တစ်နေ့ကို Mask (၂၅၀,၀၀၀) ထုတ်လုပ်နိုင်ဖို့အတွက် စက်ရုံတစ်ရုံကို ပေကျင်းမြို့မှာ ဆောက်လုပ်နေ

yyl-020-9.jpg

ကိုရိုနာဗိုင်းရပ်စ်အသစ်ပျံ့နှံ့မှုကြောင့် ဝယ်လိုအားများလာတဲ့အတွက် ကမ္ဘာအနှံ့အပြားမှာ Mask တွေပြတ်လပ်မှုရှိနေပါတယ်။ အဲဒီလိုအခြေအနေကြောင့် တစ်နေ့ကို Mask ထောင်ပေါင်းများစွာ ထုတ်လုပ်နိုင်ဖို့အတွက် စက်ရုံတစ်ရုံကို ရက်အနည်းငယ်နဲ့ ဆောက်လုပ်သွားတော့မှာဖြစ်ပါတယ်။

ပေကျင်းမြို့မှာ စက်မှုလုပ်ငန်းဆိုင်ရာအဆောက်အဦးတစ်ခုကို Mask ထုတ်လုပ်တဲ့စက်ရုံတစ်ခုအဖြစ် (၆) ရက်တည်းနဲ့ ပြောင်းလဲပစ်မှာဖြစ်ပါတယ်။ ဒါမှ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် Mask ပြတ်လပ်မှုအခြေအနေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ အဲဒီစက်ရုံက တစ်နေ့ကို Mask (၂၅၀,၀၀၀) ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ Mask ထုတ်လုပ်တဲ့စက်ရုံအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်ဆောက်လုပ်နေတာဖြစ်ပါတယ်။

အလုပ်သမားတွေက ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ စက်ရုံပြီးစီးဖို့အတွက် အလှည့်ကျ အလုပ်ဆင်းနေကြရပါတယ်။ အလုပ်သမားတွေကို ရောဂါကူးစက်ခံရမှုကနေ ကာကွယ်ဖို့အတွက် ဆောက်လုပ်ရေးကုမ္ပဏီက နေ့တိုင်း အပူချိန်တိုင်းသွားမှာဖြစ်ပြီး ရောဂါလက္ခဏာတွေ့ရတဲ့သူတွေကို လူနေထိုင်ရာနေရာနဲ့ဝေးရာ အခန်းမှာ ထားရှိမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်သစ်ကို ရင်ဆိုင်နေရတဲ့အတွက် Mask တွေကို ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ ရောဂါထိန်းချုပ်တဲ့သူတွေနဲ့ ပြည်သူတွေက အရမ်းကို လိုအပ်နေကြရပါတယ်။

တရုတ်နိုင်ငံက Mask ဘယ်လောက်လိုအပ်နေသလဲ

တရုတ်နိုင်ငံက တစ်နေ့ကို mask သန်းချီလိုအပ်တယ်လို့ ခန့်မှန်းချက်တွေအရ သိရပါတယ်။ တစ်နေ့ကို mask (၂၅၀,၀၀၀) ထုတ်လုပ်ရရင်တောင် လိုအပ်တဲ့နေရာတွေရှိနေတုန်းမှာဖြစ်ပါတယ်။ ဟူပိုင်ပြည်နယ်ရဲ့အခြေအနေက သေရေးရှင်းရေးဖြစ်နေပါတယ်။ ဟူပိုင်ပြည်နယ်မှာ ဆေးဘက်ဆိုင်ရာဝန်ထမ်း (၅၀၀,၀၀၀) ရှိတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ဆေးဘက်ဆိုင်ရာက အကြံပြုချက်က Mask ကို တစ်နေ့ (၄) ကြိမ် ပုံမှန်လဲပေးဖို့ပါပဲ။ ဒီအဖွဲ့တစ်ခုအတွက် တစ်နေ့ကို Mask (၂) သန်းလိုအပ်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးမှာ အလုပ်လုပ်နေကြတဲ့ ဝန်ထမ်း သန်းတစ်ဝက်ကျော်ကိုလည်း Mask အသုံးပြုဖို့ ပြောထားပါတယ်။

ပုံမှန်အခြေအနေမှာဆိုရင် တရုတ်က တစ်နေ့ကို Mask သန်း (၂၀) ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ လက်ရှိမှာတော့ တရုတ်ထုတ်လုပ်ရေးလုပ်ငန်းတွေက ဗိုင်းရပ်စ်အန္တရာယ်ကြောင့် အလုပ်လုပ်ချိန်ကို ပြောင်းလဲထားတဲ့အတွက် Mask (၁၀) သန်းဝန်းကျင်ကို လျော့ချပစ်ခဲ့ပါတယ်။ လက်ရှိမှာ တရုတ်က တစ်နေ့ကို အရည်အသွေးမြင့် N95 mask (၆၀၀,၀၀၀) ဝန်းကျင်ကို ထုတ်လုပ်ထားတယ်လို့ စက်မှုဝန်ကြီးဌာနအရ သိရပါတယ်။ တစ်နေ့ကို Mask (၂၅၀,၀၀၀) ထုတ်လုပ်တဲ့အတွက် အခြားနိုင်ငံတွေကို ထောက်ပံ့ပေးဖို့အတွက် မလုံလောက်တဲ့အတွက် လိုအပ်ချက်တွေနဲ့ ကြုံတွေ့နေရမှာပါပဲ။

Ref: Beijing to build factory in 6 days to make 250,000 masks per day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top