အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၄-၃-၂၀၁ ၉ မှ ၃၀-၃-၂၀၁၉ ရက်နေ့အထိ)

Bay-Din-Week-4-March.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၄-၃-၂၀၁ ၉ မှ ၃၀-၃-၂၀၁ ၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ
တနင်္ဂနွေသားသမီးများ ယခုတစ်ပတ်အတွင်း စီးပွားရေးနှင့်ပတ်သက်ပြီး ရဲရဲလုပ်ကိုင်ရန်အကြံပြုပါရစေ။ စိတ်နှစ်ခွဖြစ်နေခဲ့မည်ဆိုရင်တော့ စီးပွားရေးမှာ နောက်ကောက်ကျန်ခဲ့ရပါမည်။ အထူးသဖြင့် ပြည်ပမှတင်သွင်းသည် ပစ္စည်းများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ကုန်သွယ်သူများ စိတ်ကိုပြတ်ပြတ်သားသားဆောင်ရွက်လိုက်ပါ။ ချေးငွေများနှင့်ပတ်သက်ပြီး သတိထားပါ။ ကျန်းမာရေးအနေနှင့် ခေါင်းကိုက်၊ခါးကိုက်ဖြစ်မည်၊ ဆီးကျောက်တည်ခြင်းလည်း ဖြစ်လိမ့်မည်၊ အထူးသတိပြုပါ။အချစ်ရေးအနေနှင့် မိမိတစ်ကိုယ်ကောင်းစိတ်ထက် ချစ်သူကို အလိုလိုက်ခြင်းက ချစ်သူနှစ်ဦးတွက် အကောင်းဆုံးဖြစ်လာပါလိမ့်မည်။ အိမ်ထောင်ရှင်များ မာနပြိုင်နေခြင်းကလည်း အနေဝေးသွေးအေးသွားစေသဖြင့် သတိပြုပါ။ ပြည့်ပသို့ သွားရောက်မည် ပညာသင်ကြားသူများအနေနှင့် အတော်လေးကြိုးစားရန်လိုပါလိမ့်မည်။ ကား၊ ဆိုင်ကယ် ဝင်တတ်သည်။ အစိုးရဝန်ထမ်းများ အလုပ်များနေမည်။
အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ၄။ ယတြာ – ရေသန့်ဗူးများကို တတ်နိုင်သလောက်လှူပါ။

တနင်္လာ
ယခုအပတ်အတွင်း တနင်္လာသားသမီးများ စီးပွားနေအနေနှင့် ခက်ခဲနေလိမ့်မည်။ အထူးသဖြင့် တောင်သူလုပ်ငန်းလုပ်ကိုင်သူများ ခက်ခဲမည်။ အသီးအနှံများကျဈေးဖြင့် ရင်ဆိုင်နေရတတ်သည်။ မိမိအနေနှင့် အချိန်ကို စောင့်နိုင်ပါက တက်ဈေးနှင့် ရလိမ့်မည်။ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးနှင့် ဆက်စပ်သောလုပ်ငန်းများ ကံကောင်းပြီး အရောင်းအဝယ်ဖြစ်မည်။ လျှပ်စစ်ပစ္စည်းရောင်းချသူများ အေးစက်နေတတ်သည်။ အထည်အလိပ်သမားများ ကြွေးကျပြီး တောင်းမရဖြစ်နေတတ်သည်။ ကျန်းမာရေးအနေနှင့် အပူနာများဖြစ်တတ်သည်၊ အူမကြီးနှင့်ပါတ်သက်သော ရောဂါများလည်း ဖြစ်တတ်သည်။ အချစ်ရေးအတွက် မကြခင် ချစ်သူနှင့် ခရီးတို့၊ခရီးရှည်များသွားရလိမ့်မည်။ ပျော်ရွှင်ရမည့်ခရီးဖြစ်မည်။ အိမ်ထောင်သည်များ အပန်းဖြေခရီးထွက်ရမည်၊ ပင်လယ်ကမ်းခြေခရီးဖြစ်ပါက သားငယ်သမီးငယ်များ ရေသတိထားပါ။ ပညာရေးသမားများကံကောင်းပါသည်။ မြေ၊ အိမ်၊ ခြံများ ဝင်မည်၊ထွက်မည်။ အစိုးရဝန်ထမ်းများ ငွေကြေးကို အကြောင်းပြုပြီး ဖြေရှင်းရတတ်သဖြင့် သတိပြုပါ။
အကျိုးပေးဂဏန်း – ၂ ၊ ၅၊ ၉။ ယတြာ – ကံကော်ပန်းများအား ဘုရားတွင် လှူပေးပါ။

