လိမ္မာယဉ်ကျေးပြီး ထက်မြက်တဲ့ ကလေးလေးတွေ ဖြစ်လာအာင် ဘယ်လိုပြုစုပျိုးထောင်မလဲ

40643621_577391056009416_5087691565896302592_n.jpg

ကိုယ်ရဲ့ သားသမီးလေးတွေကို အကောင်းဆုံးအရာတွေကိုသာ ရရှိပိုင်ဆိုင်စေချင်တာကတော့ မိဘတိုင်းရဲ့ စေတနာမေတ္တာတရားပါပဲ။ သားသမီးတွေ အနာဂတ်ကောင်းကောင်းပိုင်ဆိုင်နိုင်ဖို့၊ လူကြားသူကြားထဲမှာ လက်မထောင်နိင်ဖို့အတွက်ကတော့ ငယ်စဉ်ကလေးအရွယ်ကတည်းက လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။ အောင်မြင်ခြင်း မအောင်မြင်ခြင်း၊ တော်ခြင်း၊ ထက်ခြင်းတို့က ကလေးရဲ့ ဥာဏ်ရည်ဥာဏ်သွေးအပေါ်မူတည်ရုံသာမက မိဘများရဲ့ သွန်သင်ဆုံးမမှု ပုံစံပေါ်မှာလည်း များစွာမူတည်နေပါတယ်။ လိမ္မာယဉ်ကျေးပြီး ထက်မြက်တဲ့ သားသမီးလေးတွေ ဖြစ်လာစေဖို့ ဖေဖေ မေမေတို့ ပြုစုပျိုးထောင်ရမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပြောရဲဆိုရဲရှိအောင် လေ့ကျင့်ပေးထားပါ။ တစ်စုံတစ်ယောက်က သင့်ရဲ့ကလေးကို နာမည်မေးတဲ့အခါ မိဘဖြစ်သူက ဝင်မဖြေပေးဘဲ ကလေးကိုယ်တိုင်ဖြေဆိုနိုင်အောင် ကြိုးစားပေးပါ။ ဒီလိုမျိုး ကလေးကိုယ်တိုင်ဖြေနိင်အောင် အားပေးခြင်းက သင့်ကလေးကို ပြောရဲဆိုရဲတဲ့သတ္တိ ဖြစ်ပေါ်စေနိင်ပါတယ်။

မိဘတိုင်းကတော့ ကိုယ့်ရဲ့သားသမီးကို မျက်ခြည်အောက်က အပျောက်မခံဘဲ ဂရုစိုက်တတ်ကြပါတယ်။ ဂရုစိုက်ပါ။ ဒါပေမဲ့ အလွန်အကျွံတော့ မဖြစ်ပါစေနဲ့။ ဆိုလိုတာကတော့ သင့်ကလေးရဲ့ အသက်အရွယ်အပိုင်းအခြားပေါ်မူတည်ပြီး တစ်ယောက်တည်း လွှတ်ပေးသင့်တဲ့နေရာတွေကို ခွင့်ပြုပေးသင့်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ နေရာတကာ ကလေးနောက်က ထပ်ကြပ်မကွာ လိုက်စောင့်ရှောက်နေမယ်ဆိုရင် သင့်ရဲ့ကလေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းပါးပြီး ဘယ်အရာမဆို တစ်ဦးတစ်ယောက်တည်း အောင်မြင်အောင် မဆောင်ရွက်နိင်တော့ပါဘူး။

အသုံးနဲ့ အဖြုန်းကို ကွဲကွဲပြားပြားသိရအောင် ငယ်စဉ်ကတည်းက စည်းကမ်းလေးထားပြီး လေ့ကျင့်ပေးသင့်ပါတယ်။ ချစ်လို့အလိုလိုက်ပြီး အရာရာကိုဖြည့်ဆည်းပေးထားမယ်ဆိုရင် အလိုရှိတဲ့အရာကို မဖြည့်ဆည်းပေးတဲ့အခါ ဂျီကျခြင်း ဂျစ်တိုက်ခြင်းစတဲ့ အကျင့်ဆိုးတွေ ဖြစ်ပေါ်လာနိင်ပါတယ်။ ငယ်စဉ်ကတည်းက စနစ်တကျ အသုံးနဲ့အဖြုန်းကို ကွဲကွဲပြားပြားသိအောင် ပြောပြပေးပြီး ပိုက်ဆံစုတတ်တဲ့ အကျင့်ကောင်းလေးတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။

ကျောင်းအားလပ်ချိန်တွေမှာ သင့်ကလေး ဝါသနာပါရာကို လွတ်လပ်လပ် ရွေးချယ်ခွင့်ပေးသင့်ပါတယ်။ အိမ်ထဲမှာပဲ ကစားရမယ် မိဘတွေနဲ့ပဲကစားရမယ် စတဲ့ စည်းကမ်းတွေချပြီး တင်းချုပ်ထားမယ့်အစား မိဘမျက်စိအောက်မှာ ကလေးငယ်ရွယ်တူအချင်းချင်း ကစားစေနိင်ဖို့ ဖန်တီးပေးသင့်ပါတယ်။

သင့်ရဲ့ ကလေးတွေကို ပေါင်းသင်းဆက်ဆံအခါ မိဘလိုတစ်မျိုး၊ သူငယ်ချင်းလိုတစ်ဖုံ အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲဆက်ဆံသင့်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်ကလေးငယ်တွေရဲ့ မိဘများက သားသမီးတွေကို သူငယ်ချင်းလိုပေါင်းဖော်ပြီး လိုအပ်တဲ့အရာတွေကို ဖြည့်ဆည်းပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပြဿနာတစ်ခုဖြစ်လာတာနဲ့ ဒေါသတကြီးဆူပူနေမယ်ဆိုရင် မိဘကိုဖွင့်ပာပြောဖို့ ကြောက်ရွံ့နေပြီး လိမ်ညာတာတွေ ဖြစ်စေနိုင်ပါတယ်။

Ref : Bright Side “Things Parents shouldn’t do for their children”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top