မြောက်ဦးမြို့ဆီသို့ အလည်တစ်ခေါက်

37183175_296411071102862_2910214585015336960_n.jpg

ရခိုင်ပြည်နယ်မှာရှိတဲ့ မြောက်ဦးမြို့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကျော်ကြားဆုံး ရှေးဟောင်းအမွေအနှစ်တွေ စုဝေးတည်ရှိနေတဲ့ နေရာ ဖြစ်ပါတယ်။ ၁၅ ရာစုမှ ၁၈ ရာစုအထိ ရခိုင်တွေရဲ့ မြို့တော်လို့ပြောလို့ရတဲ့ မြောက်ဦးမြို့ကို

၁၄၃၀ ခုနှစ်မှာ ဘုရင် မင်းစောမွန်က တည်ထောင်ခဲ့ပါတယ်။ ယခုခေတ် မြောက်ဦးမြို့ဟာ ခရီးသွားတွေအတွက် မမေ့နိုင်စရာခရီးလေးတစ်ခုကို ဖန်တီးပေးနိုင်တဲ့ တိတ်ဆိတ်ပြီး ငြိမ်သက်တဲ့မြို့လေးတစ်မြို့ ဖြစ်နေပါတယ်။

မြောက်ဦးမြို့မှာ ရှေးဘုရင်တွေရဲ့ အထင်ကြီးဖွယ် ဆောက်အဦတွေ၊ ဘုရားပုထိုးတွေ အများကြီး ရှိပါတယ်။ မြောက်ဦးမြို့မှာ ဘုရားပုထိုးများစွာဟာ အဓိက ဆွဲဆောင်မှုရှိတဲ့နေရာတွေ ဖြစ်လာပါတယ်။ ဘုရားပုထိုးရာပေါင်းများစွာထဲကမှ အများစုမှာ နာမည်တွေနဲ့ ဆောက်လုပ်ခဲ့တဲ့နေ့စွဲတို့ကို အင်္ဂလိပ်လိုဖော်ပြထားပါတယ်။

ရှစ်သောင်းဘုရားဟာ မြောက်ဦးမြို့က ဘာသာရေးအထိမ်းအမှတ်တွေထဲမှာ အထင်ရှားဆုံး ဖြစ်ပြီးတော့ ဗုဒ္ဓဘုရားရှင်ရဲ့ ပုံပေါင်း ၈၀၀၀၀ ကို အစွဲပြုပြီး ရှစ်သောင်းဘုရားလို့ အမည်မှည့်ခဲ့တာ ဖြစ်ပါတယ်။ ရှစ်သောင်းဘုရားရဲ့ အဓိကနံရံတွေမှာဆိုရင် ဗုဒ္ဓဘုရားရှင်ရဲ့ ရုပ်ထုရာပေါင်းများစွာ ရှိပါတယ်။ ကိုးသောင်းဘုရားကတော့ မြောက်ဦးမြို့ရဲ့ အရှေ့မြောက်ဘက် ၂.၅ ကီလိုမီတာမှာရှိပါတယ်။ ကိုးသောင်းဘုရားဟာ မြောက်ဦးမှာအကြီးဆုံးဘုရားပုထိုး ဖြစ်ပါတယ်။

မြောက်ဦးမှာ ရှုခင်းတွေကြည့်ရင်း ရှေးဟောင်းသုတေသနပြတိုက်ကိုလည်း သွားရောက်လည်ပတ်စေချင်ပါတယ်။ ဒီပြတိုက်ဟာ တော်ဝင်နန်းတော်ထဲမှာ တည်ရှိပါတယ်။ ဒီပြတိုက်ထဲမှာ ဘာသာရေးဆိုင်ရာ ပန်းပုရုပ်တွေ၊ ရှေးဟောင်းပစ္စည်းတွေနဲ့ မြောက်ဦးမြို့ရဲ့ပန်းချီလက်ရာ၊ ကျောက်စာ၊ ဝေသာလီခေတ်ဒင်္ဂါးတွေကို တွေ့နိုင်ပါတယ်။ ပြတိုက်ကို မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ဖွင့်ထားပါတယ်။မြောက်ဦးမြို့ရဲ့မြောက်ဘက် ၁၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ဝေသာလီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ က ရှေးဟောင်းရခိုင်ဘုရင်ရဲ့ မြို့တော်ဖြစ်တဲ့ ရွာငယ်လေးဖြစ်ပါတယ်။ မြောက်ဦးမြို့ရဲ့ ဈေးပတ်ဝန်းကျင်မှာတော့ စားသောက်ဆိုင်ငယ်တွေ အများကြီးရှိပါတယ်။ တရုတ်အစားအစာတွေ ရနိုင်သလို ရခိုင်အစားအစာတွေကိုလည်း မြည်းစမ်းနိုင်ပါတယ်။

Ref: www.myanmarprivateholidays.com “Mrauk U-The Forgotten Heaven of Myanmar”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top