ပျားရည်စစ်မစစ် စမ်းသပ်ကြည့်ကြမယ်

yyl-015-9.jpg

ပျားရည်က ကျွန်တော်တို့ခန္ဓာကိုယ်အတွက် ဆေးစွမ်းတစ်လက်ဆိုလည်း မမှားပါဘူး။ အန်တီအောက်စီဒန့်ဓာတ် ကြွယ်ဝတဲ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ကောင်းကျိုးတွေ၊ ကုသပေးနိုင်တဲ့ဂုဏ်သတ္တိ တွေပါဝင်ပါတယ်။ ဒါ့အပြင် ပျားရည်က အအေးမိချောင်းဆိုးတာ၊ လည်ချောင်းနာတာတွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိတဲ့အတွက် ပျားရည်ကို ကျွန်တော်တို့တွေ နေ့စဉ်စားသုံးပေးသင့်ပါတယ်။

ဒါပေမဲ့ သဘာဝပျားရည်အစစ်လို့ ရေးထားတဲ့ပျားရည်ကို တွေ့ရင်တောင် ပျားရည်က စစ်မစစ်မသေချာပါဘူး။ ကောင်းကျိုးများစွာပါဝင်တဲ့ ပျားရည်ရဲ့ အရည်အသွေးက ကောင်းမကောင်း ကျွန်တော်တို့တွေသိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေကို ပျားရည်စစ်မစစ်သိရအောင် စမ်းသပ်လို့ရတဲ့ ရိုးရှင်းတဲ့နည်းတွေကို မျှဝေပေးလိုက်ရပါတယ်။

ရှာလကာရည်နဲ့ စမ်းသပ်နည်း

ပျားရည်စစ်မစစ်စမ်းသပ်တဲ့နေရာမှာ ရှာလကာရည်ကလည်း အကူအညီဖြစ်ပါတယ်။ ပျားရည်နဲ့ ရှာလကာရည်ကို ရောစပ်ကြည့်တာကလည်း ပျားရည်စစ်မစစ်သိနိုင်တဲ့ လွယ်ကူတဲ့နည်းတစ်ခုပါပဲ။ ပျားရည်အစက်အနည်းငယ်နဲ့ ရှာလကာရည်တို့ကို ရောစပ်ကြည့်လိုက်ပါ။ အဲဒီအရောအနှောက အမြှုပ်တွေထလာတယ်ဆိုရင် ပျားရည်မစစ်ဘူးဆိုတဲ့လက္ခဏာရပ်ပါပဲ။

အပူပေးစမ်းသပ်နည်း

ပျားရည်စစ်မစစ်သိချင်ရင် မီးအပူပေးပြီး စမ်းသပ်လို့ရပါတယ်။ ဒီနည်းနဲ့ စမ်းသပ်ဖို့ဆိုရင် ပျားရည်ထဲကို ဝါဂွမ်းစနစ်လိုက်ပြီး မီးညှိကြည့်ပါ။ အဲဒီဝါဂွမ်းစ မီးလောင်ကျွမ်းရင် ပျားရည်ရဲ့အရည်အသွေးကောင်းတယ်ဆိုတဲ့ လက္ခဏာပါပဲ။ အရောနှောပါတဲ့ပျားရည်က အချဉ်ဖောက်ထားတာကြောင့် ဝါဂွမ်းစကို အလွယ်တကူမလောင်ကျွမ်းနိုင်ပါဘူး။

ရေနဲ့ စမ်းသပ်နည်း

ပျားရည်စစ်မစစ်သိချင်ရင် နောက်ထပ်ရိုးရှင်းပြီးလွယ်ကူတဲ့ နည်းရှိပါတယ်။ အဲဒါကတော့ ရေနဲ့စမ်းသပ်ကြည့်တာဖြစ်ပါတယ်။ အရည်အသွေးကောင်းတဲ့ပျားရည်ရဲ့ဂုဏ်သတ္တိတွေက ရေမှာ အလွယ်တကူမပျော်ဝင်နိုင်ပါဘူး။ ရေမှာပျော်ဝင်ဖို့ဆိုရင် အားစိုက်ဖို့တော့လိုပါတယ်။

Ref: Are you consuming pure honey? Do these 3 tests to confirm the quality

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top