Gym (အားကစားရုံ) တွေမှာ အမှတ်လွဲနေတဲ့အချက်တွေ

10-050345-11_ways_to_get_a_cheaper_gym_membership.jpg

ကျန်းမာရေးဆိုင်ရာအသိတွေနဲ့ အားကစားရဲ့အကျိုးကျေးဇူးတွေကို ပိုပြီးသိရှိနားလည်လာကြတာကြောင့် Gym သွားပြီးလေ့ကျင့်ခန်းလုပ်တဲ့အလေ့အထက ဒီနေ့ခေတ် မြို့ပြနေလူငယ်၊ လူကြီးတိုင်းနီးပါးအတွက် သာမန်ကိစ္စတစ်ခုလိုတောင်ဖြစ်နေပါပြီ။ အဲဒီလို နေ့စဉ်နဲ့အမျှ အားကစားရုံသွားတတ်သူတွေအတွက် သိထားခဲ့ပြီးသားလေ့ကျင့်ခန်းပုံစံတွေက အလုပ်မဖြစ်နိုင်တော့တာနဲ့ပတ်သက်ပြီး လေ့လာကြည့်စရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Sit-up (အိပ်ထမတင်လေ့ကျင့်ခန်း)

သင်က ၁၉၆၆ နဲ့ ၂၀၁၂ ကြားမှာ ကျောင်းသား/သူ အဖြစ် ဖြတ်သန်းခဲ့ဖူးတယ်ဆိုရင် ဒီလေ့ကျင့်ခန်းနဲ့ စိမ်းနေမှာမဟုတ်ပါဘူး။ အမေရိကမှာဆိုရင်တော့ လူငယ်တွေဟာ (စစ်မှုထမ်း ဥပဒေအရ) ကိုယ်ခန္ဓာတောင့်တင်းသန်မာဖို့အတွက် ငယ်စဉ်ကတည်းက လေ့ကျင့်ခန်းအဖြစ်ကစားကြတာဖြစ်ပါတယ်။ ပုံစံတွေများစွာ ပြောင်းလဲဆော့ကစားလာပေမဲ့လည်း အိပ်ထမတင်လေ့ကျင့်ခန်းဟာ ဝမ်းဗိုက်ပိုင်းကြံ့ခိုင်ဖို့အတွက် အကောင်းဆုံးလေ့ကျင့်ခန်း ဖြစ်နေဆဲပေမဲ့ ကျောရိုးနဲ့ ခါးနာကျင်မှု ပိုဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ၂၀၀၅ ခုနှစ်မှာ လေ့လာမှုတစ်ခုအရ ၅၆ % သောစစ်သားတွေဟာ အိပ်ထမတင် လေ့ကျင့်ခန်းကိုကစားစဉ်အတွင်း နံကားလာခြင်း (ခါး၏ ဘေးတစ်ဖက်တစ်ချက်) နှင့် အူကျခြင်းတွေကို ခံစားခဲ့ရတယ်လို့ဆိုပါတယ်။

 

ဒီအတွက် အစားထိုးလေ့ကျင့်ခန်းအနေနဲ့ အခုအချိန်မှာ အကောင်းဆုံးအဖြစ်မှတ်ချက်ပြုထားကြတဲ့ (Plank) ဆိုတဲ့လေ့ကျင့်ခန်းကို ကစားစေပါတယ်။ သူရဲ့ ပုံစံကတော့ ဒိုက်ထိုးလေ့ကျင့်ခန်းပုံစံအတိုင်း လက်ထောက်၊ ဝမ်းလျားမှောက်ပြီးတဲ့နောက် ကြမ်းပြင်ကို တံထောင်ဆစ်နဲ့ထောက်လိုက်ပြီး ခန္ဓာကိုယ်ကို အဖြောင့်အတိုင်း စက္ကန့် 30 ကနေ 120 အထိ တတ်နိုင်သလောက်နေရတာဖြစ်ပါတယ်။

(2) Static Stretching (အကြောလျော့လေ့ကျင့်ခန်း)

