iPhone ကနေ Note 10 ပြောင်းသုံးမယ့်သူတွေကို Microsoft က ဒေါ်လာ (၆၅၀) ထိပေးဖို့စီစဉ်ထား

yyl-051.jpg

စာဖတ်သူက လက်ရှိသုံးနေတဲ့ဖုန်းနေရာမှာ Samsung Galaxy Note 10 ကိုပြောင်းသုံးဖို့ စဉ်းစားနေတဲ့သူဆိုရင်တော့ မိုက်ခရိုဆော့ဖ်ထ်စတိုးကို အမြန်လေးသွားလိုက်သင့်ပါပြီ။ ဘာလို့လဲဆိုရင် Samsung Galaxy Note 10 သို့ Note 10 Plus ကိုဝယ်ယူရင်း လက်ရှိသုံးနေတဲ့ဖုန်းကိုပေးကာအလဲအထပ်လုပ်မယ်ဆိုရင် အများဆုံးဒေါ်လာ (၆၅၀) ထိ ပြန်ရနိုင်မှာဖြစ်လို့ပါပဲ။ ပြန်ရမယ့်ငွေပမာဏကတော့ ကိုယ်လဲမယ့်ဖုန်းမော်ဒယ်လ်အပေါ်မူတည်နေမှာပါ။

မိုက်ခရိုဆော့ဖ်ထ်ရဲ့ ဒီအစီအစဉ်က iPhone သုံးသူတွေကို အဓိကရည်ရွယ်တာဖြစ်ပြီး iOS ကနေ မိုက်ခရိုဆော့ဖ်ထုတ်ကုန်ဝန်ဆောင်မှုတွေပါဝင်တဲ့ Android OS ကိုပြောင်းလဲသုံးစွဲချင်လာအောင် အကျိုးအမြတ်ပေးပြီးကမ်းလှမ်းတဲ့သဘောပါပဲ။

iPhone X, XR, XS နဲ့ XS Max မော်ဒယ်လ်တွေနဲ့ လဲလှယ်မှုအတွက် ဒေါ်လာ (၆၅၀) ပြန်ပေးမှာဖြစ်ပြီး iPhone 8 နဲ့ လဲမယ်ဆိုရင်တော့ ဒေါ်လာ (၄၅၀) ရနိုင်မှာဖြစ်ပါတယ်။ iPhone တွေနဲ့အလဲအလှယ်လုပ်တာအပြင် Android ဖုန်းတွေနဲ့ လဲလို့ရနိုင်ပြီး Samsung ရဲ့ Galaxy S10, Note 9 နဲ့ Google Pixel 3 တွေနဲ့ လဲလှယ်မှုအတွက် ဒေါ်လာ (၆၅၀) ရမှာဖြစ်သလို Galaxy S9, Note 8 နဲ့ Pixel 2 တို့လို နည်းနည်းမော်ဒယ်လ်နိမ့်တဲ့ ဖုန်းတွေနဲ့လဲရင်တော့ ဒေါ်လာ (၄၅၀) ရနိုင်မှာပါ။

ဒီအစီအစဉ်က စက်တင်ဘာ (၂၂) ရက်မှာပိတ်သိမ်းမှာဖြစ်တာကြောင့် နီးစပ်ရာ မိုက်ခရိုဆော့ဖ်စတိုးတစ်ခုကိုသွားပြီး ဒီအခွင့်အရေးကို အရယူလိုက်သင့်ပါတယ်။

Ref: The Verge “Microsoft will give iPhone users up to $650 toward a new Samsung Galaxy Note 10”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top