လက်သည်းကိုက်တတ်တဲ့အလေ့အကျင့်က ပြောတဲ့ စိတ်ဝင်စားစရာ အချက် (၅) ချက်

15-1-2021-yyl39.jpg

လက်သည်းကိုက်တဲ့အကျင့်ဟာ ငယ်ဘဝကတည်းက စခဲ့တာပါ။ အရွယ်ရောက်လာတဲ့အချိန်မှာ ဒီအကျင့်ပျောက်သွားတဲ့သူတွေရှိသလို ဒီအကျင့်ကို ဖျောက်ပစ်ဖို့ ခက်ခဲလို့ ကြီးတဲ့အထိ ပါလာတဲ့သူတွေလည်းရှိပါတယ်။ လက်သည်းကိုက်တာက မကောင်းတဲ့အလေ့အကျင့်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ လက်သည်းကိုက်တဲ့အကျင့်က သင်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်တချို့ကို ထုတ်ပြောပြနိုင်တယ်လို့ သိရပါတယ်။ လက်သည်းကိုက်တတ်တဲ့အကျင့်ရှိတဲ့သူတွေက

စေ့စပ်သေချာတဲ့သူ၊ အလုပ်ကြိုးစားတဲ့သူဖြစ်တယ်

လေ့လာချက်အရ လက်သည်းကိုက်တဲ့သူအများစုက ရည်မှန်းချက်ကြီးကြီးမားမားတတ်တဲ့သူတွေဖြစ်ပါတယ်။ သုတေသီတွေက လက်သည်းကိုက်တတ်တဲ့သူတွေနဲ့ မကိုက်တတ်တဲ့သူတွေကို တစ်ဝက်စီ အဖွဲ့ဖွဲ့ထားပြီး Survey ကောက်ခဲ့ကြတာပါ။ လက်သည်းကိုက်တဲ့သူတွေက ကိုယ့်ကိုယ်ကိုယ်ပြီးပြည့်စုံချင်ကြတဲ့၊ အလုပ်အရမ်းလုပ်ချင်ကြတဲ့ ပင်ကိုက်စရိုက်ရှိတဲ့ Type A အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

ထင်ထားတာထက် စမတ်ကျတဲ့သူဖြစ်တယ်

လက်သည်းကိုက်တဲ့သူတွေက ရည်မှန်းချက်ရောက်အောင် တစ်ယောက်တည်းကြိုးစားတတ်သူတွေဖြစ်ပါတယ်။ တချို့လူတွေက ပြဿနာတစ်ခုကို ဖြေရှင်းဖို့ကြိုးစားတဲ့အခါ အာရုံစိုက်ရတဲ့အတောအတွင်း လက်သည်းတွေကို ကိုက်တတ်ကြပါတယ်။

စိတ်မရှည်တဲ့သူဖြစ်တယ်

ငြီးငွေ့တာနဲ့ အားမလိုအားမရဖြစ်တာတွေက လက်သည်းကိုက်တတ်တဲ့အကျင့်ကို ဖြစ်လာစေပါတယ်။ အကျင့်ဖြစ်သွားတဲ့အခါ စိတ်မရှည်တဲ့အခါတိုင်း၊ အားမလိုအားမရဖြစ်လာတဲ့အခါတိုင်း လက်သည်းကိုက်တတ်လာပါတယ်။

ကိုယ့်ကိုယ်ကိုယ် မပျော်ရွှင်တဲ့သူဖြစ်နိုင်တယ်

လက်သည်းကိုက်တာက လူတွေကို ယာယီ စိတ်သက်သာစေနိုင်တဲ့ အလေ့အကျင့်တစ်ခုဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရည်မှန်းချက်ကြီးကြီးမားမားထားတဲ့ လက်သည်းကိုက်တတ်တဲ့သူတွေက သူတို့ရဲ့ရည်မှန်းချက်မရောက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံစိတ်ပျက်မိလာကြပါတယ်။

စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ဆက်စပ်နေတယ်

လက်သည်းကိုက်တာက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ဆက်စပ်နေနိုင်ပါတယ်။ တချို့လူတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမကောင်းတဲ့အခါ လက်သည်းကိုက်တတ်ကြပါတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေရှိတဲ့သူတိုင်း လက်သည်းကိုက်တတ်ကြတာတော့မဟုတ်ပါဘူး။

Ref: Brightside “5 Things Your Nail Biting Habit Can Reveal About You”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top