ဇနီးသည်ရှာဖွေခြင်းအပေါ် အဖေ၏ အကြံပေးချက်

old-couple-taking-a-self-portrait-P4VGUTZ.jpg

ငါ့သား မင်းအတွက် ဇနီးသည်ရှာဖွေခြင်းအပေါ် ကုန်ကြမ်းတွေ ငါပေးချင်ပါတယ်။ အဲဒီ အကြံပြုချက်တွေဟာ သားအတွက် အသုံးဝင်ပြီး ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ ချစ်သူမိန်းကလေး၏ ရင်သားဆိုက်နဲ့ တင်ပါးဆိုက် ဘယ်လောက်ကြီးတယ်ဆိုတာ ငါ့သားအနေနဲ့ မစိုးရိမ်ပါနဲ့။ ဒါပေမယ့် သူမ၏ နှလုံးသားနဲ့ ဦးနှောက် အတွက်ပဲ ငါ့သား စိုးရိမ်ပါ။ သူမ၏ မင်းအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေ သည်းခံနိုင်စွမ်းတွေကို ငါ့သားစိုးရိမ်ပါ။ ဘာလို့လဲဆိုတော့ နောက် ၅ နှစ် ၁၀ နှစ်ကြာရင် ရင်သားနဲ့ တင်ပါးတွေဟာရှိမှာ မဟုတ်တော့ပါဘူး။

အခုမင်းအမေကို ကြည့်ပါ။ မင်းအမေရဲ့ ရင်သားနဲ့ တင်ပါးတွေဟာ ပြားချပ်လို့သွားပြီ။ ဒါပေမယ့် အဖေတို့ဟာ ပျော်ရွှင်စွာ အတူလက်တွဲ နေထိုင်ကြတုန်းပါ။ မင်းအမေကို အဖေလည်း ချစ်တယ်။ မင်းအမေလည်း အဖေ့ကို ချစ်နေတုန်းပါပဲ။ ငါ့သား .. ငွေချစ်တဲ့ မိန်းမတွေကို သတိထားပါ။ အဖေဆိုလိုတာ အဲလိုမိန်းမတွေဟာ သူတို့၏ ဆံပင်၊ အဝတ်အစား၊ ဖိနပ်၊ လွယ်အိတ် နဲ့ မိတ်ကပ် အကြောင်းတွေကို အချိန်တိုင်း ပြောလိမ့်မယ်။ အဲဒီ မိတ်ကပ်တွေ၊ အဝတ်အစားတွေ မပါဘဲ လက်ထပ်ပြီး နေနိုင်ပေမယ့် အချစ်မပါဘဲနဲ့တော့ လက်ထပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

မင်းအမေကို လက်ထပ်တုန်းက ငါ့မှာ ကားတစ်စီးလည်း မရှိခဲ့ဘူး ကိုယ်ပိုင်အိမ်လည်း မရှိခဲ့ပါဘူး။ ငါလည်း ပညာတတ်ကြီး တစ်ယောက်လည်း မဟုတ်ခဲ့ဘူး။ ဒါပေမယ့် ငါ့မှာ ရည်မှန်းချက်တွေ ရှိခဲ့တယ်။ အဲဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ အတွက် မင်းအမေဟာ ငါ့ကို ကူညီပေးခဲ့တယ်။ ငါ့သား.. မင်းရဲ့စိတ်ကူး အိပ်မက်တွေကို ထောက်ခံအားပေး ကူညီမှုမရှိတဲ့ မိန်းမအကြောင်း ၁ မိနစ်လောက် တွေးမိရင်တောင် မတန်ဘူး။ ဒါပေမယ့် မင်းရဲ့စိတ်ကူး အိပ်မက်တွေကို မင်းထက်ပိုပြီး ကောင်းမွန်အောင် သိရှိနားလည်တဲ့ မိန်းမမျိုးကို တွေ့ရင်တော့ မင်းအရမ်းကံကောင်းတာပေါ့။ ငါ့သား…သေချာနားထောင်ပါ။ ရှောင်သင့်တဲ့ မိန်းမမျိုး ဆိုတာရှိတယ်။ အဲ့လိုမိန်းမမျိုးကို ယောင်မှားပြီးတောင် လက်မထပ်ပါနဲ့။ သားနောင်တရလိမ့်မယ်။ အဖေပြောချင်တဲ့ အဲ့လိုမိန်းမမျိုးဆိုတာ လူတိုင်းနဲ့ပတ်သက်ပြီး မကောင်းတာကိုပဲ ပြောချင်တဲ့ မိန်းမမျိုးဖြစ်တယ်။ အကယ်လို့ အဲ့လိုမိန်းမမျိုးနဲ့သာတွေ့ခဲ့ရင် ဝေးဝေးရှောင်ပါ။

