မြန်မာလူငယ်မျိုးဆက်သစ်တွေရဲ့ နည်းပညာ ကျွမ်းကျင်မှုပြိုင်ပွဲ Uni Hack Challenge II

First.JPG

ဒီနေ့ခေတ်ဟာ သတင်းအချက်အလက်နဲ့ နည်းပညာခေတ်ကြီး ဖြစ်တာနဲ့ အညီ နိုင်ငံအသီးသီးမှာလည်း နည်းပညာ ကျွမ်းကျင်မှုကို မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ရပ်အဖြစ် အသားပေးလာကြပါတယ်။  မြန်မာနိုင်ငံမှာလည်း တက္ကသိူလ်ပေါင်းစုံက လူငယ်တွေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ နည်းပညာပြိုင်ပွဲတစ်ခု ဖြစ်တဲ့ Uni Hack Challenge II ပြိုင်ပွဲကို MICT Park က Kanang Hub မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်က ၂၀ ရက်အထိကျင်းပခဲ့ပါတယ်။

New Westminiter က ဦးစီးကျင်းပတဲ့ အဲဒီ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေရဲ့ project idea ပေါင်း ၄၀ ကျော်ကို မဲစနစ်နဲ့ ရွေးချယ်ခဲ့ပြီး မဲ အများဆုံး ရရှိတဲ့ idea ပေါင်း ၂၀ ကို ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။
ပထမ ၊ ဒုတိယ၊ တတိယနဲ့ လူကြိုက်အများဆုံး ပရောဂျက်ဆုဆိုပြီး ဆု လေးဆုကို နည်းပညာနယ်ပယ်က ပညာရှင်တွေနဲ့ ပြင်ပလုပ်ငန်းရှင်တွေက ရွေးချယ်ပေးခဲ့တာ ဖြစ်ပါတယ်။

 

 ပထမ ဆုရတဲ့ အသင်းကတော့ D.I.Y (Do It Yourself) လို့ ခေါ်တဲ့ လက်မှုပစ္စည်းတွေကို နည်းကြည့်ပြီး ကိုယ်တိုင်ပြုလုပ်ဖန်တီးန်ိုင်စေမယ့်၊ ကိုယ် တတ်ကျွမ်းတဲ့ လက်မှုပစ္စည်းဖန်တီးမှု ပညာကိုလည်း အများနဲ့ ပြန်လည်မျှဝေစေနိုင်မယ့် project ကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ ရရှိတဲ့ အသင်းကတော့ ဟင်းချက်သူ အိမ်ရှင်မတွေနဲ့ အိမ်ဟင်းလက်ရာကို စားသုံးလိုသူတွေကြား ချိတ်ဆက်ရောင်းချပေးနိုင်မယ့် Home Food Service အတွက် project ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

 တတိယ ရရှိတဲ့ အသင်းကတော့ ရှိူးပွဲတွေအကြောင်း သတင်းရရှိနိုင်၊ လက်မှတ်ဝယ်ယူနိုင်ဖို့ အတွက် application ရေးဆွဲသရုပ်ပြခဲ့တာပါ။

 

လူကြိုက်အများဆုံးဆု ရရှိခဲ့တဲ့ အသင်းကတော့ ဓာတ်ပုံအရိုက်ခံချင်သူတွေနဲ့ ဓာတ်ပုံဆရာတွေကြားချိတ်ဆက်နိုင်မယ့် ဓာတ်ပုံဆရာတွေအချင်းချင်းသတင်းအချက်အလက်မျှဝေနိုင်မယ့် photography platform တစ်ခုကို ဖန်တီးသရုပ်ပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

အနိုင်ရကျောင်းသားတွေကို New Westminster Institute မှ ဆုကြေးငွေ များပေးအပ်ခဲ့ပြီး UniHack Challenge II ရဲ့ Partner တွေဖြစ်တဲ့ Doemal Food Discovery Platform ၊ iflix Myanmar နဲ့ GTMH တို့ကလည်း service ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပါတယ်။  အနိုင်ရသူများရဲ့ project များကို ဈေးကွက်မှာ အသုံးဝင်တဲ့ project တွေ ဖြစ်လာအောင် ဆက်လက်အကြံပေး လမ်းညွှန်သွားမယ်လို့လည်း သိရပါတယ်။

ကျော်သန့် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top