အခက်အခဲတွေကြားက အသက်ရှင်ခဲ့ရတဲ့ခွေးလေး

yyl-009-1.jpg

အသက် (၅) နှစ်အရွယ် မက်ဂီ (Maggie) ဆိုတဲ့ခွေးလေးက တကယ့်ကို အံ့ဖွယ်ခွေးတစ်ကောင်ပါ။ ဆိုးရွားတဲ့အဖြစ်အပျက်၊ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ အသက်ရှင်နိုင်ခဲ့တဲ့ ခွေးလေးဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေ သူ့အကြောင်းသိသွားမယ်ဆိုရင် ဂရုဏာသက်မိသွားမှာပါ။

ခွေးလေးမက်ဂီရဲ့သနားစရာအဖြစ်အပျက်ကတော့ ကိုယ်ဝန်ကြီးနဲ့တောင် ရိုက်နှက်ခံရတဲ့အပြင် (၁၇) ကြိမ်လောက် ခြောက်လုံးပြူးနဲ့လည်း အပစ်ခံခဲ့ရတယ်ဆိုတာပါ။ ဒါကြောင့်ပဲ သူဟာ နားရွက်တစ်ဖက်ပြတ်ပြီး မေးရိုးကကျိုး၊ အမြင်အာရုံလည်း ဆုံးရှုံးသွားခဲ့ရပါတယ်။ သေတ္တာတစ်ခုမှာ ချည်နှောင်ထားပြီး နားရွက်တစ်ဖက်ပြတ်နဲ့ မေးရိုးလည်းကျိုးနေတဲ့ သနားစရာမက်ဂီလေးကို လက်ဘနွန်နိုင်ငံက လူတစ်ယောက်က တွေ့ခဲ့တာပါ။

အဲဒီလူက အကူအညီတောင်းခံဖို့အတွက် လူမှုကွန်ယက်အကောင့်မှာ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။ လန်ဒန်မြို့က အမျိုးသမီးတစ်ဦးက အဲဒီပို့စ်ကို မြင်တွေ့ခဲ့ပြီး The Wild At Heart Foundation ကို အကူအညီတောင်းခဲ့ပါတယ်။ “The Wild At Heart Foundation”ကလည်း မက်ဂီကို ကယ်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာ မက်ဂီက ခွဲစိပ်မှုခံယူခဲ့ရသလို အခြားကုသမှုတွေလည်း ပြုလုပ်ခဲ့ရပါတယ်။

နောက်ပိုင်းမှာ မက်ဂီဟာ သူ ထာဝရနေထိုင်ရမယ့်အိမ်နဲ့ သူ့ကိုဂရုစိုက်မွေးစားမယ့် သခင်ကို ရှာတွေ့သွားခဲ့ပါတယ်။ သူ့သခင်က အင်္ဂလန်နိုင်ငံ၊ ဘရိုက်တန်မြို့က ကာစေး ကာလင် (Kasey Carlin) ဆိုတဲ့ အမျိုးသမီးတစ်ဦးပါ။ အခုဆိုရင် ကာစေးဟာ အင်စတာဂရမ်မှာ follower (၂၄၈၀၀၀) နဲ့ ဆယ်လီတစ်ယောက်ဖြစ်နေပါပြီ။ သူက ခွေးစောင့်ရှောက်ရေးစင်တာကနေ အလုပ်ထွက်ခဲ့ပြီး သူ့ရဲ့အချိန်တွေကို မက်ဂီရဲ့အင်စတာဂရမ်အကောင့်အတွက်ပဲ အချိန်ပေးထားပါတယ်။

မက်ဂီက သူနဲ့ အခြားသူတွေကို ဘဝသင်ခန်းစာတွေအများကြီးသင်ပေးခဲ့တယ်လို့ ကာစေးက ဆိုပါတယ်။ မကြာသေးခင်ကမှ မက်ဂီက ကုထုံးခွေးလေးတစ်ကောင်ဖြစ်လာခဲ့ပါတယ်။ သူက ဆေးရုံတွေ၊ ဘိုးဘွားရိပ်သာတွေ၊ တက္ကသိုလ်တွေကို အလည်သွားပြီး အဲဒီနေရာတွေက လူတိုင်းကို အေးချမ်းမှုနဲ့ပျော်ရွှင်မှုတွေခံစားရအောင် လုပ်ပေးနိုင်ပါတယ်။ အိမ်မှာဆိုရင် မက်ဂီက သူ့သခင်ရဲ့အချစ်ကို ရရှိထားသလို မစ်ကာဆိုတဲ့ခွေးလေးရဲ့အချစ်တော်လည်းဖြစ်နေပါတယ်။

Ref: Boredpanda “A Pregnant Dog In Lebanon Gets Shot 17 Times, Has Her Ear Cut Off And Is Blinded, But Recovers And Finds A Forever Home In England”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top