မိုးရာသီမှာ ဒီလိုနည်းလမ်းလေးတွေနဲ့ ဆံကေသာထိန်းသိမ်းရအောင်

rain-on-umbrella-P4W4QF7.jpg

Rain drops falling from a black umbrella concept for bad weather, winter or protection

ဘာလိုလိုနဲ့ မိုးရာသီကိုတောင် ရောက်လာပြန်ပါပြီ။ အားလုံးသိကြတဲ့အတိုင်းပဲ မိုးရာသီဆိုတာ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေအလွယ်တကူ ကပ်တတ်ပြီး မိုးစက်၊ မိုးပေါက်တွေကြောင့် ဗောက်နဲ့ သန်းတို့အလျင်အမြန်ဖြစ်စေနိုင်တဲ့ ရာသီမျိုးပါ။

မိုးရေစိုပြီး အိမ်ပြန်ရောက်လာတဲ့အခါတိုင်း ခေါင်းလျော်နေရတာမျိုးမဟုတ်တောင် တစ်ရက်ခြားတစ်ခါ၊ တစ်ပတ်သုံးခါလောက်တော့ ခေါင်းလျှော်ရတတ်ပါတယ်။

မုတ်သုံရာသီဥတုဖြစ်တဲ့အတွက် လေထုထဲမှာ အောက်ဆီဂျင်ဓာတ်နည်းပါးလာပြီး လေထုစိုထိုင်းလာတာကြောင့် ဆံကေသာအတွက်လိုအပ်တဲ့ ထိန်းသိမ်းမှုတွေပြုလုပ်ပေးဖို့ လိုအပ်လာတာလည်း ဖြစ်ပါတယ်။ စိုထိုင်ခြင်းက ဆံသားကိုအလျင်အမြန် ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မိုးရာသီမှာ ဆံကေသာကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေထက်ပိုပြီး ဂရုတစိုက် ထိန်းသိမ်းပေးသင့်ပါတယ်။ ဒါကြောင့်မို့ မိုးရာသီမှာ ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဆံကေသာထိန်းသိမ်းသင့်တယ်ဆိုတာကို ရိုးရာလေးပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆံပင် အခြောက်ခံပါ

မိုးရာသီမှာ အပြင်မထွက်ခင် ဆံသားကိုခြောက်သွေ့အောင် ပြုလုပ်ထားသင့်ပါတယ်။ အနည်းဆုံးတော့ ပဝါလေးနဲ့ ခြောက်အောင်သုတ်ပြီးမှ အပြင်ထွက်ပါ။ ဆံပင်မခြောက်သေးပဲနဲ့လည်း ဘီးမဖြီးသင့်ပါဘူး။

၂။ ဆံပင်ပုံစံ

မိုးရာသီမှာတော့ ဆံပင်ပုံစံအသစ်တွေထက် ဆံပင်မြင့်မြင့် စည်းထားတာဖြစ်ဖြစ်၊ ဒီတိုင်းချထားတာပဲဖြစ်ဖြစ်၊ နောက်တွဲဆံထုံး ထုံးထားတာမျိုးနဲ့ ကျစ်ဆံမြီးကျစ်ထားတာမျိုးလောက်ပဲ ပြုလုပ်သင့်ပါတယ်။ ဖြစ်နိုင်မယ်ဆို အညစ်အကြေး အလွယ်တကူတင်စေနိုင်တဲ့ ဂျယ်လ် (gel)၊ ဖယောင်းဆီ (သို့) ဆံသားအလှကုန်တွေလိမ်းတာကိုလည်း ရှောင်စေချင်ပါတယ်။

၃။ သံလွင်ဆီနဲ့ ရှားစောင်းလက်ပတ်

သံလွင်ဆီနဲ့ ရှားစောင်းလက်ပတ် အရောအနှောကို ဆံပင်အရင်းပိုင်းအထိလိမ်းပြီး နှိပ်နယ်ပေးပါ။ ပြီးရင် မိနစ် (၂၀) လောက် ပေါင်းထားလိုက်ပါ။ အဲဒါက မိုးရာသီမှာ ဆံသားအားဖြည့်ပေးတဲ့ အကောင်းဆုံးပေါင်းတင်ဆီပါပဲ။

၄။ တစ်ပတ် နှစ်ကြိမ်ခေါင်းလျှော်ပါ

ဆံပင်မရှုပ်စေဖို့၊ ဖြီးရလွယ်ကူစေဖို့နဲ့ မစေးကပ်နေစေဖို့အတွက် တစ်ပတ်နှစ်ကြိမ်လောက်တော့ ခေါင်းလျှော်ပေးပါ။ အညစ်အကြေးတွေအလွယ်တကူ ကပ်ငြိနိုင်တဲ့ရာသီဥတုဖြစ်တာကြောင့် မိုးရေထိပြီး ခေါင်းလျှော်ရပျင်းနေမယ်ဆို ဗောက်နဲ့ ဒက်တို့လိုမျိုး ဦးရေပြားပြဿနာတွေကိုပါ အလွယ်တကူဖြစ်လာစေနိုင်ပါတယ်။

၅။ ပူစီနံရွက်နဲ့ ပေါင်းတင်ပါ

ပူစီနံရွက်ကိုချေပြီး ပေါင်းတင်တာကလည်း မိုးရာသီမှာ သင့်ဆံသားအတွက် အထူးကောင်းမွန်ပါတယ်။ ပူစီနံရွက်တွေကို ကျိတ်စက် (blender) ထဲရောမွှေပြီး ရလာတဲ့အရောအနှောကို ရေ (၂) ဆပြန်ရောပေးပါ။ ပြီးရက်တော့ ဆံသားပေါ်မိနစ် (၂၀) ကြာပေါင်းတင်ထားပြီး ရေအေးအေးလေးနဲ့ ပြန်ဆေးချလိုက်ပါ။

Ref: Pinterest “Top tips for hair care home for the rainy season”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top