ဖေ့စ်ဘွတ်ခ်ရဲ့လုံခြုံရေးပိုင်းဆိုင်ရာ ဖောက်ထွင်းခံရပြီး သုံးစွဲသူ သန်း ၅၀ ခန့်ကို ထိခိုက်သွားစေခဲ့

105408029-1534856426745gettyimages-962130594.600x337.jpeg

ဖောက်ထွင်းတိုက်ခိုက်သူ (Hacker) တွေဟာ စနစ်ရဲ့ လုံခြုံရေးစနစ်တွေကို ဖောက်ထွင်းပြီး သုံးစွဲသူ သန်း ၅၀ ခန့်ရဲ့ အချက်အလက်တွေ ခိုးယူသွားခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါတွေကို ပြီးခဲ့တဲ့ အဂါၤနေ့ (စက်တင်ဘာ ၂၅ ရက်နေ့က ) ကမှ သတိပြုမိခဲ့တာဖြစ်ပြီး ဒီအဖြစ်ကြောင့် ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံငွေဟာ ၃% လျော့ကျသွားခဲ့ပါတယ်။

“စုံစမ်းစစ်ဆေးမှုတွေတော့ စတင်လုပ်ဆောင်နေပါပြီ။ Hacker တွေက (View as) ဆိုတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုပြီး ဖောက်ထွင်းခဲ့တယ်လို့ ယူဆရပါတယ်။ (View as feature ဆိုတာက ကိုယ့်ရဲ့ Profile ပုံစံကို မိမိ မြင်ရတာက တစ်ပုံစံ၊ တခြားသူတွေ ဝင်ကြည့်တဲ့အခါ မြင်ရတာက တစ်ပုံစံ ဖြစ်အောင် ဖန်တီးထားပါ)။

Hacker တွေက ဒီအချက်ရဲ့အားနည်းချက်ကို အသုံးပြု ဖောက်ထွင်းပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ရယူခဲ့တာ ဖြစ်ပါတယ်” လို့ Facebook ရဲ့ ထုတ်ကုန် စီမံခန့်ခွဲရေး ဒုတိယ အမှုဆောင် အရာရှိ ဂိုင်းရိုဆန် (Guy Rosen) က သူရဲ့ ဘလော်ဂ့်မှာ ပြောဆိုခဲ့ပါတယ်။

အခုချိန်အထိတော့ နောက်ကွယ်က ဘယ်သူကြိုးကိုင်နေတယ် ဆိုတာကို မသိရသေးပါဘူး။ ဖေ့စ်ဘွတ်ခ်က ဒီကိစ္စကို ပြီးခဲ့တဲ့ သောကြာနေ့ကမှ တရားဝင်ကြေညာပြီး မီဒီယာတွေကို သိရှိစေခဲ့တာလည်း ဖြစ်ပါတယ်။

Refrence: Business Insider ” Facebook just announced it was hacked,and almost 50 million users have been affected”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top