ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကို မြန်မြန်ဖယ်ရှားကြရအောင်

woman-with-cream-for-her-face-MJ3AH6X.jpg

ဝက်ခြံဆိုတာ နာကျင်စေပြီးတော့ ရှက်ရွံ့စေတဲ့ အရာဖြစ်ပါတယ်။ ဝက်ခြံမှာ ရောင်ရမ်းတတ်တဲ့ ဝက်ခြံနဲ့ ရောင်ရမ်းမှု မရှိတဲ့ ဝက်ခြံဆိုပြီး နှစ်မျိုးရှိပါတယ်။

ရောင်ရမ်းတတ်တဲ့ ဝက်ခြံဟာ ပိုပြီး အမာရွတ်တွေ ဖြစ်နိုင်ချေ များပါတယ်။ ဝက်ခြံတွေ ပိုဆိုးလာပြီဆိုရင် အမာရွတ်တွေ ကျန်ခဲ့မှာ အသေအချာပါပဲ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ သင့်မျက်နှာမှာရှိတဲ့ ဝက်ခြံ အမာရွတ်တွေကို မြန်မြန်သက်သာ ပျောက်ကင်းအောင် အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ပြုလုပ်နိုင်မဲ့နည်းလမ်းတွေကို ဝေမျှပေးလိုက်ပါမယ်။

လိမ္မော်ခွံအမှုန့်

လိုအပ်တဲ့ပစ္စည်းကတော့ လိမ္မော်ခွံ အမှုန့်နဲ့ ပျားရည်၊ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ လိုအပ်ပါတယ်။ ပြီးရင် ပါဝင်ပစ္စည်းတွေကို ရောမွှေပေးပါ။ ရောနှောထားတာကို သင့်မျက်နှာကို လိမ်းပေးပါ။ ခြောက်သွားရင် ရေဆေးပေးပါ။ ရက်ခြားပြီး တစ်ကြိမ်စီ ပြုလုပ်ပေးပါ။ လိမ္မော်ခွံ အမှုန့်မှာ ဝက်ခြံ အမာရွတ်နဲ့ တင်းတိပ်တို့ကို လျှော့ချနိုင်တဲ့ အံ့ဩစရာ အစွမ်းသတ္တိတွေရှိပါတယ်။

အုန်းဆီ

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ယူပြီး သင့်လက်ဝါးနဲ့ မျက်နှာကိုပွတ်ပေးပါ။ ဝက်ခြံ အမာရွတ်တွေထဲ စိမ့်ဝင်သွားအောင် သင့်မျက်နှာ တစ်ခုလုံးကို ပွတ်လိမ်းပေးပါ။ တစ်ညလုံး လိမ်းထားပြီး မနက်ကျရင် ရေဆေးချလိုက်ပါ။ နေ့တိုင်း ဒါမှမဟုတ် ရက်ခြားပြီး ပြုလုပ်နိုင်ပါတယ်။ အုန်းဆီမှာပါဝင်တဲ့ ဗီတာမင်အီးနဲ့ ကေက သင့်မျက်နှာကို ပြန်ပြုပြင်ပေးပြီး အရေပြားတစ်ရှူးကို ကျန်းမာစေပါတယ်။

Tea Tree အဆီ

Tea tree အဆီ ၃၊ ၄ စက်လောက်နဲ့ အုန်းဆီ တစ်ဇွန်းတို့ လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ရောမွှေပြီး အမာရွတ်တွေကို လိမ်းပေးပါ။ ၁ နာရီ ၂ နာရိခန့်ကြာလျှင် မျက်နှာသစ်နိုင်ပါတယ်။ နေ့တိုင်း ပြုလုပ်ပေးရင် သိသာတဲ့ရလဒ်ကို ရရှိစေမှာပါ။ Tea tree အဆီက ဝက်ခြံဖြစ်ခြင်းက လျှော့ချပေးရုံသာမက အမာရွတ်တွေကိုလည်း သက်သာ ပျောက်ကင်းစေတဲ့အတွက် အသုံးအများဆုံး ဆေးနည်းဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို ခွာပြီး ဂျဲလ်ကို ခြစ်ယူပါ။ ဂျဲလ်ကို မျက်နှာတစ်ခုလုံးကို လိမ်းပေးပြီး တစ်ညလုံး ထားပေးပါ။ ရှားစောင်းလက်ပတ်ဂျဲလ်ကို နေ့တိုင်း လိမ်းပေးနိုင်ပါတယ်။ ဒီဂျဲလ်မှာ ဝက်ခြံရောင်ရမ်းမှုကို လျှော့ချနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပြီးတော့ ပျက်စီးနေတဲ့ အသားအရေကိုလည်း ပြန်လည် ပြုပြင်ပေးပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနဲ့ ရေလက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရောမွှေပေးပါ။ ဝက်ခြံ အမာရွတ်တွေကို လိမ်းပေးပါ။ ခြောက်သွားရင် ရေဆေးချပေးပါ။ နေ့တိုင်း တစ်ကြိမ်စီ ပြုလုပ်ပေးရင် အကျိုးရလဒ် သိသာလာမှာပါ။ မုန့်ဖုတ်ဆိုဒါက သင့်အရေပြားကို ရေဓာတ်ထိန်းပေးပြီး ဝက်ခြံကို သက်သာစေပါတယ်။

