Rust ဇာတ်ကားရဲ့လက်ထောက်ဒါရိုက်တာဟာ ၂၀၁၉ခုနှစ်က ရိုက်ကွင်းမတော်တဆမှုကြောင့် ဇာတ်ကားရိုက်ကူးမှုကနေ ထုတ်ပယ်ခံခဲ့ရဖူးသူဖြစ်

26-10-2021yyl01.jpg

ပြီးခဲ့တဲ့အပတ်က “Rust” ဇာတ်ကားရိုက်ကူးနေစဉ် အဲလက်ဘော့ဒ်ဝင်း ကိုင်ဆောင်ခဲ့တဲ့ ဇာတ်ဝင်ခန်းသုံးသေနတ်ကြောင့် မတော်တဆမှုဖြစ်ပွားပြီး လူ (၁) ဉီးသေဆုံးခဲ့ပြီး (၁) ဉီးထိခိုက်မိခဲ့တယ်ဆိုတဲ့ သတင်းကိုတော့ ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။ အဲဒီတုန်းက ရိုက်ကွင်းမှာ အဲလက်ဘော့ဒ်ဝင်းကို ဇာတ်ဝင်ခန်းသုံးသေနတ် ပေးခဲ့တဲ့သူက လက်ထောက်ဒါရိုက်တာ ဒေးဗ် ဟေးလ် (Dave Halls) ဆိုသူပါ။ အရင်တုန်းကလည်း ဒေးဗ်ဟာ ဇာတ်ကားရိုက်ကွင်းတစ်ခုမှာ ဇာတ်ဝင်ခန်းသုံးသေနတ်မတော်တဆမှုကြောင့် ရုပ်ရှင်အဖွဲ့သားတစ်ဉီးထိခိုက်မိခဲ့လို့ ဇာတ်ကားရိုက်ကူးမှုကနေ ထုတ်ပယ်ခံခဲ့ရဖူးတယ်လို့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

၂၀၁၉ခုနှစ်က ဒေးဗ် ဟေးလ်ဟာ “Freedom’s Path” ဇာတ်ကားမှာ လက်ထောက်ဒါရိုက်တာအဖြစ်ဆောင်ရွက်ခဲ့တုန်းကပါ။ ရိုက်ကွင်းမှာ သူ လက်ထောက်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ဇာတ်ဝင်ခန်းသုံးသေနတ်ကနေ ကျည်ဆန် မတော်တဆထွက်သွားခဲ့ပြီး ရုပ်ရှင်အဖွဲ့သားတစ်ဉီးကို ထိခိုက်မိခဲ့တယ်လို့ ထုတ်လုပ်ရေးကုမ္ပဏီ Rocket Soul Studios က ပြောပါတယ်။ အဲဒီရုပ်ရှင်အဖွဲ့သားတစ်ဉီးကို ရိုက်ကွင်းဆေးအဖွဲ့က ကြည့်ပေးခဲ့ပြီး ဆေးကုသမှုခံယူခဲ့ရပါတယ်။ ရက်အနည်းငယ်အကြာမှာတော့ အဲဒီရုပ်ရှင်အဖွဲ့သားက ပြန်လည်သက်သာလာလို့ ရုပ်ရှင်ရိုက်ကွင်းကို ပြန်လာခဲ့တယ်လို့ Rocket Soul က ပြောပါတယ်။

ဒီမတော်တဆမှုနောက်မှာတော့ ဒေးဗ်ကို ရိုက်ကွင်းကနေ ဖယ်ရှားခဲ့ပြီး ထုတ်လုပ်ရေးကနေလည်း ထုတ်ပယ်ခဲ့ပါတယ်။ “ဇာတ်ဝင်ခန်းသုံးသေနတ်ကြောင့် မတော်တဆမှုဖြစ်ပွားပြီးတဲ့နောက်မှာ ဒေးဗ်ကို ချက်ခြင်းပဲ ရိုက်ကွင်းကနေ ထုတ်ပယ်ခဲ့တယ်။ သူ ရိုက်ကွင်းကနေ ထွက်မသွားမချင်း ရိုက်ကူးရေးပြန်မစခဲ့ဘူး။ အဲဒီအချိန်တုန်းက ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ခဲ့တယ်” လို့ Rocket Soul က ပြောပါတယ်။

ထုတ်လုပ်ရေးကလည်း ဒေးဗ်ကို အကြောင်းပြချက်ခိုင်ခိုင်မာမာပေးပြီး ထုတ်ပယ်ခဲ့သလို ဒေးဗ်ကလည်း သူထုတ်ပယ်ခံရတဲ့အကြောင်းအရင်းကို နားလည်လက်ခံခဲ့ပါတယ်။ “Freedom’s Path” ဇာတ်ကားအတွက် လက်ထောက်ဒါရိုက်တာအသစ်ခန့်ခဲ့ပြီး ဇာတ်ကားရိုက်ကူးမှုလည်း အောင်မြင်စွာ ပြီးမြောက်ခဲ့တယ်လို့ သိရပါတယ်။

Ref: CNN “”Rust” assistant director was fired from previous movie after gun incident injured crew member”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top