မွန်ဂိုလီယားထိရောက်ရှိနေကြပြီဖြစ်တဲ့ ကမ္ဘာပတ်မြန်မာဆိုင်ကယ်သမားနှစ်ဦး

65172708_855686298127764_2485413762203385856_n.jpg

မိုင်ပေါင်းသုံးသောင်းနီးပါးရှိတဲ့ ကမ္ဘာပတ်ခရီးစဉ်ကို မော်တော်ဆိုင်ကယ်နဲ့ ခရီးရှည်မောင်းနှင်နေကြတဲ့ မြန်မာနိုင်ငံသားဆိုင်ကယ်သမားနှစ်ဦး ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖတို့ကတော့ မွန်ဂိုလီးယားနိုင်ငံထိအောင် ရောက်ရှိနေကြပြီဖြစ်ပါတယ်။

တစ်နေ့ကို မိုင်ပေါင်း (၁၈၀) ကျော်နှုန်းနဲ့ မောင်းနှင်သွားလာခဲ့ကြတာဖြစ်ပြီး အခုထိဆိုရင် မိုင်ပေါင်း (၉၀၀၀) ကျော်ထိမောင်းနှင်ဖြတ်သန်းခဲ့ကြပြီးဖြစ်တယ်လို့သိရပါတယ်။

အခု သူတို့နှစ်ဦးက အာရှရဲ့ဒုတိယအကြီးဆုံးသဲကန္တာရ Gobi ကို ဖြတ်သန်းပြီး မွန်ဂိုလီးယားမြို့တော် Ulaanbaatar ကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ တရုတ်နဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံကြားမှာတည်ရှိနေတဲ့ ဒီသဲကန္တာရကို တရုတ်မြောက်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Inner Mongolia ဒေသကနေတဆင့် မောင်းနှင်ရောက်ရှိခဲ့ကြတာပါ။

မေလ (၂၆) ရက်နေ့ ရန်ကုန်ကနေ စတင်ထွက်ခွာလာတဲ့ Motourlogue ခရီးသွားနှစ်ဦးဟာ တစ်လနီးပါးအတွင်း မှာ မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်ကနေ မွန်ဂိုလီးယားနိုင်ငံအထိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

မကြာခင် ကာဇက်စတန်နိုင်ငံဖြတ်သန်း ရုရှားကိုဝင်ပြီး နော်ဝေ၊ ဒိန်းမတ်၊ ဂျာမနီ၊ နယ်သာလန်တို့ကတဆင့် ဗြိတိန်နိုင်ငံ၊ လန်ဒန်ထိ မော်တော်ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်ကြမှာဖြစ်ပါတယ်။ Motourlogue ခရီးသွားနှစ်ဦး လန်ဒန် ရောက်မယ့်အချိန်ဟာ ရာသီဥတုအကောင်းအဆုံးအချိန်ဖြစ်နေတယ်လို့လည်း ဆိုထားပါတယ်။

Ref: Motourlogue
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top