ရွှေပုလင်းနဲ့ အခြားရွှေသားဆုမဲပေါင်းများစွာကို မဲဖောက်ပေးမယ်

grand_02.jpg

Grand Royal ရဲ့ ပရီမီယမ်ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ Special Reserve အတွက် ရွှေသားအတိနဲ့ သီးသန့် ပြုလုပ်ထားတဲ့ ရွှေပုလင်းအပြင် အခြားရွှေသားဆုမဲပေါင်းများစွာကို မဲဖောက်ပေးသွားမယ်လို့ စက်တင်ဘာ ၁၂ ရက်၊ မွန်းလွဲ ၂ နာရီက The Strand Hotel မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

အခုလို မဲဖောက်ပေးမယ့် ရွှေသားအတိနဲ့ ပြုလုပ်ထားတဲ့ ရွှေပုလင်းဟာ ၇၀၀ ml အရွယ်အစားရှိပြီးတော့ အဲဒီရွှေပုလင်းကို ကမ္ဘာ့အဆင့်မီ မြန်မာ့ရွှေလုပ်ငန်းဖြစ်တဲ့ အောင်သမာဓိ စိန်ရွှေရတနာဆိုင်နဲ့ ရွှေသန့်စင် လုပ်ငန်းကနေ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

”ရွှေဆိုတာ ကမ္ဘာပေါ်မှာ ကျက်သရေအရှိဆုံးနဲ့ မြန်မာလူမျိုးတွေ အရမ်းချစ်မြတ်နိုး တန်ဖိုးထားကြတဲ့ သတ္တုတစ်မျိုးပါ။

အကောင်းကြိုက်တတ်တဲ့ စားသုံးသူတွေကို တန်ဖိုးထားကြောင်း ပြသလိုတာဖြစ်ပါတယ်”လို့ Grand Royal Group ရဲ့ National Sales Manager ဖြစ်သူ ဦးဇော်မျိုးဝင်းက ပြောပါတယ်။

ရွှေပုလင်းကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စက်တင်ဘာ ၁၆ ရက်ကနေစတင်ပြီး ပြသသွားမှာဖြစ်ပြီး ရွှေပုလင်းရဲ့ အလေးချိန်နဲ့ တန်ဖိုးကို ခန့်မှန်းရင်း ရွှေဒင်္ဂါးဆုမဲတွေကို ကံစမ်းနိုင်မယ့်အပြင် အခြားဆုများ ပေးအပ် သွားမယ့် အွန်လိုင်းအစီအစဉ်တွေကိုလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရွှေပုလင်း၊ Hoverboard နဲ့ Bluetooth Speaker တွေအပြင် တစ်သိန်းဆုအပါအဝင် အခြားငွေသားဆု ကျပ်သိန်းပေါင်း ၅၄၀၀ ကျော်တန်ဖိုးရှိတဲ့ ဆုမဲတွေကို Special Reserve Whisky ရဲ့ ပုလင်းအဖုံးတွေမှာ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

Grand Royal Group International Company Limited ကို ၁၉၅၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး Grand Royal Whisky, Royal Dry Gin, Eagle Whisky, Grand Royal Special Reserve Whisky နဲ့ Double Gold Whisky တို့ဟာ မြန်မာနိုင်ငံရဲ့ ကုန်အမှတ်တံဆိပ်များပဲ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top