ယုံကြည်မှုသာမက ဆွဲဆောင်မှုပါပိုလာစေဖို့ ပျိုမေတို့လိုက်နာသင့်တဲ့အချက်တွေ

e2bb57644ae943febc5504f201b181eb.jpg

“အလှတရား” ဆိုတာဘာပါလိမ့်…အရေပြားပေါ်မှာပဲရှိနေတဲ့အရာလား…မဟုတ်ပါဘူး။ တကယ်တော့ အကြင်နာတရားနဲ့ အသိတရားကင်းမဲ့နေတဲ့အခါ အလှအပဆိုတာဟာအချည်းနှီးသတ်သတ်ပါ။ ဒါပေမဲ့ တစ်ခါတလေကျတော့လည်း ကိုယ့်ပတ်ဝန်းကျင်အသိုင်းအဝိုင်းကြားမှာ ကျော့ရှင်းလှပပြီးထင်ပေါ်နေမှုကို လိုချင်တတ်ကြပြန်ပါတယ်။

ဒါကြောင့် အမြဲကျော့ရှင်းလှပနေဖို့အတွက် နည်းကောင်းလေးတွေပြောပြပေးပါရစေ။ ကိုယ်တိုင် လက်တွေ့ လုပ်ဆောင်နေတဲ့သူတွေက အကြံပြုထားတဲ့ Tip တွေလည်းဖြစ်လို့ အကျိုးရှိထိရောက်စေမယ်ဆိုတာကို လုံးဝသံသယဖြစ်နေစရာမလိုပါဘူး… ကြည့်လိုက်ကြရအောင်ပါ။

(၁) လေ့ကျင့်ခန်းလုပ်

နေမထွက်ခင် ခပ်စောစောအချိန် အပြေးလေ့ကျင့်ခန်းလုပ်တာမျိုးပေါ့။ မနက်ခင်း လေညင်းလေးတွေကို ရှုရှိုက်ရတာကလည်း လူကို တစ်နေ့တာလုံးလန်းဆန်းနေစေမှာပါ။ အချိန်ရရင်တော့ Gym သွားတာက ပိုကောင်းပါတယ်။

(၂) နေလောင်ဒဏ်မခံမိစေနဲ့

နေရောင်ခြည်ဆိုတာက လိုတာထက်ပိုရရင် အရေပြားကိုရင့်ရော်သွားစေလို့ နေပူထဲသွားခါနီးတိုင်း sunblock or sunscreen တစ်ခုခုကိုအမြဲလိမ်းသွားသင့်ပါတယ်။ အရေပြားကျန်းမာရေးအတွက် Omega Fatty acids ပါဝင်တဲ့ အားဆေးတွေလည်းစားနိုင်ပါတယ်။

(၃) သကြားနဲ့ကဖိန်းဓာတ် ရှောင်

ကဖိန်းဓာတ်ဟာ ရေဓာတ်ခမ်းခြောက်စေပြီး အရေပြားကိုခြောက်သွေ့စေသလို သကြားကလည်း ခန္ဓာကိုယ် အတွက် ဘယ်လိုမှအသုံးမဝင်တဲ့အရာတစ်ခုဖြစ်တာကြောင့် နှစ်မျိုးလုံးကို လုံးဝတာ့တာပြလိုက်ပါ။

(၄) အုန်းရည်သောက်

အုန်းရည်ကိုသောက်တဲ့အပြင် မျက်နှာသစ်ရာမှာလည်း သုံးလို့ရပါတယ်။ မျက်နှာကို ဆယ်မိနစ်လောက် အုန်းရည်နဲ့ ဆွတ်ပြီး ပွတ်သပ်လိုက်ပြီး ရေနဲ့ဆေးချလိုက်ရင် ချောမွေ့တောက်ပြောင်နေတဲ့ မျက်နှာပြင်လေးကို ရရှိသွားမှာဖြစ်ပါတယ်။

