ပိုက်နက်နယ်မြေကို တစ်လက်မမှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ် သမ္မတပြော

s2.reutersmedia.net_.jpg

တရုတ်နိုင်ငံက ငြိမ်းချမ်းရေးကို လုပ်ဆောင်မှာဖြစ်ပေမယ့် ပိုင်နက်နယ်မြေ တစ်လက်မမှ စွန့်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင့်က ပြောလိုက်ပါတယ်။ တရုတ်သမ္မတဟာ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဂျိန်းမာတစ်နဲ့ တွေ့ဆုံချိန်မှာ အခုလိုမျိုး ပြောခဲ့တာဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေအငြင်းပွားမှုအပြင် ကုန်သွယ်ရေး ပြဿနာတွေကြောင့် တရုတ်နဲ့ အမေရိကန်ကြား တင်းမာမှုတွေရှိနေချိန်မှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဟာ တရုတ်နိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးမာတစ်ဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း တရုတ်နိုင်ငံဆီ ပထမဆုံးသွားရောက်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်ပါတယ်။ ဝန်ကြီးမာတစ်က တရုတ်သမ္မတအပြင် အခြားတာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ကောင်းမွန်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ တရုတ်သမ္မတက တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးကို ရည်ရွယ်လုပ်ဆောင်ကြောင်း၊ တရုတ်ပိုင်နက်နဲ့ ပတ်သက်လို့ စွန့်လွှတ်မှာတော့ မဟုတ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အတွင်း လူလုပ်ကျွန်းတွေ လုပ်ဆောင်ကာ ဒေသအတွင်းကို စစ်ရေးချဲ့ထွင်သလို အိမ်နီးချင်းနိုင်ငံတွေကို ကြောက်လန့်အောင် လုပ်ဆောင်နေတယ်လို့ အမေရိကန်က စွပ်စွဲခဲ့ဖူးပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းမှာ နိုင်ငံအများစု ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေ ရှိနေပြီး တရုတ်က ပိုင်နက်အများစုကို ပိုင်းဆိုင်ကြောင်း ပြောဆိုထားပါတယ်။ တောင်တရုတ်ပင်လယ်ဟာ ပင်လယ်ရေကြောင်း အဓိက ထွက်ပေါက်လည်းဖြစ်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ရေနေသတ္တဝါ၊ ငါးတွေ ပေါများတဲ့နေရာလည်း ဖြစ်ပါတယ်။

Ref : China won’t give up ‘one inch’ of territory says President Xi to Mattis

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top