စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို့ ထင်ရလောက်တဲ့ အံ့ဖွယ်လူသားများ

hu0.jpg

လူတစ်ဦးချင်းစီက ကိုယ်ပိုင်အလှတရားတွေရှိကြပါတယ်။ တချို့လူတွေဆိုရင် ပုံမှန်မဟုတ်ဘဲ ပုံစံအမျိုးမျိုးနဲ့လှကြပါတယ်။ ဒါ့အပြင် တချို့လူတွေက အခြားသူတွေထက် ပိုပြီး ထူးခြားကြတာတွေရှိပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့အလှတရားတွေက သူတို့ကို ပြိုင်ဘက်ကင်းစေပါတယ်။ သူတို့ကို အံ့ဖွယ်လူသားတွေလို့ ခေါ်စမှတ်ပြုရမှာပါပဲ။ ကျွန်တော်တို့ ကမ္ဘာကြီးပေါ်မှာ နေထိုင်နေကြတဲ့ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အထူးခြားဆုံးလူတွေကို ဖော်ပြပေးချင်ပါတယ်။

သူကတော့ အီရန်မှာ နေထိုင်တဲ့ ဆာဂျတ် ဂါရီဘီ (Sajad Gharibi) ဖြစ်ပါတယ်။ သူ့ကို အပြင်လက်တွေ့ဘဝမှာ အစိမ်းရောင်လူသား Hulk ကို မြင်တွေ့လိုက်ရသလို ဖြစ်စေမှာပါ။

ဂျက်ဖ် ဒါဘီ (Jeff Dabe) ရဲ့ လက်က ပုံမှန်ထက် ကြီးပါတယ်။ သူ့ရဲ့လက်ဖျံရိုးက (၄၈) စင်တီမီတာလောက် ရှည်ပါတယ်။

ဂျွန် ဖာရာရို (John Ferraro) က အရမ်းသန်မာတဲ့ဦးခေါင်းခွံရှိပြီး သူ့ရဲ့ခေါင်းပေါ်တင်ပြီး သတ္တုတွေကို ကွေးလို့ရပါတယ်။

You Jianxia က မျက်တောင့်အရှည်ဆုံး အမျိုးသမီးတစ်ယောက်ပါ။ သူ့ရဲ့မျက်တောင့်မွေးတွေက ၁၂စင်တီမီတာရှည်ပါတယ်။

ကမ္ဘာ့အရပ်အပုဆုံးမင်းသမီး ဂျိုတီ အန်ဂျီ (Jyoti Amge) ကတော့ အိန္ဒိယနိုင်ငံကဖြစ်ပါတယ်။

တူရကီနိုင်ငံက ကမ္ဘာ့အရပ်အရှည်ဆုံးအမျိုးသား ဆူတန် ကိုဆန် (Sultan Kosen) က အရပ် (၈) ပေရှိပါတယ်။

မာမတ် အိုဇူရက်ခ် ( Mehmet Ozyurek) က (၈.၈) စင်တီမီတာရှည်တဲ့ နှာခေါင်းကို ပိုင်ဆိုင်ထားပါတယ်။

မက်ဝဲလ် ဒေး (Maxwell Day) က ကမ္ဘာ့ အပျော့ပျောင်းဆုံးခြေဖဝါးကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးဖြစ်ပါတယ်။ သူ့ရဲ့ညာဖက်ခြေထောက်က ခြေဖဝါးက (၁၅၇) ဒီဂရီလှည့်နိုင်ပြီး သူ့ရဲ့ဘယ်ဖက်ခြေထောက်က ခြေဖဝါးက (၁၄၃) ဒီဂရီလှည့်နိုင်ပါတယ်။

လီ ရက်ဒ်မွန် (Lee Redmond) ဆိုတဲ့ အမျိုးသမီးက အရှည်ဆုံးလက်သည်းကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့အရှည်ဆုံးလက်သည်းတစ်ခုချင်းစီက (၉၀) စင်တီမီတာ ရှည်လျားပါတယ်။

နီပေါနိုင်ငံက ကလေးတစ်ယောက်ရဲ့ မျက်လုံးက မြင်တွေ့ရခဲတဲ့ ကြောင်မျက်လုံးပုံစံဖြစ်နေပါတယ်။

Ref: Brightside
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top