လက်ထပ်ဖို့အတွက် မသင့်တော်တဲ့ အဆိုးဆုံး မိန်းမမျိုးကတော့ အရာရာတိုင်းကို စောဒကတက်တတ်တဲ့ မိန်းမမျိုးပါပဲ။ ဒါလုပ်ရင် ဟိုဟာ လုပ်သင့်တယ်ပြော၊ ဒါဝယ်ရင် ဟိုဟာဝယ်သင့်တယ်ပြောတတ်တဲ့ သူမျိုးဖြစ်ပါတယ်။ ဝေးဝေးရှောင်ပါ ငါ့သား။ မိန်းမအများစုဟာ စကားပြောရတာ အတော်နှစ်သက်ကြပါတယ် ဒါပေမယ့် စကားပြောခြင်းကို ၂ နာရီလောက်လုပ်ပြီး နားထောင်တာကို ၂ မိနစ်လောက်ပဲလုပ်တဲ့ မိန်းမမျိုးဟာ အားပြင်းတဲ့ ဗုံး တစ်လုံးလိုပါပဲ။ ဉာဏ်ပညာရင့်သန်ပါ။ ဟန်ဆောင်မှုတွေနဲ့ လက်တွဲဖော်ကို သတိထားပါ။ ဟန်ဆောင်ထားတဲ့ မိန်းမဆိုတာ သိဖို့အတွက် မခဲယဉ်းပါဘူး။ သူမဟာ အရာအားလုံးကို အလုံးစုံ သိထားသလို၊ သတိဝီရိယရှိသလို ဖြစ်နေမယ်။ မျက်လုံးများကို မှိတ်ပြီး နှလုံးသား တံခါးကိုဖွင့်ထားပါ။ တွေ့ပါလိမ့်မယ်။

ဘယ်မိန်းမမှ ပြီးပြည့်စုံခြင်း မရှိပါဘူး။ သင့်အိပ်မက်တွေကို ယုံကြည်ကိုးစား သင့်ကိုလေးစားပြီး လက်တွေ့ သက်သေပြတတ်သူ၊ သူ့အတွက်ပဲ သူသိတာမျိုး မဟုတ်ဘူးဆိုရင် အဲ့လိုမိန်းမမျိုးကို လက်မလွှတ်ပါနဲ့။ ဒါပေမယ့် ငါမင်းကို သွန်သင်ထားတဲ့အတိုင်း မင်းကိုယ်မင်း လူဆိုးတစ်ယောက် ဖြစ်မသွားဖို့ ဂရုစိုက်ပါ။

အကယ်လို့ ငါ့သားဟာ မိန်းမကောင်း တွေ့ခဲ့လို့ မကောင်းတဲ့ ယောက်ျားဖြစ်နေခဲ့ရင် မင်းရဲ့ အိမ်ထောင်ရေးဟာ ကောင်းမွန်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ မင်းရဲ့ ဇနီးကို အဖေ မရွေးပေးပါဘူး။ ဒါပေမယ့် အကြံဉာဏ်တွေပေးခြင်းသာ ဖြစ်ပါတယ်။ ဇနီးကောင်းကို ငါ့းသား တွေ့ပြီ ဆိုရင်တော့ အဖေတို့ရဲ့ ဆုမွန်ကောင်းတွေ သူမကို ပေးအပ်နိုင်ဖို့ အတွက် ခေါ်လာခဲ့ပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top