အရှေ့တောင် အာရှ၏ အကြီးဆုံးမြစ်ဖြစ်သည့် Mekong မြစ်ခမ်းခြောက်မှု ဖြစ်ပေါ်နေ

yyl-030-1.jpg

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်ဒေသရှိ Mekong မြစ်သည် မီတာပေါင်းများစွာ ကျဥ်းမြောင်းလာနေပြီး နုံးမြေများ ပေါ်ထွန်းလာနေပြီ ဖြစ်သည်။ ထိုကဲ့သို့ ဖြစ်ပေါ်ခြင်းမှာ ထိုင်းနိုင်ငံတွင် အသုံးပြုနေသည့် US$4.47 billion တန် Xayaburi ရေအားလျပ်စစ် ပေးဝေသည့် စွမ်းအင်ထုတ်စက်ရုံ ကြောင့်ဖြစ်သည် ဟုဆိုသည်။ ထိုဖြစ်စဥ်မှာ ထိုင်းနိုင်ငံ နှင့် လာအိုနိုင်ငံ နယ်နမိတ်ထိစပ်ရာ Loei ဒေသတွင် ကီလိုမီတာလောက် အကျယ်ရှိသော မြစ်သည် မီတာအနည်းငယ်ကျဥ်းမြောင်းသွားခဲ့ပြီ ဖြစ်သည်။ ယခုဆိုလျှင် ရေးရှားပါးခြင်း ပြဿနာများ စတင်ကြုံတွေ့လာရပြီး ထိုနေရာဒေသများ၌ ငါးဖမ်းခြင်းများ ကိုတားမြစ်ထားသည်။

ထိုဒေသ အနီးအနားမှ ငါးဖမ်းသမားများမှလည်း ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းခြင်း ကတစ်ကြောင်း နှင့် Xayaburi ရေအားလျပ်စစ် စွမ်းအင်ထုတ်စက်ရုံကြီး ကတစ်ကြောင်း ကြောင့် မြစ်ရေက သိသိသာသာ ကျဆင်းသွားကာ အဆိုးရွားဆုံး ခမ်းခြောက်ရပြီး နုံးမြေတွေ ပေါ်လာသည့်အထိဖြစ်ရပြီ ဟုပြစ်တင်ပြောဆိုကြသည်။ ငါးဖမ်းသမားကြီး Sup Aunkaew ကဆိုလျင် “ကျုပ်တို့ ရေကာတာ ဆောက်လုပ်တာတွေ မလိုချင်တော့ဘူးဗျာ။ ဒါပေမဲ့ ကျုပ်တို့မှာ သူတို့ရဲ့ အစီအစဥ်တွေကို ငြင်းခုန်နိုင်စွမ်းလဲ မရှိပါဘူး” ဟု ပြောသည်။

Mekong River Commission (MRC) အဖွဲ့မှ ယခုနှစ် ဇွန်လ နှင့် အောက်တိုဘာလ အတွင်း မြစ်ရေ ခမ်းခြောက်လာခြင်း

သည် နှစ်သုံးဆယ်အတွင်း အဆိုးရွားဆုံး ဖြစ်သည် ဟုဆိုသည်။ လာအိုနိုင်ငံပိုင် Nong Khai ဒေသ၌ ဒီတပတ် အဂ်ါနေ့တွင် မြစ်ရေသည် တစ်မီတာလောက်အထိ ကျဆင်းသွားခဲ့သည် ဟု MRC က ထုတ်ပြန်ခဲ့သည်။ ထိုရေပြင်အမှတ်မှာလည်း အချိန်နှင့် တပြေးညီ လျော့နည်းမှုဖြစ်နေကြောင်း တိုင်းတာချက်များတွင် ဖော်ပြလျက်ရှိသည်။ အားလုံးက ပူပြင်းသည့်ရာသီ ရောက်လာလျင် ပိုမိုခြောက်သွေ့လာမည် ဖြစ်သည်ကိုလည်း စိုးရိမ်နေကြသည်။
မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top