နော်တြာဒိမ်းဘုရားကျောင်းပြန်လည်တည်ဆောက်ဖို့အတွက် ဒီဇိုင်းပြိုင်ပွဲမှာ တရုတ်လူမျိုးဒီဇိုင်နာတွေ အနိုင်ရရှိ

20190807_notre-dame-design_Instagram.jpg

ပြင်သစ်နိုင်ငံက နော်တြာဒိမ်းကတ်သလစ်ဘုရားကျောင်းကို ပြန်လည်တည်ဆောက်မယ့် ဒီဇိုင်းပြိုင်ပွဲတစ်ခုမှာ ချန်ပီယံဆုကို Paris Heart Beat ဆိုတဲ့ ဒီဇိုင်းနာမည်နဲ့ တရုတ်လူမျိုးဒီဇိုင်းနာနှစ်ဦးက ရရှိသွားခဲ့တယ်လို့သိရပါတယ်။

ဒီပြိုင်ပွဲကို GoArchitect က ကြီးမှူးကျင်းပတာဖြစ်ပြီး (၅၆) နိုင်ငံကနေ အဆိုပြုချက် (၂၂၆) ခုလက်ခံရရှိခဲ့ပြီး ပြိုင်ပွဲကျင်းပနေစဉ်အတွင်း လူ (၃၀၀၀၀) ကျော်ကလည်း မဲပေးခဲ့ပါတယ်။ လက်ရှိ ကျိုင်ဇီယု (Cai Zeyu) နဲ့ လီစီပိုင် (Li Sibei) ဆိုတဲ့ ဒီဇိုင်းနာနှစ်ယောက်လုံးက အမေရိကန်နိုင်ငံ၊ ချီကာဂိုက Skidmore, Owings & Merrill Foundation မှာ အလုပ်လုပ်နေကြတာပါ။ သူတို့တွေက Tsinghua University နဲ့ Beijing University of Technology တွေကနေ အသီးသီး ဘွဲ့ရရှိထားသူတွေလည်းဖြစ်ပါတယ်။

သူတို့ ဒီဇိုင်း Paris Heart Beat ရဲ့ အသားပေးဖော်ပြထားတဲ့အရာသုံးခုက Paris Time Capsule, City Kaleidoscope နဲ့ Mirror Roof တို့ဖြစ်ပါတယ်။ Time Capsule ကို ဒီဇိုင်းလုပ်ဖို့အတွက် နှလုံးခုန်သံလို သံလိုက်ဓာတ်နဲ့ အပေါ်မြင့်တက်စွမ်းအားနည်းပညာကို အသုံးပြုထားပါတယ်။ ဒါကြောင့်မို့ ဒီဇိုင်းနာမည်ကိုက Paris Heart Beat ဖြစ်ရတာပါ။ City Kaleidoscope ကိုဖန်တီးပြီး တာဝါမှာ မှန်ရဲ့အလင်းပြန်ခြင်းအကူအညီနဲ့ လူတွေက အတွင်းကနေ တံခါးပေါက်တွေ ကြွတတ်လာတာကို မြင်တွေ့ရနိုင်မှာဖြစ်ပါတယ်။

“နော်တြာဒိမ်းဘုရားကျောင်းက ပါရီမြို့ရဲ့သမိုင်းမှာတော့ နှစ်ပေါင်း (၈၀၀) ကျော်ပါပြီ။ မီးလောင်မှုကနေ ပြန်လည်ရှင်သန်လာခဲ့တာပါ။ Paris Heart Beat က ပြန်လည်မွေးဖွားရှင်သန်လာမယ့် မျှော်လင့်ချက်တွေကို သယ်လာပါပြီ” လို့ ကျိုင် နဲ့ လီတို့က ဆိုပါတယ်။

နော်တြာဒိမ်းကတ်သလစ်ဘုရားကျောင်းက ဧပြီလက မီးလောင်ကျွမ်းခဲ့ပြီးကတည်း ပြန်လည်တည်ဆောက်ဖို့အတွက် အပြိုင်အဆိုင်ပြောဆိုမှုတွေရှိခဲ့ပါတယ်။ ပြင်သစ်လူမျိုးဥပဒေပြုရေးအမတ်တွေကနော်တြာဒိမ်းကို ပြန်လည်တည်ဆောက်ဖို့အတွက် ပြီးခဲ့တဲ့လကမှ အတည်ပြုပေးခဲ့ကြတာပါ။

ကျိုင် နဲ့ လီတို့အပြင် ကနေဒါ၊ ဂျပန်၊ ယူကေ၊ အမေရိကန်နိုင်ငံတို့ အပါအဝင် အခြားနိုင်ငံ (၅) နိုင်ငံက အဆိုပြုချက်တွေကလည်း ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ထိ ပါဝင်ခဲ့ပါတယ်။

Ref: AsiaOne “Chinese win design competition for rebuilding Notre Dame”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top