လီမွန်ဖျော်ရည်

လီမွန်တစ်ခြမ်းမှ အရည်ကို ညှစ်ထုတ်ပေးပါ။ ဂွမ်းဖတ်ကို လီမွန်ရည်ထဲ နှစ်ပြီး မျက်နှာကို လိမ်းပေးပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေဆေးချပါ။ ရက်မှန်မှန်ခြားပြီး ပြုလုပ်ပေးပါ။ လီမွန်ဖျော်ရည်ဟာ ဝက်ခြံ အမာရွတ်တွေကို မြန်မြန် အရောင်ဖျော့စေပါတယ်။

အာလူး

အာလူးကိုချေပြီး အရည်ကိုထုတ်ယူပါ။ အရည်ကို ဂွမ်းနဲ့စုပ်ယူပြီး ဝက်ခြံ အမာရွတ်တွေ ဒါမှမဟုတ် တစ်မျက်နှာလုံးကို လိမ်းပေးပါ။ မိနစ် ၂၀-၃၀ လောက်ထားပြီး ရေနဲ့ဆေးကြောပေးပါ။ နေ့တိုင်း ပြုလုပ်ပေးနိုင်ပါတယ်။ အာလူးဟာ အမာရွတ်နဲ့ တင်းတိပ်တွေကို လျှော့ချပေးပြီး အရေပြားကို လင်းစေတာကြောင့် တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။

နှင်းဆီရည်

ဂွမ်းလုံးလေးနဲ့ နှင်းဆီရည်ကို စုပ်ယူပြီး သင့်ရဲ့ သန့်စင်တဲ့ မျက်နှာကို ညင်သာစွာ လိမ်းပေးပါ။ နှင်းဆီရည်ကို မျက်နှာမှာ သူ့အလိုလို ခြောက်သွားပါစေ။ နေ့တိုင်း တစ်နေ့ကို နှစ်ကြိမ် ပြုလုပ်ရပါမယ်။ နှင်းဆီရည်ရဲ့ ကုသနိုင်စွမ်းနဲ့ ရေဓာတ်ဖြည့်နိုင်စွမ်းက သင့်မျက်နှာရဲ့ အမာရွတ်တစ်ရှူးကို ပျောက်ကင်းစေပါတယ်။

ကြက်ဥအကာ

ကြက်ဥတစ်လုံးကို ယူပြီး အနှစ်ကို ဖယ်ထုတ်ပါ။ လီမွန်ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ကြက်ဥအကာနဲ့ ရောပြီး မွှေပါ။ ပြီးရင် သင့်မျက်နှာအနှံ လိမ်းပေးပါ။ မိနစ် ၃၀ လောက်ထားပြီး မျက်နှာသစ်နိုင်ပါတယ်။

လက်ဖက်စိမ်း

လက်ဖက်စိမ်းအထုပ်လေးကို ယူပြီး သင့်မျက်နှာကို လိမ်းပေးပါ။ လက်ဖက်စိမ်း အရွက်နဲ့လည်း မျက်နှာပေါင်းတင်နိုင်ပါတယ်။ နေ့စဉ်တစ်ကြိမ်စီ ပြုလုပ်နိုင်ပါတယ်။ လက်ဖက်စိမ်းဟာ ရောင်ရမ်းတာနဲ့ အမာရွတ် အရွယ်အစားကို သက်သာစေပါတယ်။

Ref: www.stylecraze.com “How to get rid of acne scars and pimple marks”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top