အင်္ဂါ
ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့အနေဖြင့် စီးပွားရေးအတွက် ကံကောင်းသောအချိန်ဖြစ်သည်။ စားသောက်ဆိုင်၊လက်္ဘရည်ဆိုင်နှင့် အစားအသောက်နှင့်ပတ်သက်သော လုပ်ငန်းများ ကံကောင်းချိန်ဖြစ်သည်။ အဖျော်ယမကာနှင့် ပတ်သက်သောလုပ်ငန်းများကတော့ အနည်းငယ်ညံ့ပါတယ်။ ငွေကြေးကိုအခြေခံပြီး လုပ်ကိုင်သော လုပ်ငန်းများ သတိပြုပါ၊ ငွေအလိမ်ခံရပါလိမ့်မယ်။ ကျန်းမာရေးအနေနှင့် ရုတ်တရက်ဖြစ်ခြင်း၊ အစာအိမ်နှင့် ကျောက်ကပ်ခွဲစိတ်ရခြင်းများ ဖြစ်တတ်သည်၊ ရောဂါဖြစ်ပါက ဆေးမှီးတိုနှင့် မကုပါနှင့် တတ်သိသော ဆရာဝန်ကြီးများ၊ တိုင်းရင်းသမားတော်ကြီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ အချစ်ရေးကတော့ ကတောက်ကဆဖြစ်နေမည်၊ တစ်ယောက်နှင့် တစ်ယောက် သိမခံနိုင်ဘဲရှိမည်၊ လက်ထပ်ရန် ဝေးနေပါအုံးမည်။ အိမ်ထောင်ရေးကတော့ ကောင်းပါသည်။ ပညာရေးအနေဖြင့် ဝန်ထမ်းများ သင်တန်းတက်ရောက်နေပါက သင်တန်းပြီးလျှင် ရာထူးတိုးနိုင်သည်။ လျှပ်စစ်ပစ္စည်းများ ဝင်လိမ့်မည်။ ထီထိုးပါ။
အကျိုးပေးဂဏန်း – ၁ ၊ ၆ ၊ ဝ။ ယတြာ – ဇီးသီး(သို့) ဇီးယိုများအား ကလေးများအား ဒါနပြုပါ။

ဗုဒ္ဓဟူး
ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပါတ်အတွင်း စီးပွားရေးဆိုင်ရာ မည့်သည့်ကိစ္စကိုမဆို ပြတ်ပြတ်သားသားပြောဆိုလုပ်ကိုင်ပါ။ အထူးသဖြင့် ကျောက်စိမ်း၊ ကျောက်မျက်ရတနာလုပ်ငန်းများ၊ အဝတ်အထည်၊ ခရီးသွားလုပ်ငန်းများ ကံကောင်းပါသည်။ အစုအစပ် စပ်တူရှယ်ယာလုပ်ငန်းများ အထူးသတိပြုလုပ်ဆောင် သင့်သည့်အချိန်ကာလဖြစ်ပြီး ငွေကြေးကို လိုအပ်သည်ထပ် ပိုမသုံးသင့်သောအချိန်ဖြစ်သည်။ ရေလုပ်ငန်းများ မကောင်းသေးပါ။ကျန်းမာရေးအနေနှင့် သွေးတိုးရောဂါဈ ဆီးချိုနှင့် အသားပွခြင်း၊ ရောင်ခြင်း၊ ဖောခြင်းတို့ဖြစ်မည်။ တတ်သိသော သမားတော်နှင့် သေချာကုသပါ။ အချစ်ရေးတွင် စန်းပွင့်နေပြီး ချစ်သူအပြင် အခြားတစ်ယောက်ကလည်း မိမိကို တိပ်တခိုး ချစ်နေတတ်သည်။ အိမ်ထောင်ရေးမှာလည်း တိပ်တခိုးချစ်သူပေါ်ပေါက်တတ်ပြီး အကျိုးဆက်အနေနှင့် မိသားစုပြသနာဖြစ်တတ်သည်။ ရှောင်ပါ။ပညာရေးကောင်းပါသည်၊ အစိုးရဝန်ထမ်းများ အထက်လူကြီးကို အကြောင်းပြုပြီး အဆင်ပြေမည်။

