မထင်မရှားဒါရိုက်တာတစ်ဦးနဲ့တွဲနေတဲ့ ဂျနီဖာ လောရန့်စ် (Jennifer Lawrence)

p05yqmjm.jpg

ဂျနီဖာ လောရန့်စ်ရဲ့ အဆက်ဟောင်းတွေနာမည်ကို ဖတ်ရတာ Wikipedia ထဲက ကျော်ကြားသူအမျိုးသားတွေချည်းစုထားတဲ့ အမည်စာရင်းကို ဖတ်နေရသလိုမျိုး ဖြစ်နေပေမယ့် ဒီတစ်ခါတော့ သူ(မ)ဟာ ကျွန်တော်တို့ တစ်ခါမှမကြားဖူးတဲ့သူတစ်ယောက်နဲ့ ဒိတ်လုပ်လို့နေပါတယ်။

“Red Sparrow” ရဲ့ကြယ်ပွင့်လေးဟာ အနုပညာပြခန်းဒါရိုက်တာ ကွတ်ခ့် မာရွင်နီ (Cooke Maroney) နဲ့ အပြင်မှာလည်း တွဲသွားတွဲလာလုပ်ရင်း အချိန်တော်တော်များများကို ကုန်ဆုံးခဲ့ပြီးပါပြီ။ ၎င်းတို့နှစ်ဦးဟာ ပြီးခဲ့တဲ့အပတ် အဂါၤနေ့တုန်းကပဲ တစ်ယောက်ကိုတစ်ယောက်ဖက်ရင်း နယူးယောခ့်မြို့ထဲ လျှောက်လည်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဂျနီဖာ လောရန့်စ်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ လော်ရာ ဆင်ဆမ်န် (Laura Simpson) ဆီကနေတစ်ဆင့် ၎င်းတို့နှစ်ဦးရဲ့တွေ့ဆုံမှုက စတင်ခဲ့တာပါလို့ Page Six ရဲ့သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။

အော်စကာဆုရှင်လေးကတော့ သူ(မ) ရဲ့ အဆက်ဟောင်းတွေဖြစ်ကြတဲ့ နီကိုးလက်စ် ဟို့(ဒ်) (Nicholas Hoult)၊ ခရစ် မာတင် (Chris Martin) တို့နဲ့လည်း အရင်က အဆက်အသွယ်ရှိခဲ့ပါသေးတယ်။ ရော်လ်ရက်စ့် ဟာ သူ(မ)ထက်အသက် (၂၂) နှစ်ကြီးတဲ့ သူ(မ) အမေရဲ့ဒါရိုက်တာ ဒက်ရင် အရင်နိုစကီ (Darren Aronofsky) ဆိုသူနဲ့လည်း မကြာသေးမီက ဒိတ်လုပ်ခဲ့ဖူးပါသေးတယ်။

၎င်းတို့နှစ်ဦးရဲ့ ချစ်ခရီးလမ်းအဆုံးသတ်သွားတဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာတော့ လောရန့်စ်ကနေပြီး “ဒီနှစ်နှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးကြည့်မယ်ဆိုရင်တော့ ကျွန်မက တွဲလာကြတာ နှစ်နှစ်လောက်ရှိပြီလို့ သူကို့ပြောတဲ့အခါ သူက ‘ဩော် နှစ်နှစ်တောင်ရှိပြီလား။ မသိရင် ခြောက်လလောက်လေးပဲနော်’ ဆိုပြီးပြန်ပြောတတ်တယ်။ ကျွန်မထင်ပါတယ်။ နှစ်နှစ်လောက်တော့ရှိပြီလေ။ ဆိုလိုချင်တာကတော့ သူနဲ့ချစ်ခဲ့ကြတာ နှစ်နှစ်တောင်ရှိပြီပေါ့။” ဆက်ပြီး “ခုချိန်ထိ ကျွန်မသူ့ကို အရမ်းချစ်နေတုန်းပဲ” လို့ပြောကြားခဲ့ပါတယ်။

အခုလအစောပိုင်းတုန်းကကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် BAM Gala ပွဲတော်မှာ လောရန့်စ်က အယ်ရင်နိုစကီရဲ့ဆုကို အချစ်ဆုံးသူငယ်ချင်းလို့ခေါ်ပြီး ကြေညာပေးခဲ့တာပဲဖြစ်ပါတယ်။

 

Ref : newsrepublic “Jennifer Lawrence reportedly dating non-famous person”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top