ကြွက်တွေကို မုန်းတတ်၊ ကြောက်တတ်သူတွေရဲ့အမြင်ကို ပြောင်းလဲသွားစေဖို့ ရိုက်ကူးခဲ့တဲ့ ချစ်စရာ ကြွက်ဓာတ်ပုံလေးများ

49779361_332409184276278_8688676401236148224_n.jpg

လူတော်တော်များများက ကြွက် ဆိုတဲ့အသံကြားတာနဲ့ ရွံ့စရာကောင်းပြီး အနံ့ဆိုးနဲ့ တိရစ္ဆာန်လို့ပဲ ပြေးမြင်တတ်ကြပါတယ်။ အိမ်မွေး တိရစ္ဆာန်အဖြစ် သတ်မှတ်ဖို့ဆို ပိုလို့တောင် ဝေးပါသေးတယ်။ တကယ်တော့ ကြွက်လေးတွေဟာ သိပ္ပံစမ်းသပ်ချက်တွေအတွက် အထောက်အကူပြု တိရစ္ဆာန်တွေ ဖြစ်တဲ့အပြင် တခြား အိမ်မွေး တိရစ္ဆာန်တွေလိုပဲ အိမ်မွေး တိရစ္ဆာန်ကောင်း ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ သိရှိထားဖို့ လိုပါသေးတယ်။

ဒါကြောင့်မို့ ပြင်သစ် ဓာတ်ပုံဆရာမ ဒိုင်ယာနီ အို(ဇ်)ဒမာ (Diane Özdamar) က ကြွက်လေးတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ အမြင်ဆိုးတွေကို ပြောင်းလဲပစ်နိုင်ဖို့ ချစ်စရာ ကြွက်ပုံလေးတွေကို နှစ်ရှည်လများ ဖန်တီး ရိုက်ကူးယူခဲ့ပါတယ်။ အသက် (၃၂) နှစ်ရှိပြီဖြစ်တဲ့ ဒိုင်ယာနီ အို(ဇ်)ဒမာ (Diane Özdamar) ဟာ သရုပ်ဖော်ရေးဆွဲသူ (illustrator)၊ ဓာတ်ပုံဆရာမနဲ့ ဒီဇိုင်းဆွဲသူအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။

ရိုက်ကူးရေးအတွက် သူရဲ့ ကြွက်လေးတွေအပြင် သူ့ သူငယ်ချင်းရဲ့ ကြွက်လေးတွေကိုပါ ခေါ်ယူ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံလေးတွေက အင်မတန်မှ ချစ်ဖို့ကောင်းသလို အသည်းယားဖို့လည်း ကောင်းလှပါတယ်။ ပုံလေးတွေကိုတော့ တစ်ပုံချင်း ဖော်ပြပေးထားပါတယ်။

ဓာတ်ပုံဆရာမ အို(ဇ်)ဒမာက “ကြွက်လေးတွေက ဉာဏ်ရည်မြင့်တဲ့အပြင် ခင်ဖို့ကောင်းပြီး တကယ်သန့်ရှင်းတဲ့ တိရစ္ဆာန်လေးတွေပါ။ ဒီကောင်လေးတွေအပေါ်မြင်နေတဲ့ အမြင်မှားတွေကို ပြောင်းလဲနိုင်ဖို့ ကျွန်မ အချိန်တွေ အကြာကြီးယူပြီး ရိုက်ကူးခဲ့ရတာပါ။ ဒီပုံတွေကို ကြည့်ရုံနဲ့ သူတို့တွေက ဘယ်လောက်ချစ်ဖို့ကောင်းတဲ့အပြင် အဆော့သန်ပြီး၊ ပွေ့ဖက်ထားချင်စရာ ကောင်းလောက်အောင် အသည်းယားစေတဲ့ကောင်လေးတွေဖြစ်မှန်း သိသွားကြလောက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Ref: Elitereaders “Photographer Hopes to Break Negative Image of Rats by Taking Cute Photos”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top