ရာဟု။ ။ရာဟုသားသမီးများ ယခုတစ်ပါတ်အတွင်း ကံကောင်းပါသည်။ ကား၊ဆိုင်ကယ် အစရှိသည် စက်တတ်ယာဉ်ကို အကြောင်းပြုပြီး ထိမိလိုက်မိတတ်သည်။ အချစ်ရေးကောင်းပါသည်။ ကျန်းမာရေးအနေနှင့် အစာအိမ်ဝေဒနာခံစား နေရသူများ ဆရာကောင်းတွေပြီး သက်သာမည်။
အကျိုးပေးဂဏန်း – ၄ ၊ ၅ ၊ ၇။ ယတြာ – ဘုရားကို ရွက်လှ (၁၇) ညွှန့်လှူပါ။

ကြာသပတေး
ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် ပြည်ပမှ နိုင်ငံခြားသားများနှင့်လုပ်ကိုင်ရသော လုပ်ငန်းများ သတိပြုလုပ်ကိုင်ပါ။ ဆောက်လုပ်ရေးလုပ်ငန်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ လုပ်ငန်းများတွင် ပိုသတိထားပါ။ တောင်သူများအနေဖြင့် မိမိတို့ စိုက်ပျိုးထားသော အသီးအနှံများ ဈေးကောင်းမရဘဲရှိမည်။ အထားခံသည့် ကြက်သွန်ကဲ့သို့ ပစ္စည်းများအား သိုလောင်ထားနိုင်ပါက အမြတ်အစွန်းများစွာရရှိမည်။ကျန်းမာရေးအနေနှင့် သီးခေါင်းနှင့်ပါတ်သက်ပြီး ခေါင်းကိုက်ခြင်း၊မူဝေခြင်ဖြစ်မည်၊ သွေးတိုးမည်။ မတော်တဆ ဦးခေါင်းထိခိုက်မိမည် အထူးသတိပြုသင့်သည်။ ဦးနျောက်က်သွေးကြောပြတ်တတ်သဖြင့် ရေချိုးခြင်းကို အချိန်နှင့် သတိပြုပါ။ အချစ်ရေးကံ ကောင်းပါသည်၊ သိတတ်သောချစ်သူကိုရမည်။ အိမ်ထောင်ရှင်များလည်း မိသားစု ဘုရားဖူးခရီးသွားရလိမ့်မည်၊ ကောင်းပါသည်။ ပညာရေးအနေနှင့် ဘာသာစကားများကို လေ့လာသင့်သည့်အချိန်ဖြစ်သည်။ ကျောက်မျက်ရတနာ ဝင်ကိန်းရှိပါသည်။ အစိုးရဝန်ထမ်းများ အလုပ်တွင် အရေးကြီးစာရွက်စာတမ်းပျောက်ဆုံးတတ်သည်။
အကျိုးပေးဂဏန်း – ၅ ၊ ၇ ၊ ဝ။ ယတြာ – ငှက် (၅) ကောင်လွှတ်ပြီး လိုရာဆုတောင်းပါ၊ ငှက်လွှတ်ပြီး အပြန် ထီထိုးပါ။

