Moon (လ) ဟာလည်းပဲ ငလျင်လှုပ်နိုင်ကြောင်း

7-7-2020-yyl-014.jpg

ကမ္ဘာတစ်မျိုးတည်းကသာ ငလျင်လှုပ်နိုင်တာ မဟုတ်ပါဘူး။ လ (Moon) အပါအဝင် အာကာသဗိမာန် ထဲက ဘယ်အရာမဆို သင့်တော်တဲ့ အားအခြေအနေ တစ်ခုနဲ့ ဆိုရင် လှုပ်ခါနိုင်ပါတယ်။ လရဲ့ လုွပ်ခါမှု (လငလျင် moonquake) ဟာ ကျွန်တော်တို့ ဂြိုလ်နဲ့ အနည်းငယ်ကွာခြားပြီး ထူးဆန်းစွာ ကြမ်းတမ်းပါတယ်။

Moonquake (လငလျင်) ဟာ Earthquake(မြေငလျင်) နဲ့မတူပါဘူး။ Earthquake က Tectonic Plate လို့ခေါ်တဲ့ ကမ္ဘာ့အပေါ်ယံကျောက်သားလွှာတွေ လှုပ်ရှားမှုကြောင့် ဖြစ်တာဖြစ်ပြီး လမှာတော့ အဲဒီလိုအလွှာတွေ မရှိပါဘူး။ လဟာ နည်းလမ်းလေးမျိုးနဲ့ ငလျင်လှုပ်ပါတယ်။ အပူပိုင်းဆိုင်ရာ လငလျင် ဟာဆိုရင် လပြည့်ရက်တွေ (ကမ္ဘာပေါ်မှာတော့ အကြမ်းအားဖြင့် ၂၉) မှာ ပြင်းထန်မြန်ဆန်တဲ့ အပူချိန်ပြောင်းလဲမှုကြောင့် လှုပ်တာဖြစ်ပါတယ်။ နေထွက်လာချိန်မှာ ရုတ်တရက် အပူချိန်ပြင်းထန်စွာ ထိုးတက်သွားပြီး နေဝင်ချိန်မှာ ရုတ်တရက် အပူချိန်ရပ်တန့်သွားတာမျိုးဖြစ်ပါတယ်။

ပြင်းထန်တဲ့ လငလျင်တွေဟာ ကမ္ဘာ ပေါ်က ဒီရေဆွဲအားကြောင့်လည်း ဖြစ်ပေါ်လေ့ရှိပြီး အပြန်အလှန် အနေနဲ့ အဲဒီငလျင်တွေကပဲ ကမ္ဘာ့ပင်လယ် ဒီရေလှိုင်းတွေကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။ ၁၉၇၂ ကနေစတင်ပြီးတော့ The Apollo Mission တွေ ဟာ လငလျင်လှုပ်ခတ်မှု ဖြစ်စဉ်တွေကို ၈ နှစ်ကြာလေ့လာခဲ့ပြီး နောက်မှာ ဖြစ်စဉ်ပေါင်း ၇၀၀၀ ကျော်ကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ( ဒါဟာ တစ်နေ့ကို ၂ ကြိမ်ခန့်လောက်ရှိနေတာပါ။)

တတိယ ပုံစံကတော့ ဥက္ကာပျံ များဝင်တိုက်မှု ဖြစ်စဉ်ဖြစ်ပါတယ်။ The Apollo seismic (အပိုလို ငလျင်စောင့်ကြည့်ရေး)မှ ၁၉၇၂ ကနေ ၁၉၇၇ ထိ ဥက္ကာပျံ တွေဝင်တိုက်လို့ လငလျင်လှုပ်တာဟာ ၂၈ ကြိမ်ရှိနေပါတယ်။ အချို့ဖြစ်ရပ်တွေမှာ Richter Scale 5.5 ထိရှိနေပြီး ဒါဟာ ကမ္ဘာ ပေါ်မှာဆိုရင် အဆောက်အဦ တွေ ပျက်ဆီးသွားနိုင်တဲ့ အနေအထားပါ။ ဒီထက် ပိုဆိုးတာတွေလည်း ထပ်လာအုန်းမှာပါ။ လေ့လာမှုတွေအရ လငလျင်ဟာ ၁၀ မိနစ်ခန့်ကြာအောင် လှုပ်ခတ်နေခဲ့တာဖြစ်ပြီး နောက်ထပ် တစ်နာရီခန့်ကြာအောင်လည်း ဆက်လက် လှုပ်ခတ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လငလျင် ဟာ ဘာလို့ မြေငလျင်ထက် ပိုပြီး ကြာမြင့်ရတာလည်း ဆိုတော့ ရေကြောင့်ပါတဲ့။ ရေက လှုပ်နေတဲ့ အရာတွေ (ကျောက်လွှာ)တွေ ထိန်းချုပ်နိုင်လို့ပါ။(လပေါ်မှာ ရေမရှိတဲ့ အတွက်) လငလျင်ဟာ ပိုပြီး ကြာရတာဖြစ်ပါတယ်။ ဥပမာအနေနဲ့ တူရိယာတွေ အသံညှိတဲ့ ခက်ရင်းခွလေးတွေလိုမျိူး တစ်ချက်ထိလိုက်လို့ လှုပ်ခတ်သွားတာဟာ သူဟာသူ အရှိန်သေမသွားမချင်း လှုပ်ခတ်နေတဲ့သဘောပါ။ (ဂစ်တာကြိုးတစ်ချောင်းကို တီးလိုက်ပြီး လက်နဲ့မထိသရွေ့ ဆက်ပြီး လှုပ်နေတဲ့ သဘောပါပဲ)။

နိုင်ငံတစ်ချို့ရဲ့ အာကာသ လေ့လာရေးတွေကတော့ လ ရဲ့ အနာဂါတ်အတွက် စိုးရိမ်နေကြပါတယ်။ ခုလိုမျိုးတွေ လငလျင်လှုပ်ခတ်ပုံတွေဟာ သူရဲ့ ခံနိုင်ရည်ထက်ကျော်လွန်လာနိုင်တဲ့ အရိပ်အယောင် ရှိနေပါတယ်။ အခုလို နာရီချီပြီး ကြာတဲ့ လငလျင်ဟာ နောက်ပိုင်းမှာ လေထုမရှိတဲ့ လအဖို့ အမှုန်တွေနဲ့ပြည့်နေတဲ့ အတုယောင် လေထုကောင်းကင်ကြီးကိုတောင် ဖြစ်ပေါ်လာစေလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

Ref:Curiosity ” The Moon can quake,too”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top