အားကစားရုံတော်တော်များများမှာတော့ သင့်ရဲ့ လေ့ကျင့်ရေးဆရာက အကြောလျော့ခိုင်းမှာပါပဲ။ အရင်တုန်းကသိထားတဲ့ Static Stretching လေ့ကျင့်ခန်းတွေဟာ အခုအချိန်မှာ သိပ်အလုပ်မဖြစ်တော့ပါဘူး။ အဲဒီလေ့ကျင့်ခန်းတွေက အကြောပြေလျော့စေတာမှန်ပေမဲ့ သင့်ရဲ့ ခွန်အားကိုတော့ လျော့ကျစေတယ်လို့ ဆိုပါတယ်။ အင်တိုက်အားတိုက်စတင်ကစားဖို့ကြိုးစားရာမှာ ကြွက်သားတွေဟာတုန့်ဆိုင်းကုန်တယ်လို့ဆိုပါတယ်။ ဒီလိုဆို သွေးပူလေ့ကျင့်ခန်းအနေနဲ့ အကြောမလျော့ရတော့ဘူးလား…

အကြောလျော့လေ့ကျင့်ခန်းနည်းလမ်းသစ်တွေဖြစ်တဲ့ Dynamic Stretching ကို စကြိုးစားလုပ်ဆောင်လိုက်ပါ။ အခုနောက်ပိုင်း တော်တော်များများကလည်း ဒီနည်းလမ်းတွေကိုညွှန်းလေ့ရှိပါတယ်။ သူကတော့ ကြွက်သားလှုပ်ရှားမှုသိပ်မရှိဘဲ သွေးပူခြင်းကိုသာ အဓိကဖြစ်စေမှာ ဖြစ်ပြီး ဆက်လုပ်ဆောင်မယ့်လေ့ကျင့်ခန်းတွေမှာ ကြွက်သားတွေကို ပိုခွန်အားရှိစေမှာပါ။ ဒီလိုညွှန်းဆိုလို့Static stretching နည်းလမ်းတွေက မကောင်းဘူးလို့ မဆိုလိုပါဘူး။ ပင်ပင်ပန်းပန်း ဆက်ပြီးလုပ်စရာမရှိဘူးဆိုရင်တော့ Static နည်းလမ်းတွေသုံးနိုင်ပါတယ်။

(3)Body Mass Index (BMI) (ကိုယ်အလေးချိန်စံချိန်စံညွှန်း)

BMI ဆိုတာ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်နဲ့ကိုအချိုးချပြီး အရပ်ဘယ်လောက်ရှည်ရင် ကိုယ်အလေးချိန်ဘယ်လောက်ရှိသင့်တယ်ဆိုတာကို ဖော်ပြပေးတဲ့ ကျန်းမာရေးဆိုင်ရာစံညွှန်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အယူအဆတွေကတော့ တော်တော်လေးလွဲမှားနေပါတယ်။ တကယ်တမ်းက ကိုယ်အလေးချိန်ဟာ အဆီကြောင့်ရော ကြွက်သားကြောင့်ရောဖြစ်နိုင်ပါတယ်။ အဆီထုတွေများပြားလွန်းလို့ သတ်မှတ် BMI ကိုကျော်လွန်နေတာဟာ ကျန်းမာရေးအတွက်မကောင်းပေမဲ့ ကြွက်သားတွေကြောင့်ကျော်လွန်နေတာကတော့ ကျန်းမာရေးအတွက်မကောင်းဘူးလို့ ယူဆလို့မရတော့ပါဘူး။

ဒီအတွက် ဘာကိုအစားထိုးလို့ရသလဲဆိုတော့ waist to hip ratio (ခါးနှင့်တင်ပဆုံ အချိုး) ကို သုံးလို့ရပါတယ်။ ဥပမာ သင်က ခါး (၃၆) တင်ပဆုံ (၄၀) ဆိုရင် အချိုးက (၀.၉) ရှိနေမှာဖြစ်ပြီး ဒါဟာ အဆီပါဝင်နှုန်း အနည်းငယ်များတဲ့အခြေအနေပါ။ ပုံတွေမှာကြည့်ပြီး သေချာတိုင်းထွာ လေ့လာကြည့်လို့ရပါတယ်။

Ref: Curiosity ”3 Things Gym class got wrong”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top