ဆွေးမြည့်ပျက်စီးသွားဖို့ ခက်ခဲတဲ့ အမှိုက်အမျိုးအစားများ

gb.png

ဘယ်လိုအမှိုက်အမျိုးအစားတွေက ဆွေးမြည့်ပျက်စီးသွားဖို့ အချိန်ဘယ်လောက်ယူရလဲဆိုတာ ကျွန်တော်တိုတွေ သိထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် လုံးဝပျက်စီးဆွေးမြည့်သွားဖို့ အချိန်အကြာကြီးယူရတဲ့ ထုတ်ကုန်တွေကို သုံးစွဲတာ၊ စာသုံးတာတွေ လျော့ချဖို့က ကျွန်တော်တို့ လူသားတွေမှာ တာဝန်ရှိပါတယ်။

ဆွေးမြည့်ပျက်စီးသွားဖို့နှုန်းကတော့ အမှိုက်သရိုက်တွေပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုအမှိုက်တွေက ဆွေးမြည့်ပျက်စီးသွားဖို့ အချိန်ဘယ်လောက်ယူရလဲဆိုတာ ကြည့်လိုက်ရအောင်…။

ပလတ်စတစ်

ပလတ်စတစ်ပစ္စည်းတွေကို ယနေ့ခေတ်မှာ တော်တော်လေးမြင်တွေ့နေရသလို အရမ်းလည်း လူသုံးများပါတယ်။ ပလတ်စတစ်အမှိုက်တွေက ဆွေးမြည့်သွားဖို့ အချိန်တော်တော်ယူရတဲ့ အမှိုက်အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ပုံမှန်ဆိုရင် ပလတ်စတစ်ပစ္စည်းတွေက အမှိုက်အနေနဲ့ ဆွေးမြည့်ပျက်စီးသွားဖို့ နှစ်ပေါင်း (၁၀၀၀) ကြာပါတယ်။ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေတဲ့ ပလတ်စတစ်အိတ်တွေက ဆွေးမြည့်ပျက်စီးသွားဖို့ နှစ်ပေါင်း (၁၀၀-၁၀၀၀) အချိန်ယူရသလို ပလတ်စတစ်ရေဘူးတွေက နှစ်ပေါင်း (၄၅၀) အချိန်ယူရပြီး အဲဒီထက် ပိုရင်လည်းပိုနိုင်ပါတယ်။

ကလေးသေးခံ

ယူနိုက်တတ်စတိတ်မှာဆိုရင် နှစ်တိုင်း ကလေးသေးခံ (၁၈) ဘီလီလျံကျော် လွှတ်ပစ်နေရပါတယ်။ အဲဒီကလေးသေးခံတွေက ဆွေးမြည့်ပျက်စီးသွားဖို့အတွက် နှစ်ပေါင်း (၂၅၀-၅၀၀) နီးပါး အချိန်ယူရပါတယ်။

အလူမီနီယံဗူး

အမေရိကန်မှာသာ မိနစ်တိုင်း၊ နေ့တိုင်း အလူမီနီယံဗူး (၁၂၀၀၀၀) ကျော်ကို ပြန်လည်အသုံးပြုကြပါတယ်။ အလူမီနီယံဘူးတွေက လုံးဝ ဆွေးမြည့်သွားဖို့ဆိုရင် နှစ်ပေါင်း (၈၀-၂၀၀) အချိန်ယူရပါတယ်။

ဖန်ထည်များ

ပုံမှန်ဆိုရင် ဖန်တွေက သဲနဲ့ပြုလုပ်ထားတာကြောင့် ပြန်လည်အသုံးပြုဖို့ အရမ်းလွယ်ပါတယ်။ ဖန်တွေကို ခွဲပစ်ပြီး အရည်ဖျော်ပစ်လိုက်ရုံနဲ့ ဖန်ခွက်အသစ်တစ်ခု ထုတ်လုပ်လို့ရပါတယ်။ ပြန်လည်အသုံးမပြုဘဲ အမှိုက်အနေနဲ့ လွတ်ပစ်လိုက်မယ်ဆိုရင်တော့ ဆွေးမြည့်ပျက်စီးသွားဖို့ သန်းပေါင်းများစွာ အချိန်ယူရပါတယ်။

စက္ကူ

စက္ကူတွေကို အမေရကန်နိုင်ငံတွေရဲ့ အမှိုက်တွေထဲမှာ အများဆုံးတွေ့ရပါတယ်။ ပုံမှန်ဆိုရင် စက္ကူကို လုံးဝတေဆွးမြည့်သွားဖို့အတွက် နှစ်ပတ်ကနေ ခြောက်ပတ်အထိ အချိန်ယူရပါတယ်။

အစားအစာအကြွင်းအကျန်များ

အမှိုက်ပုံးတွေထဲမှာ အစားအစာ အလဟာသဖြစ်သွားတာတွေ တွေ့နေရပါတယ်။ အစားအစာအမှိုက်တွေဆွေးမြည့်ပျက်စီးသွားဖို့ အချိန်ကတော့ အစားအစာအမျိုးအစားပေါ်မူတည်နေပါတယ်။ ပုံမှနအားဖြင့် လိမ္မော်ခွံတစ်ခုက ခြောက်လ အချိန်ယူရသလို ပန်းသီးအူတိုင် (ဒါမှမဟုတ်) ငှက်ပျောသီးအခွံတွေကလည်း ဆွေးမြည့်သွားဖို့ တစ်လဝန်းကျင် အချိန်ကြာနိုင်ပါတယ်။

စီးကရက်အစီခံ

စီးကရက်အမှိုက်တွေကလည်း ဆွေးမြည့်သွားဖို့ အချိန်အကြာကြီးယူရတဲ့ ပစ္စည်းတွေထဲမှာ ပါဝင်ပါတယ်။ စီးကရက်အမှိုက်ဆိုရင် ဆွေးမြည့်သွားဖို့အတွက် (၁၀) နှစ်ကန (၁၂) နှစ်အထိ အချိန်ယူရပါတယ်။

ဖော့တွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းများ

ပလတ်စတစ်ဖော့အဖြူတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေက ဆွေးမြည့်သွားဖို့ အရမ်းခက်ခဲပါတယ်။ အဲဒါတွေက ဘတ်တီးရီးယားပိုးနဲ့ ဆွေးမြည့်ပျက်စီးသွားစေနိုင်တဲ့အရာမဟုတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Ref: The Decomposition of Waste in Landfills: A Story of Time and Materials
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top