American Music Awards ဆုပေးပွဲမှာ Artist of the Decade ဆုကို ရရှိပိုင်ဆိုင်တော့မယ့် ပေါ့စ်ဘုရင်မတေလာဆွစ်ဖ်

yyl-026.jpg

ပေါ့စ်ဘုရင်မလို့ တင်စားရလောက်တဲ့ တေလာဆွစ်ဖ်ကတော့ ဆုတွေတစ်ဆုပြီး တစ်ဆုရယူပိုင်ဆိုင်နေတော့တာပဲ။ ထွက်ရှိလာသမျှသူ့ရဲ့သီချင်းတွေကလည်း ဆုတွေနဲ့ ထိုက်တန်လောက်အောင်ကို အမှန်တကယ်ကောင်းတာပါ။ လူတိုင်းရဲ့ပါးစပ်ဖျားမှာ တေလာဆွစ်မှ တေလာဆွစ်ဖ်ဖြစ်နေခဲ့ရတာ ဆယ်စုနှစ်တစ်စုရှိပါပြီ။ အခုလည်း တေလာဆွစ်ဖ်က ထူးခြားတဲ့ဆုတစ်ဆုကို ရရှိဦးမှာဖြစ်ပါတယ်။

အခုနှစ်ကျင်းပပြုလုပ်တော့မဲ့ American Music Awards ဆုပေးပွဲမှာ တေလာဆွစ်ဖ်က Artist of the Decade ဆုကို ရရှိပိုင်ဆိုင်ရတော့မှာပါ။ အရင်က အဲဒီဆုကိုရရှိခဲ့ဖူးတာက Garth Books ဖြစ်ပြီး ၂၀၀၀ခုနှစ်က အဲဒီဆုကို ချီးမြှင့်ခံခဲ့ရတာပါ။

တေလာဆွစ်ဖ်က Artist of the Year ဆုကို (၄) ကြိမ်ရရှိခဲ့ပြီး အခုနှစ်မှာလည်း ထပ်ပြီး ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ တေလာဆွစ်က American Music Awards ကနေ ရရှိတဲ့ဆုအရေအတွက်က (၂၃) ခုရှိနေပါပြီ။ အဲဒါကြောင့်ပဲ သူဟာ AMAရဲ့ Artist of the Decade ဆုကို ရရှိမှာဖြစ်ပါတယ်။ သူက အခြားအမျိုးသမီး အနုပညာရှင်တွေထက် AMAဆုအရေအတွက် ပိုများတဲ့အတွက်လည်း အခုလို သမိုင်းစိုက်ထူနိုင်တာဖြစ်ပါတယ်။

အခုနှစ်ရဲ့ AMAဆုပေးပွဲမှာ တေလာဆွစ်ဖ်က Favorite Adult Comtemporary Artist, Favorite Female Artist, Artist of the Year ဆုတွေမှာလည်း ဆန်ကာတင်စာရင်းဝင်ထားပါတယ်။ ဒါ့အပြင် သူမရဲ့ You Need to Calm Down MTV က Favorite Music Video ဆုစာရင်းမှာ ဆန်ကာတင်ဝင်ထားသလို “Lover” အယ်ဘမ်လ်ကလည်း Favorite Pop/Rock Album ဆုစာရင်းမှာ ပါဝင်ထားပါတယ်။

American Music Awards ဆုပေးပွဲကို နိုဝင်ဘာ (၂၄) ရ က်နေ့ ကျင်းပပြုလုပ်မှာဖြစ်ပြီး တေလာဆွစ်ဖ်ကလည်း ဆုပေးပွဲကျင်းပနေစဉ်အတွင်း ဖျော်ဖြေတင်ဆက်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref: CNN “Taylor Swift will be named Artist of the Decade at the American Music Awards”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top