွက်ဖို့နေနေသာသာ ရန်ကုန်မှာရှိတဲ့ သူအချင်းချင်းတွေ့ဖို့တောင် မနည်း ကြိုးပမ်းရတာမို့လို့ဖြစ်နိုင်ရင် အမှတ်တရလေးတွေဖန်တီးဖို့ ခရီးထွက်ကြပါ။

(၂) အမြဲ တမ်းလုပ်ချင်နေခဲ့တဲ့ အရာတွေလုပ်ပါ (CV မှာ အမြင်ကောင်းစေဖို့အတွက်ချည်းပဲ မဟုတ်ပဲပေါ့)

ကိုယ်အမြဲလုပ်ချင်ခဲ့ပြီး အချိန်မရလို့မလုပ်ရတာမျိုးရှိဖူးလား။ ပန်းချီသင်တန်းတက်ချင်တာလား၊ အမျိုးသားပြတိုက် သွားခဲ့ဖူးချင်တာလား၊ ဒါမှမဟုတ် Art Gallery လို အနုပညာပြပွဲသွားဖူးကြည့်ချင်ခဲ့တာလား၊ Boxing ဆော့ဖူးချင်တာလား၊ စေတနာ့ဝန်ထမ်းလုပ်အားပေးဖြစ်ချင်တာလား၊ ဒါမှမဟုတ်ရုပ်ရှင်ပွဲတော်မှာရုပ်ရှင်တွေ တ၀ကြီး ထိုင်ကြည့်ချင်တာလား။ ဒီအချိန်ဟာလုပ်ဖို့အချိန်ကောင်းပါပဲ။

(၃) ကိုယ့်သူငယ်ချင်းတွေနဲ့ ကြားရက်တွေမှာ လုပ်ဖို့ Plan တွေဆွဲပါ

အရင်ကျောင်းတက်နေရတုန်းက Weekday ကြားရက်တွေဆို မအားဘူးမလား။ အောင်မလေး အဲဒါ အလုပ်လုပ်ရင် ပ်ိုဆိုးမှာ။ ကျောင်းကမှလစ်လို့ရသေး အလုပ်ကလစ်လို့မရဘူး။ အဲဒီတော့ သူငယ်ချင်းတွေနဲ့ကြားရက်မှာ Spa သွားတာဖြစ်ဖြစ်၊ ပန်းခြံသွားတာဖြစ်ဖြစ်၊ မြို့တွင်းက ဘုရားတွေလိုက်ဖူးတာဖြစ်ဖြစ်၊ ဒါမှမဟုတ် တချို့စားသောက်ဆိုင်တွေက ကြားရက်တွေမှာ ပရိုမိုးရှင်း ပေးတတ်တော့ ဒီလိုဆိုင်တွေမှာလည်း လိုက်စားနိုင်ပါသေးတယ်။

(၄) လုပ်ချင်တယ်ဆိုရင်တော့ ကိုယ့်ဘာသာ တနိုင်တပိုင်အချိန်ပိုင်းအလုပ်လေးတွေလုပ်

အပေါ်က ပြောခဲ့တဲ့ အချက်တွေကိုလုပ်ဖို့ဆိုရင် အနည်းဆုံးထိုက်သင့်အားလျော်တဲ့ ငွေပမာဏတော့ လက်ထဲမှာ ရှိနေရမှာပေါ့။ တကယ်လို့ အချိန်ပြည့် အလုပ်လည်းမလုပ်ဘူး၊ ဒါပေမယ့် ပိုက်ဆံရှာချင်တယ်ဆိုရင် Freelance content writer လုပ်တာတို့၊ အချက်အပြုတ်ဝါသနာပါတယ်ဆိုရင်လည်း တစ်နိုင်တစ်ပိုင် မုန့်လေးတွေလုပ်ရောင်းတာဖြစ်ဖြစ်၊ စာသင်ရတာ ဝါသနာပါတယ်ဆိုရင် ဂိုက်ပြန်လုပ်တာ၊ အခုနောက်ပ်ိုင်း delivery services တွေကလည်း အချိန်ပိုင်းအလုပ်သမားတွေခေါ်တာတွေရှိတဲ့အတွက် စက်ဘီးစီးရတာ ဝါသနာပါတယ်ဆိုရင်လည်း ဒီလိုအလုပ်မျိုးတွေမှာ ဝင်လုပ်န်ိုင်ပါသေးတယ်။

(၅) အလုပ်မရသေးတာကို စိုးရိမ်သောကဖြစ်မနေနဲ့

ဘယ်သူကတော့ ဘယ်ကုမ္ပဏီကြီးမှာ အလုပ်ရသွားပြီ။ ငါကတော့ မရသေးဘူး။ ဟိုတစ်ယောက်ကတော့ စစဝင်ဝင်ချင်းတောင် ဘယ်လောက်ရတယ် ဆိုပြီး စိတ်ပူပန်သောကရောက်မနေပါနဲ့။ သူ့ဘဝရဲ့အချိန်ဇယားနဲ့ ကိုယ့်ဘဝရဲ့အချိန်ဇယားမတူဘူးဆိုတဲ့ စကားကြားဖူးကြတယ်မလား။ ဘယ်သူအလုပ်အရင်ဆုံး ရတယ်ဆိုတာ ပြိုင်ဆိုင်နေသင့်တဲ့ ပြိုင်ပွဲတစ်ခုမဟုတ်သလို အောင်မြင်မှုကိုတိုင်းတာတဲ့ စံနှုန်းလည်းမဖြစ်သင့်ပါဘူး။ အချိန်ပြည့် အလုပ်လုပ်ရတဲ့ ဘ၀ကြီးထဲကို ခြေစုံပစ်မဝင်ခင် နားဖို့ရတဲ့ နောက်ဆုံး အခွင့်အရေးလို့သတ်မှတ်ပြီး စိတ်အေးအေးနဲ့သာနားပါ။ သင်လိုချင်တဲ့ အလုပ် တစ်နေ့ရလာမှာပါ။

ရိုးရာလေးရဲ့စာမေးပွဲဖြေပြီးတဲ့ စာဖတ်ပရိသတ်တွေအတွက် အခုပြောထားတဲ့ နည်းတွေက အသုံးဝင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Ref: “5 Things To Do When You Finish Uni “

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top