လေလံပွဲက ရရှိခဲ့တဲ့ငွေတွေကို ကလေးဆေးရုံကို လှူဒါန်းခဲ့တဲ့ အသက် (၁၂) နှစ်ကောင်လေး

11yrsoldyoungboy-1.jpg

အိုဟိုင်းယိုးပြည်နယ်၊ ဟူရွန်မြို့က (၇) တန်းကျောင်းသားလေး ဒီဆယ် ပယ်ပတ်တ် (Diesel Pippet) ဟာ ပြီးခဲ့တဲ့စနေနေ့က နိုင်ငံအတွင်းကျင်းပတဲ့တိရစ္ဆာန်လေလံတင်ရောင်းချတဲ့ပွဲတစ်ခုမှာ သူ့ရဲ့ဝက်ကလေးကို လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီလေလံတင်ပွဲမှာ သူ မြင့်မြတ်တဲ့ဆုံးဖြတ်ချက်တစ်ခုအစပျိုးလာခဲ့ပါတယ်။

မီဒီနာမြို့က ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က သူ့ရဲ့ဝက်ကလေးကို ဒေါ်လာ (၁၁၀၀၀) နဲ့ လေလံတင်ခဲ့ပြီး ရရှိခဲ့တဲ့ ငွေတွေကို အကျိုးမမြတ်မယူတဲ့ကလေးဆေးရုံကို လှူဒါန်းခဲ့တဲ့အကြောင်း ဒီဆယ်ကြားသိခဲ့ပါတယ်။ ဒါကြောင့် သူလည်းပဲ လေလံတင်ပွဲက ရရှိတဲ့ ငွေတွေကို St.Jude Children’s Research Hospital မှာလှူဒါန်းဖို့ ဆုံးဖြတ်ချက်တစ်ခုချနိုင်ခဲ့ပါတယ်။

Huron Country Fair Large Animal Sale မှာ လေလံဆွဲသူတွေက ဒီဆယ်ရဲ့ဝက်ကလေးကို ဒေါ်လာ (၅၀၀) နဲ့ စတင်ခဲ့ပြီး အဲ့ဒီကနေ မြန်မြန်ဆန်ဆန်ပွဲ တိုးလာခဲ့ပါတယ်။ နောက်ဆုံးမှာ ဒီဆယ်က သူ့ရဲ့ဝက်ကလေးကို ဒေါ်လာ (၁၅၀၀၀) နဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။ ဒီဆယ်ဟာ အသက် (၉) နှစ်အရွယ်ကတည်းက ဝက်တွေ၊ နွားတွေကို လေလံတင်လေ့ရှိပြီး ဒီအတိုင်း ဆက်လုပ်သွားဖို့နဲ့ နေ့တိုင်း သူ့ရဲ့ငွေတွေကို လှူဒါန်းဖို့ မျှော်လင့်ကြောင်း ဒီဆယ်ရဲ့မိခင်က မျှော်လင့်ထားပါတယ်။

ဒီဆယ်တို့မိသားစုက St.Jude Children’s Research Hospital ကကို သွားလည်ဖို့ စီစဉ်နေပြီး ရောဂါခံစားနေရတဲ့ကလေးတွေကို အရုပ်တွေ၊ ဂိမ်းတွေလည်း လှူဒါန်းသွားဦးမယ်လို့ ဒီဆယ်ရဲ့ မိခင်က ဆိုပါတယ်။

“‘ဒီဆယ်ရဲ့အကြင်နာတရားက St.Judeမှာ ကင်ဆာရောဂါကိုခုံခံနေရတဲ့ အခြားကလေးတွေရဲ့ဘဝကို ပြောင်းလဲသွားစေတဲ့ လှူဒါန်းမှုတွေလုပ်တာက အသက်အရွယ်ကန့်သတ်မထားဘူးဆိုတာကို ပြသနေပါတယ်” လို့ American Lebanese Syrian Associated Charities ရဲ့ ဒေသဆိုင်ရာအုပ်ချုပ်ရေးဒါရိုက်တာ စင်သီယာ ဂါဒါနာ (Cynthia Gardner) က ပြောပါတယ်။

Ref: CNN “A 12-year-old boy raised $15000 at a country fair’s pig auction. Then he gave it to St.Jude.”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top