(၅) မျှမျှတတစားသောက်ပြီး ရေဓာတ်ပြည့်ဝနေပါစေ

မနက်စာနဲ့ နေ့လယ်စာကို လုံလောက်အောင်စားပြီး ညစာကိုလျော့ချဖို့ကတော့ သိနှင့်ကြပြီးပြီထင်ပါတယ်။ ညဘက်ဆာလာတဲ့အခါ အစေ့အဆန်နဲ့ မုန်လာဥနီလောက်သာစားပါ။ ည (၉) နာရီနောက်ပိုင်းမှာ အစာစားတဲ့ အကျင့်ကို ဖျောက်ပစ်ပါ။ ကိုယ်စားတဲ့ပမာဏကို တဖြည်းဖြည်းချင်းပဲလျော့သွားပါ။ အလျင်မလိုသင့်ပါဘူး။ တစ်ရက်ကို ရေသုံးလီတာသောက်ပါ။ သခွားသီး၊ ချင်းနဲ့ သံပုယိုသီးစိပ်လေးတွေကလည်း ရေဓာတ်ဖြည့်ပေးနိုင် ပါတယ်။

(၆) အိပ်ရေးဝအောင်အိပ်

စိတ်ရောလူပါ လန်းဆန်းကြည်လင်နေဖို့က အိပ်ရေးဝမှဖြစ်မှာပါ။ ညဉ့်နက်သန်းခေါင်ထိ online လင်းဆွဲ လုပ်မနေ သင့်ပါဘူး။

(၇) ဆံသားဂရုစိုက်ထိန်းသိမ်းမှုမှန်မှန်လုပ်ပါ

ဆံပင်ကောက်သူဖြစ်ဖြစ်၊ ဖြောင့်သူပဲဖြစ်ဖြစ် ပင်ကိုယ်ဆံသားအရောင်ကိုပဲ ပိုပြီးလှပလာအောင်ဖန်တီးသင့် ပါတယ်။ တကယ်လို့ အရောင်တစ်မျိုးမျိုးဆိုးဖို့ စိတ်ကူးမိရင်လည်း ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် အရောင်ကို ဂရုစိုက်ရွေးချယ်သင့်ပါတယ်။

(၈) အလှကုန် Brandတစ်မျိုးတည်းပဲ သတ်သတ်မှတ်မှတ်သုံးပါ

သူငယ်ချင်းတွေညွှန်းသမျှ Brand အစုံကိုလိုက်စမ်းမသုံးပါနဲ့။ အန္တရာယ်များပါတယ်။ ကိုယ်နဲ့တည့်တဲ့ Brand တစ်ခု ကို စိစစ်ရွေးချယ်ပြီးသုံးတာက အကောင်းဆုံးပါ။

(၉) ကိုယ့်မှာရှိနေတဲ့ အပြစ်အနာအဆာတချို့ကိုလက်ခံပါ

ဘယ်သူမှ ခြောက်ပြစ်ကင်းသဲလဲစင်ရုပ်ရည်ကို ပိုင်ဆိုင်မထားပါဘူး။ ကိုယ်ထင်နေတဲ့ အပြစ်အနာအဆာ ဆိုတာ လေးတွေက တခြားသူတွေအမြင်မှာ ဆွဲဆောင်မှုရှိတဲ့အရာလေးတွေ ဖြစ်နေတတ်ပါတယ်။ တွေးပူမနေပါနဲ့ အေးဆေးပါ။

(၁၀) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု

ငါ ဒါကို ပြောနိုင်၊ လုပ်နိုင်ပါ့မလားလို့ ယောင်လို့တောင်မတွေးပါနဲ့။ ယုံကြည်မှုရှိနေရင် ဘယ်ကိစ္စမဆို စွမ်းဆောင် နိုင်မှာပါ။ ဒါကြောင့် ယုံကြည်မှုရှိရှိနဲ့ တွေးပါ၊ ပြောပါ၊ ပြုမူဆောင်ရွက်ပြီး အားလုံးကို လွှမ်းမိုးပစ်လိုက်ပါ။

အခုပြောပြတဲ့နည်းလေးတွေကြောင့် ကျန်းမာလှပပြီး လူပုံအလယ်မှာ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းနိုင်တဲ့ မိန်းမလှလေးတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Ref: justbeingfab
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top