ကမ္ဘာ့အပူဒဏ်အမြင့်ဆုံး အရပ်ဒေသ (၁၀) ခု

40752361_319286458828101_400766988982419456_n.jpg

ယူကေမှာ အပူလှိုင်းအသေးစားတစ်ခုဖြတ်သွားတာ အားလုံးသိလိုက်ကြမှာပါ။ ပူလောင်အိုက်စပ်မှုက ခံစားရရင် ခံစားရသလောက်

အတော်ဆိုးပါတယ်။ ဒါနဲ့ ဆက်စပ်ပြီး ကမ္ဘာ့အပူဒဏ်အမြင့်ဆုံး အရပ်ဒေသတွေအကြောင်း တင်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ဘယ်အရပ်ဒေသမှာ အပူချိန်တွေ ဘယ်လောက်အထိမြင့်ပြီး ဘယ်လိုတွေတောင် ခြစ်ခြစ်တောက်ပူနေသလဲ သိရတာပေါ့လေ။

မရဏတောင်ကြား ( ကယ်လီဖိုးနီးယား၊ အမေရိကန်)

၁၉၁၃ ခုနှစ်ရဲ့ နွေရာသီမှာ အပူချိန် ၅၆.၇ ဒီဂရီအထိ ခြစ်ခြစ်တောက်ပူခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ပျှမ်းမျှအပူချိန် ၄၇ ဒီဂရီ ဖြစ်လာခဲ့ပြီး အမေရိကန်မှာတော့ အပူပြင်း အခြောက်သွေ့ဆုံးသော ဒေသဖြစ်ပါတယ်။

အက်ဇီဇီရာမြို့ (လစ်ဗျား)

ဒီမြို့ကတော့ ကမ္ဘာ့အပူပြင်းဆုံးဒေသလို့ ပြောစမှတ်တြင်ဖူးပာတယ်။ ၁၉၂၂ ခုနှစ်မှာ အပူချိန် ၅၈ ဒီဂရီစင်တီဂရိတ်အထိ ရှိခဲ့လို့ ဒီစံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ချို့ယွင်းမှုတစ်ခုကြောင့် အပူချိန်တိုင်းထွာမှု မှားယွင်းခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ နွေလယ်လောက်ရောက်ရင်ကို အပူချိန် ၄၈ အထက်ရှိပါတယ်။ တွေးသာကြည့်ပါတော့။

ဒဲလော့ကွင်းပြင် (အီသီယိုးပီယား)

ဆားဓာတ်တွေ၊ အက်ဆစ်ဓာတ်တွေ ပြည့်နေတဲ့ ရေပူစမ်းအရပ်ဒေသဟာ ၁၉၆၀ နဲ့ ၁၉၆၆ ကာလအတွင်း ပျမ်းမျှအပူချိန် ၄၁ ဒီဂရီအထိ ရှိခဲ့ဖူးပါတယ်။ လူသူကင်းဝေးတဲ့ အရပ်ဒေသတစ်ခုပါ။

ဝါ့ဒီဟဲလ်ဖာမြို့ ( ဆူဒန် )

တစ်နှစ်ပတ်လုံး မိုးမရွာတဲ့ မြို့ပါ။ ဇွန်လမှာ အပူပြင်းဆုံးဖြစ်ပြီး အပူချိန် ၄၁ ဒီဂရီအထိ ရှိခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ဧပြီလမှာ အပူချိန်အမြင့်ဆုံးအဖြစ် ၅၁ ဒီဂရီ အထိ ရောက်ရှိခဲ့ဖူးပါတယ်။

ဒက်ရှ်တီးလုသဲကန္တာရ (အီရန်)

ဒီကမ္ဘာဂြိုဟ်မှာတော့ သူ့ထက်ပူတဲ့ သဲကန္တာရဆိုတာ ထပ်မရှိနိုင်တော့ပါဘူး။ ၂၀၀၃ ကနေ ၂၀၀၉ ခုနွစ်အထိ ကြောက်စရာကောင်းလောက်အောင် အပူချိန် ၇၀.၇ ဒီဂရီအထိ မြင့်တက်ခဲ့ပါတယ်။ လူမနေတဲ့အရပ်ဆိုတာကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး။

တီရက်ဇဘီ (အစ္စရေး)

၁၉၄၂ ခုနှစ်မှာ အမြင့်ဆုံးအပူချိန်အဖြစ် ၅၄ ဒီဂရီအထိ ပူပြင်းခဲ့ပါတယ်။

ထင်းဘာ့ထူမြို့တော် ( မာလီ )

ဆာဟာရသဲကန္တာရရဲ့ တောင်ဘက်စွန်းမှာရှိတဲ့ မြို့တော်ပါ။ ဆောင်းတွင်းမှာတောင် ပူခြစ်တောက်နေတတ်ပါတယ်။ အပူချိန်အမြင့်ဆုံးစံချိန်အရ ၄၉ ဒီဂရီအထိ ရှိခဲ့ဖူးပါတယ်။

ခက်ဘလီကန္တာရမြို့ (တူနီးရှား)

ဒီသဲကန္တာရကြီးကတော့ နွေရာသီဆိုရင် ပျှမ်းမျှ အပူချိန် ၄၀ နဲ့ အထက်ရွိတတ်ပြီး ၅၅ ဒီဂရီအထိ အပူချိန်ရှိခဲ့ဖူးပါတယ်။

ဂဒါးမက်စ် (လစ်ဗျား)

သဲကန္တာရပြင်ကြီးထဲက အိုအေစစ်လို့ တင်စားရတဲ့ ဒေသပါ။ အပူရှောင်သူတွေအတွက် ခိုနားရာဖြစ်ခဲ့တဲ့ ရွှံ့တဲလေးတွေရဲ့ ဓလေ့ထုံးစံကြောင့် ယူနက်စကိုရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းထဲမှာ ထည့်သွင်းခံခဲ့ရပါတယ်။ အပူရှောင် ၇ထောင်ခန့်အတွက် ခိုနားရာဖြစ်ခဲ့ပါတယ်။ ပျမ်းမျှအပူချိန် ၄၀ ဒီဂရီ ရှိတတ်ပြီး ၅၅ ဒီဂရီ အထိ အပူချိန်မြင့်တက်ခဲ့ဖူးတဲ့ စံချိန်တင်ရှိခဲ့ပါသေးတယ်။

ဘန်းဒါအီမားရှာမြို့ (အီရန်)

အပူဒဏ်ညွှန်းကိန်းအရတော့ ကမ္ဘာ့ဒုတိယအပူဒဏ်အမြင့်ဆုံး မြို့တော်ပါပဲ။ အပူချိန်အမြင့်ဆုံးစံချိန်အရ ၅၁ ဒီဂရီစင်တီဂရိတ်အထိ ပူပြင်းခဲ့တာပါ။

Ref: “These are the 10 hottest places on earth”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top