အရသာပြေပြစ်ပြီး အရက်နာကျတဲ့ဒဏ် မခံစားရမယ့် ဂျင်ဆင်းအရက်

acholo.gif

အစားအသောက်ဆိုင်ရာ သိပ္ပံပညာရှင်တွေက အရသာပြေပြစ်ပြီး အရက်နာကျတဲ့ဒဏ် မခံစားရမယ့် ယမကာ (အရက်ပြင်း) တစ်မျိုး ဖော်စပ် ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် Pyongyang Times သတင်းဌာနက ဖော်ပြပါတယ်။

ယမကာအလွန်အကျွံ သောက်သူတွေဟာ နောက်တစ်ရက်ကျရင် ထိုင်းမှိုင်းလေးလံတာ၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာ၊ မျက်စိထဲက အခိုးတွေထွက်ပြီး မျက်စိနီနေတာ စတဲ့ ဆိုးကျိုးတွေခံစားရလေ့ရှိပါတယ်။ ဒါပေမဲ့ ဂျင်ဆင်းဆေးမြစ်ကို အခြေခံပြီး Taedonggang အစားအစာစက်ရုံက သိပ္ပံပညာရှင်တွေ ဖော်စပ်တဲ့ Koryo ယမကာကတော့ အရက်နာကျမှာ မဟုတ်ဘူးလို့ Pyongyang Times သတင်းဌာနက ဖော်ပြပါတယ်။

”Koryo ယမကာကို ခြောက်နှစ်သက်တမ်းရှိပြီး အရမ်းဆေးဘက်ဝင်တယ်လို့ လူသိများတဲ့ Kaesong Koryo ဂျင်ဆင်းဆေးရည်၊ မီးမြိုက်ထားတဲ့ဆန်စေးတွေနဲ့ ထုတ်လုပ်မှာပါ။ အဲဒီယမကာက အရသာ ပြေပြစ်ပြီး အရက်နာကျတဲ့ဒဏ် မခံစားရလို့ ယမကာဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ ယမကာနှစ်သက်သူတွေ တန်ဖိုးထားကြတယ်”လို့ ပြုံယမ်းတိုင်းမ် သတင်းဌာနမှာ ဖော်ပြပါတယ်။

ဂျင်ဆင်းမြစ်ရဲ့ ပြင်းထန်တဲ့ အခါးဓာတ်ကို ဖုံးလွှမ်းနိုင်ဖို့အတွက် သကြားအစား အစေးဓာတ် များလွန်းတဲ့ဆန်ကို မီးမြိုက်ပြီး ဖော်စပ်ထားပါတယ်။ မီးမြိုက်ထားတဲ့ ဆန်စေးထဲမှာ အယ်မီနိုအက် ဆစ်၊ အော်ဂဲနစ်မဟုတ်တဲ့အရာတွေ၊ ဗီတာမင်ဓာတ်နဲ့ အစာ စားချင်စိတ်ကို လျင်မြန်စွာဖြစ်စေတဲ့ လစ်ပိုလိုင်ဆင်းတို့လို လိုအပ် တဲ့ဓာတ်တွေပါဝင်ပါတယ်။ ယမကာရဲ့ အရသာ၊ ပုလင်းဒီဇိုင်းနဲ့ ထုတ်ပိုးမှုပုံစံက မြောက်ကိုရီးယားနိုင်ငံရဲ့ ဓလေ့အတိုင်းပဲလို့ ပြုံယမ်းတိုင်းမ် သတင်းစာက ရေးသားထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံက Koryo Songgyungwan တက္ကသိုလ်ဟာ Kaesong Koryo ဂျင်ဆင်းဆေးရည် အရည်အသွေး ပိုကောင်းအောင် လုပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ ဂျင်ဆင်းကို အသုံးပြုပြီး MERS ရောဂါ၊ SARS ရောဂါနဲ့ AIDS ရောဂါတွေကို ကုသနိုင်မယ့် ဆေးဝါး ထုတ်လုပ်နေတယ်လို့ ကြေညာခဲ့ဖူးပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top