မိုးတွင်းကာလမှာ ဆံသား ထိန်းသိမ်းနည်း (၅) ချက်

16-7-2020-yyl-030.jpg

မိုးရာသီလည်း ရောက်နေပြီဆိုတော့ ဆံသားတွေကို ဂရုစိုက်ထိန်းသိမ်းဖို့ လိုပါတယ်နော်။ မိုးရာသီက ဆံသားရဲ့အလှတရားတွေကို ဖုံးကွယ်ပစ်တဲ့အပြင် ဆံသားတောက်ပြောင်မှု တွေကိုလည်း အဝေးကို ယူဆောင်သွားကြပါတယ်။ မိုးရာသီက သင့်ဆံသားကို ပျော့ခွေသွားစေပြီး ပုံမကျပန်းမကျဖြစ်စေတယ်ဆိုတာကို သိကြမှာပါ။ လေထဲမှာ စိုစွတ်မှုပမာဏမြင့်မားတဲ့အတွက် ဆံသားတွေက ကျစ်လိမ်ကောက်ကွေးနေတတ်ပါတယ်။ သင့်ဆံသားတွေကို အဲဒီလိုဖြစ်အောင် မိုးရာသီကို ခွင့်ပြုမပေးထားပါနဲ့နော်။ မိုးရာသီမှာ ဖြစ်တတ်တဲ့ ဆံသားပြဿနာတွေကို ဒီဆံသားထိန်းသိမ်းနည်း (၅) ချက်နဲ့ ဖြေရှင်းကြည့်ကြရအောင်..။

၁ မိုးရာသီကာလမှာ ဆံသားနဲ့ဦးရေပြားသန့်ရှင်းအောင်ထားဖို့ အရေးကြီးပါတယ်။ သင့်ဆံသားအမျိုးအစားနဲ့ သင့်တော်တဲ့ ခေါင်းလျှော်ရည်ကောင်းကောင်းနဲ့ သင့်ဆံသားနဲ့ဦးရေပြားကို သေချာသန့်စင်ပေးပါ။ ဆံသားကို အာဟာရဓာတ်နဲ့ ရေဓာတ်ဖြည့်ပေးတဲ့ ပျော့ဆေးသုံးဖို့ကိုလည်း မမေ့ပါနဲ့နော်။

၂ မိုးရာသီအတွင်းမှာ ပုံမှန် ဆံပင်ညှပ်ပေးသင့်ပါတယ်။ ဆံသားတိတာ၊ ညှပ်တာက သင့်စတိုင်ကို ပြောင်းလဲသွားစေတဲ့အပြင် ဆံပင်နှစ်ခွဖြစ်တာနဲ့ ခြောက်သွေ့တာတွေကို ဖယ်ရှားပေးဖို့အတွက် ကူညီပေးရာလည်းရောက်ပါတယ်။

၃ မိုးရာသီမှာ စိုစွတ်မှုနှုန်းမြင့်မားတာက သင့်ဆံသားကို ကျစ်လိမ်ကွေးကောက်စေနိုင်ပါတယ်။ ခေါင်းလျှော်ပြီးသွားရင် ဆံသားခြောက်သွားဖို့အတွက် ဆံခွေကို မထိခိုက်စေတဲ့ နူးညံ့တဲ့တဘတ်ကို အသုံးပြုပေးပါ။ တဘက်နဲ့ခြောက်အောင်လုပ်ထားတဲ့ ဆံသားကို ထိုးထိုးထောင်ထောင်မဖြစ်အောင် Hair Serum လိမ်းပေးနိုင်ပါတယ်။

၄ မိုးရာသီအတွင်း ဆံပင်တွေ ရှုပ်ထွေးပြီး ကျစ်လိမ်ကောက်ကွေးမနေဖို့အတွက် ဆံပင်ပုံစံရွေးချယ်ဖန်တီးကြည့်လို့ရပါတယ်။ ဒီရာသီအတွက် လိုက်ဖက်တဲ့ ဆံပင်စတိုင်တချို့ကတော့ ဆံပင်ကို မြှောက်ပြီး စုစည်းတာ၊ ဆံထုံးလှလှလေး ထုံးတာ၊ ကျစ်ဆံမြီးကျစ်တာတွေပါပဲ။

၅ အပြင်ထွက်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ရောဂါမကူးစက်အောင် ကာကွယ်သင့်သလို ဆံပင်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ဆံသားစိုမသွားဖို့အတွက် မိုးကာ၊ ထီး၊ ဦးထုပ်တို့ကို ဆောင်ထားသင့်ပါတယ်။ တကယ်လို့ မိုးမိသွားမယ်ဆိုရင် ဆံသားခြောက်သွေ့အောင်လုပ်ဖို့အတွက် သင့်အိတ်ထဲမှာ တဘက်ဆောင်ထားလို့ရပါတယ်။

Ref: Five rules of hair care for the rainy season

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top