ယောကျာ်းတွေဟာ အသက် (၃၃) နှစ်မပြည့်သေးသ၍ အသုံးမဝင်ကြသေးဘူးလို့ဆိုခဲ့တဲ့ ဂျနီဖာ လိုပက်ဇ် (Jennifer Lopez)

jlo_tinder_takeover.jpg

လက်တွဲဖော်တစ်ဦးရှာရတာ သိပ်ပင်ပန်းနေပြီလား။ ဆိုလိုတာက ကိုယ်နဲ့တကယ် အဆင်ပြေနိုင်မယ့်သူမျိုးကို ဖေ့ဘွတ်စ် (facebook) နဲ့ တင်ဒါ (tinder) တို့လို dating app တွေကနေတစ်ဆင့် ရှာဖွေရတာ ပင်ပန်းနေပြီလားလို့ မေးတာပါ။ ဒီလိုရှာဖွေတဲ့နေရာမှာ သင့်ကိုကူစဉ်းစားပေးနိုင်မယ့်သူတစ်ယောက်လောက်ရှိရင်တော့ သိပ်ကောင်းတာပေါ့နော်။ ဒီအတွက် ဂျနီဖာ လိုပက်ဇ်က ကူညီပေးပါလိမ့်မယ်။

Tinder ကထုတ်လွှင့်ပေးနေတဲ့ “Swipe sessions” ဆိုတဲ့ ပရိုဂရမ်လေးတစ်ခုမှာ ဂျနီဖာက ဘရောခ့် (Brooke) ဆိုတဲ့အမျိုးသမီးအတွက် Tinder app ကနေ ဘရောခ့်နဲ့သင့်တော်မယ့် အမျိုးသားကို ကူရွေးပေးခဲ့ပါတယ်။ အသက် (၂၉) နှစ်အရွယ် country အဆိုတော်မလေး ဘရောခ့်ရဲ့အကြိုက်ကတော့ သန်သန်မာမာပုံစံနဲ့ အားကိုးချင်စရာကောင်းတဲ့ ယောကျာ်းမျိုးကိုပါ။ ဒီနေရာမှာပဲ ဂျနီဖာက “ယောကျာ်းတွေဟာ အသက် (၃၃) နှစ်မပြည့်သေးသ၍ အသုံးဝင်ကြဦးမှာ မဟုတ်ဘူး” လို့ ပြောခဲ့တာဖြစ်ပါတယ်။

ဂျေလိုရဲ့အကြံပြုချက်မှန်ကန်ကြောင်းကိုလည်း “What About Me? Stop Selfishness From Ruining Your Relationship” ကိုရေးသားခဲ့တဲ့ပုဂ္ဂိုလ် ဂျိမ်း ဂရီရာ (Jane Greer) က ခုလိုပဲဆိုထားပြန်ပါတယ်။ “ယောကျာ်းလေးတွေက အသက် (၃၀) ဝန်းကျင်လောက်ရောက်မှသာ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းနဲ့ ကိုယ်ပိုင်ဝင်ငွေ ပုံမှန်ရှိပြီး ဘဝတစ်လျှောက်လုံး လုံခြုံစိတ်ချရတဲ့ အခြေအနေကိုစရောက်ကြတာပါ။ ဒါကြောင့်မို့ (၃၀) အရွယ်လောက်ကစပြီးမှ အောင်မြင်မှုတွေ၊ အတွေ့အကြုံတွေနဲ့ ပြီးမြောက်ခြင်းတွေက အကောင်အထည်ပေါ်လာကြတာပါ” လို့ INSIDER ကိုပြောပါတယ်။

ဒီလိုပြောတာက အသက်(၂၀) ကျော်တွေက လုံးဝအသုံးမကျကြဘူးလို့ မဆိုလိုပါဘူး။ သို့ပေမဲ့လို့ (၃၀) ဝန်းကျင်လောက်ရောက်မှသာ အသုံးဝင်ရင့်ကျက်တဲ့ ယောကျာ်းတွေအဖြစ်ကိုကူးပြောင်းလာကြတာပါလို့ ဆိုလိုရင်းသာဖြစ်ပါတယ်။

“တချို့ယောကျာ်းတွေဟာ မိန်းကလေးတစ်ယောက်ကို အချိန်အကြာကြီးတွဲနေပေမဲ့လို့ သူ့အသက် (၃၀) အရွယ်မှာတွေ့ရတဲ့ မိန်းမတစ်ယောက်နဲ့သာ ရုတ်တရက်လက်ထပ်သွားပြီး ဘဝတစ်လျှောက်လုံး ပေါင်းသင်းနေထိုင်သွားတာမျိုးကိုလည်း တွေ့ဖူးကြပါလိမ့်မယ်” လို့ ဂျေလိုက ဆိုပါတယ်။

သိုပေမဲ့လည်း ဂျေလိုရဲ့အကြံပေးစကားဟာ လူတိုင်းနဲ့တော့ကိုက်ညီနေမှာ မဟုတ်ပါဘူး။ ကိုယ့်တန်ဖိုး၊ ကိုယ့်အခြေအနေ၊ ကိုယ့်အဆင့်အတန်းနဲ့ အနေအထားတွေကိုသိပြီးစဉ်းစားမယ်ဆို ဘယ်သူ့ကိုမှ နာကျင်အောင် ဒုက္ခပေးမိလောက်မှာမဟုတ်ပါဘူး။ လက်တွဲဖော်ရှာမယ်ဆို ဂျေလိုပြောသလိုပဲ ရင့်ကျက်တဲ့ယောကျာ်းဖြစ်ပြီးလားဆိုတာနဲ့ လက်ထပ်ဖို့အဆင်သင့်ဖြစ်နေပြီလားဆိုတာကိုသာ အရင်စဉ်းစားကြည့်လိုက်ပါတော့။ ဂျေလိုနဲ့ ဘရောခ့်တို့ရဲ့ “Swipe sessions” ပရိုဂရမ်စကားဝိုင်းလေးကိုတော့ အောက်ပါလင်ခ့်ကနေတစ်ဆင့် ဝင်ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/2N2dolj

Ref: INSIDER “Jennifer Lopez said men are ‘useless’ before 33”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top