Samsung Employee Volunteer Program ကို အင်းလေးမှာကျင်းပ

yyl01-samsung.jpg

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Samsung Global Volunteer Festival ရဲ့Samsung Employee Volunteer Program အနေနဲ့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနီးမှာ တည်ရှိတဲ့ ထောင့်ကွေး အခြေခံပညာမူလတန်း(လွန်) ကျောင်းမှာ ဒီနေ့ နေ့လည်ပိုင်းက လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

Samsung Myanmar အနေနဲ့ ထောင့်ကွေး အခြေခံပညာမူလတန်း(လွန်) ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ အသုံးပြုနိုင်ရန်အတွက် Samsung TV နဲ့ တစ်ကိုယ်ရေးသုံးပစ္စည်းလှူဒါန်းပေးတာတွေအပြင် ကလေးငယ်တွေကို အင်းလေးကန်အကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အကြောင်းအရာ တွေကို အသိပညာပေးပြောကြားခြင်း၊ ကျောင်းပတ်ဝန်းကျင်ကို သန့်ရှင်းရေးပြုလုပ်ပေးခြင်း နဲ့ စာရေးကိရိယာတွေကို လှူဒါန်းခြင်း စတာတွေကိုလည်း ပြု လုပ်ခဲ့ပါတယ်။

“Samsung အနေနဲ့ ဈေးကွက်အတွင်းမှာ အကောင်းဆုံး အမှတ်တံဆိပ်အဖြစ် ရပ်တည်နိုင်အောင် အမြဲကြိုးစားနေသလို တစ်ချိန်တည်းမှာပဲ နိုင်ငံအသီးသီး ရဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေရဲ့ လူမှုဘဝပိုမို ကောင်းမွန်အောင်လည်း တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီပေးနေပါတယ်။ ဒီနှစ်မှာလည်း ရှမ်းပြည်နယ် အင်းလေးကန် အထိလာပြီး ဒေသခံ ကျောင်းသား၊ ကျောင်းသူကလေးငယ်တွေနဲ့ တွေ့ဆုံပြီး ကျွန်တော်တို့ Samsung Myanmar ရဲ့ ဝန်ထမ်းတွေက ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးတဲ့အတွက် အားလုံးအတူ ပျော်ရွှင်ပီတီဖြစ်ရပါတယ်” လို့ Samsung Myanmar ရဲ့ Managing Director ဖြစ်သူ Mr. YoungSeok Ham ကပြောပါတယ်။

လူမှုအသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းတွေ့က ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့အတွက် အဓိကရည်ရွယ်ကာ Samsung Global Volunteer Festival ကို ၁၉၉၅ ခုနှစ်က စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။

“အခုလိုမြို့ပြနဲ့ ဝေးလံတဲ့ လိုအပ်ချက်များပြားတဲ့ ကျွန်တော်တို့ စာသင်ကျောင်းလေးကို စာသင်ခန်းမျက်နှာချက်တွေနဲ့ အကာအရံတွေကို လှူဒါန်းတဲ့ အတွက် ကျေးဇူးများကြီးတင်ပါတယ်။ ကလေးတွေအားလုံးအတွက်လည်း ဒီနေ့က သူတို့ဘဝမှာ အမှတ်ရစရာနေ့လေးဖြစ်နေမှာပါ” လို့ ထောင့်ကွေး အခြေခံပညာမူလတန်း(လွန်) ကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးလှမောင် ကပြောပါတယ်။

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနီးရှိ ထောင့်ကွေး အခြေခံပညာမူလတန်း(လွန်) ကျောင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ သူငယ်တန်းမှ သတ္တမတန်းအထိ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး နဲ့ ကျောင်းဆရာ၊ ဆရာမ (၉) ဦး ရှိပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top