အိမ်ရာမဲ့အမျိုးသားကို ဖိနပ်သစ်ဝယ်ပေးခဲ့တဲ့ ရဲအရာရှိ

30-7-2020-yyl-008-1.jpg

တက္ကဆက်ပြည်နယ်၊ ပလာနိုမြို့မှာ တာဝန်ကျတဲ့ ရဲအရာရှိတစ်ယောက်ကတော့ အိမ်ရာမဲ့ အမျိုးသားတစ်ယောက်ကို မေတ္တာရှေ့ထား ဆက်ဆံခဲ့လို့ ချီးကျူးဂုဏ်ပြုခံနေရပါတယ်။ သိပ်မကြာသေးခင်က အိမ်ရာမဲ့ အမျိုးသားတစ်ယောက်ရဲ့ အခြေအနေကို စစ်ဆေးပေးဖို့ လူတစ်ယောက်က ပလာနိုရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။

ဖုန်းဆက်အကြောင်းကြားသူနဲ့ စကားပြောပြီးနောက်မှာတော့ အိမ်ရာမဲ့ အမျိုးသားအတွက် ဖိနပ်တစ်ရံ လိုအပ်နေတယ်ဆိုတာ သိရှိခဲ့တဲ့ ရဲအရာရှိ ဒေးဗစ်ဟိုဂန်က ဖိနပ်အသစ်တစ်ရံဝယ်ပြီး သွားပေးခဲ့ပါတယ်။ ဒါဟာ ရဲတပ်ဖွဲ့က ပြဿနာဖြေရှင်းရာမှာ မလိုအပ်ဘဲ အင်အားသုံး ကိုင်တွယ်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲထွက်ပေါ်နေချိန်မှာ အမှောင်ထုထဲကနေ အလင်းရောင်ထွက်ပေါ်လာသလို ဝမ်းသာစရာ ဖြစ်ရပ်တစ်ခုလို့ ဆိုရမှာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top