သောကြာ
သောကြာသားသမီးများအနေနှင့် ယခုတစ်ပတ်အတွင်း ကံကောင်းနေသဖြင့် ပေါ်ပင်စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်သင့်ပါသည်။ ကန်ထရိုက်ယူခြင်းမှအစ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ အထူးအဆင်ပြေမည့်အချိန်ဖြစ်သည်။ သို့သော် ကျောက်မျက်ရတနာတူးဖော်ခြင်းနှင့် လျှပ်စစ်ပစ္စည်းလုပ်ကိုင်သူများအနေဖြင့် စပ်တူလုပ်ခြင်း သတိပြုပါ။ ကျန်းမာရေးအနေဖြင့် သားအိမ်ရောဂါနှင့် ခါးရောဂါအထူးသတိပြုပါ။ ခါးရောဂါအနေဖြင့် ပြင်ပမှ မတော်တဆ ထိခိုက်မိခြင်းကြောင့် ဖြစ်တတ်ပြီး ခါးရောဂါဖြစ်ပါက ကုသရန် အလွန်ခက်ပါလိမ့်မည်။ အချစ်ရေးတွင် အလွန်ဒဿနဆန်သော ချစ်သူကို ရရှိပြီး ပျော်ရလိမ့်မည်။ အိမ်ထောင်သည်များအနေဖြင့် မိသားစုနှင့် ဝေးကွာနေတတ်ပြီး အလုပ်ကိစ္စကိုသားအာရုံစိုက်နေမည်၊ မိသားစုကို အလေးထားရန်လိုအပ်ပါသည်။ ပညာရေးအနေဖြင့် ဝန်ထမ်းများ သင်တန်းတက်ရတတ်သည်။ အစိုးရဝန်ထမ်းများ နေရာအပြောင်းအရွေ့ကိစ္စများ အဆင်ပြေသွားမည်။
အကျိုးပေးဂဏန်း – ၆ ၊ ၂ ၊ ၉။ ယတြာ – ကလေးများအား မုန့်နှင့် ရေဗူးများ ဝေပေးပါ။

စနေ
ယခုတစ်ပတ်အတွက် စနေသားသမီးတို့ စီးပွားရေးလုပ်ရာတွင် ဒေါသကို ရှေ့မထားရန်လိုအပ်သည်။ ပြိုင်ဆိုင်ခြင်းနှင့် ဒေါသကြောင့် လုပ်ငန်းအမှားများဖြစ်ပြီး မိမိစီးပွားရေးနှစ်နာတတ်သည်။ ပြည်ပမှစက်ပစ္စည်းများတင်သွင်းသည့်လုပ်ငန်း၊ အထည်အလိပ်နှင့် လယ်ယာထွက်ကုန်လုပ်ငန်းဖြင့် အမြတ်များရရှိမည်ဖြစ်သည်။ ရေထွက်ပစ္စည်းလုပ်ငန်း နှင့် ကျောက်မျက်ရတနာလုပ်ကိုင်သူများ အဆင်မပြေဖြစ်တတ်သည်။ အထူးသဖြင့် အကျိုးဆောင်လုပ်သူများ အလိမ်ခံရပြီး ပြဿနာရင်ဆိုင်ရတတ်သည်။ ကျန်းမာရေးအနေနှင့် ဆီးကျောက်တည်ခြင်း၊ သဲခြေကျောက်တည်ခြင်းနှင့် အသဲရောဂါရသူများ သတိထားပါ၊သေချာကုသပါ။ အချစ်ရေးတွင် အရာရာကို ခွင့်လွှတ်သည့်စိတ်ဖြင့် ကြည့်နိုင်ရန်လိုပါသည်။ စိတ်မထားတတ်ပါက ရန်များပြီး ချစ်သူနှင့် အလှမ်းဝေးသွားလိမ့်မည်။ အိမ်ထောင်ရေးကံကောင်းပါသည်။ ပညာရေးသမားများ မိမိထင်ထားသည်အတိုင်း ဖြစ်လာပါလိမ့်မည်။ စက်ပစ္စည်းဝင်မည်။ အစိုးရဝန်ထမ်းများ အလွန်အလုပ်များပြီး စာရွက်စာတမ်းပျောက်တတ်သည်။
အကျိုးပေးဂဏန်း – ၂ ၊ ၆ ၊ ဝ။ ယတြာ – ထန်းသီးမုန့်( သို့) ထန်းလျှက် ဘုရားလှူပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top