စာဖတ်သူတို့ရဲ့ အိပ်ခန်းထဲမှာ သုတ်ထားတဲ့ဆေးရောင်က ဘာအရောင်များဖြစ်နေမလဲ။ အိပ်ခန်းရဲ့အရောင်ဟာ အိပ်စက်မှုနဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတာကိုကော ကြားဖူးပါသလား။
သုတေသနပညာရှင်တွေကတော့ အိပ်ခန်းအရောင်က အိပ်စက်မှုအပေါ်အကျိုးသက်ရောက်နေတာကို စူးစမ်းဖို့အတွက် အမျိုးသား၊ အမျိုးသမီးပေါင်း ၂၀၀၀ ကျော်ရဲ့အိမ်တွေဆီသွားရောက်လေ့လာပြီး သုတေသနပြုခဲ့ကြပါတယ်။ အဲဒီနောက် သုတေသနရလဒ်တွေအရ သိလာခဲ့ရတဲ့ အိပ်ခန်းအရောင်နဲ့ အိပ်စက်ချိန်ဆက်စပ်မှုတွေက အောက်ဖော်ပြပါအတိုင်းပါပဲ။
အိပ်ခန်းအရောင် တစ်ညလျှင်ပျမ်းမျှအိပ်စက်ချိန်ပမာဏ
အပြာရောင် ၇ နာရီ ၅၂ မိနစ်
အဝါရောင် ၇ နာရီ ၄၀ မိနစ်
အစိမ်းရောင် ၇ နာရီ ၃၆ မိနစ်
ငွေရောင် ၇ နာရီ ၃၃ မိနစ်
လိမ္မော်ရောင် ၇ နာရီ ၂၈ မိနစ်
အနီရောင် ၆ နာရီ ၅၈ မိနစ်
ရွှေရောင် ၆ နာရီ ၄၃ မိနစ်
ခဲရောင် ၆ နာရီ ၁၂ မိနစ်
အညိုရောင် ၆ နာရီ ၅ မိနစ်
ခရမ်းရောင် ၅ နာရီ ၅၆ မိနစ်
Ref: Men’shealth “The best color for your bedroom”
TH (ရိုးရာလေး)