မကြာခဏ အများဆုံး အသုံးပြုသော မိတ်ကပ်ပစ္စည်းများတွင် အန္တရာယ်ရှိသော ရောဂါပိုးမွှားများ တွေ့ရှိရ

yyl-022-1.jpg

သုတေသန စမ်းသပ်ချက်များအရ မိမိ အမြဲတမ်းအသုံးပြုသော မိတ်ကပ် နှင့် အလှကုန် ပစ္စည်း ဆယ်မျိုး၌ ကိုးမျိုးတွင် အန္တရာယ်ရှိသော ရောဂါပိုးမွှားများ ရှိနေကြောင်းရှာဖွေတွေ့ရှိသည်။ United Kingdom, Birmingham ရှိ Aston University မှ ထုတ်ပြန်ခဲ့သော microbiology လေ့လာချက် စာစောင်တစ်ခုတွင် မိတ်ကပ် နှင့် အလှကုန် ပစ္စည်းများ ဖြစ်သည့် နှုတ်ခမ်းနီ၊ နှုတ်ခမ်းအဆီ၊ မျက်တောင်ကော့ဆေး၊ မျက်ခွံအရောင်ဆိုးဆေး အစရှိသည့် အလှကုန် ပစ္စည်း ၄၆၇ မျိူးတို့ အပေါ် စစ်ဆေးစမ်းသက်ရာ ထိုပစ္စည်းများထဲတွင် E.coli၊ Staphylococcus နှင့် Fungus ဟုခေါ်သည့် ရောဂါပိုးမွှားများ နှင့် မှိုများတည်ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။

ရောဂါပိုးမွှားများကို beauty blender များတွင် အဆိုးရွားဆုံး နှင့် အများဆုံးတွေ့ရှိခဲ့ကြသည်။ ယင်း beauty blender များတွင် Staphylococcus ဟုခေါ်သည့် ပိုးမွှားများ ၇၂%၊ E.coli ဟုခေါ်သည့် ပိုးမွှားများ ၂၅% နှင့် ၅၇%သော မှိုများတွေ့ရှိရသည်။

သိပ္ပံပညာရှင်များက သန့်ရှင်းမှုမရှိသော ရေချိူးခန်း အသုံးပြုမှုပုံစံကြောင့် ၉၃% သော ပစ္စည်းများသည် ပုံမှန်သန့်စင်ပေးခြင်း မရှိခြင်း၊ ၆၄%သော ပစ္စည်းများသည် အောက်သို့ကျခြင်း နှင်း ဖုန်တက်ခြင်းတို့ကြောင့် သာမန် မျက်စိဖြင့် မမြင်ရသော ပိုးမွှားများ ပေါက်ဖွားရန် အားပေးနေခြင်းဖြစ်သည်။

မိတ်ကပ် နှင့် အလှကုန် ပစ္စည်းများဖြစ်သည့် mascaras တွင် Staphylococcus ဟုခေါ်သည့် ပိုးမွှားများ ၆၉% ပါဝင်ပြီး၊ eyeliners တွင် ၇၇% ပါဝင်သည်။ ၃၇% သော နှုတ်ခမ်းနီများ၊ နှုတ်ခမ်းအဆီများတွင် မှိုများရှိနေတတ်သည်။ ထို သာမန်မျက်စိဖြင့် မမြင်နိုင်သော ရောဂါပိုးများ နှင့် မှိုများကြောင့် အရေပြား၊ မျက်လုံး နှင့် နှုတ်ခမ်းတို့တွင် အနာစက်များ ဖြစ်ပေါ်ခြင်း။ မျက်စိနာခြင်း နှင့် သွေးအဆိပ်သင့်ခြင်းများ ဖြစ်ပေါ်တတ်သည်။

ထို့ကြောင့် စာဖတ်သူ ပျိုမေများ အထူးသတိပြုကြရန်၊ ပစ္စည်းများကို သန့်ရှင်းစွာ အသုံးပြုရန်၊ ထားသိုရန် နှင့် expire date များ မဝယ်ယူခင် သေချာကြည့်ရန် တိုက်တွန်းလိုက်ပါသည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top