အပျော်ရွှင်ဆုံးအမျိုးသမီးတွေက ဘယ်သူတွေဖြစ်မလဲ

yyl-015.jpg

တချို့အမျိုးသမီးတွေက ထက်မြက်လွန်းတဲ့အတွက် သူ့နဲ့ လိုက်ဖက်တဲ့လူကို မတွေ့သေးတဲ့အတွက် Relationship ဘဝထဲကို မဝင်ရောက်တာလည်းရှိပါတယ်။ စစ်တမ်းကောက်ယူမှုအရ အမျိုးသမီးတွေက ဆင်ဂယ်အဖြစ်ပိုပြီးနေလာကြသလို သူတို့ရဲ့ဘဝလေးကိုလည်း ကျေနပ်နေကြပါတယ်။ အဲဒီလိုဆင်ဂယ်အဖြစ်နေကြတဲ့အကြောင်းအရင်းက ရိုးရှင်းပါတယ်။ ကိုယ့်ကိုယ်ကိုယ် အပျော်ရွှင်ဆုံးလူသားအဖြစ် ခံစားမိကြလို့ပါပဲ။

ကျွန်တော်တို့လူမှုပတ်ဝန်းကျင်မှာ ဆင်ဂယ်ဖြစ်တာက ဝမ်းနည်းဖို့ကောင်းတာ၊ အထီးကျန်တာလို့ မကြာခဏအဓိပ္ပာယ်ဖွင့်ကြပါတယ်။ တကယ်တော့ ဆင်ဂယ်အဖြစ်နေထိုင်ကြတဲ့အမျိုးသမီးတွေက ချစ်သူရှိတဲ့သူတွေထက် ပိုပြီးပျော်ရွှင်ကြရပါတယ်။ဘာကြောင့် အခုလိုပြောရလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ရပါတယ်။

ကိုယ့်ကိုယ်ကိုယ် အချိန်ပိုပေးဖြစ်တယ်

ချစ်သူရှိတဲ့အမျိုးသမီးတွေက ကိုယ့်ကိုယ်ကိုယ် အချိန်မပေးနိုင်လို့ မကြာခဏအပြစ်တင်ကြပါတယ်။ သူတို့က သူတို့ရဲ့လက်တွဲဖော်ကို အမြဲတမ်းဂရုစိုက်ပေးရသလို အမြဲတမ်းလည်း စိုးရိမ်နေကြရပါတယ်။ ဒါပေမဲ့ သင်က ဆင်ဂယ်တစ်ယောက်ဖြစ်ရင်တော့ သင့်မှာရှိတဲ့အချိန်တွေအားလုံးက သင့်အတွက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးနိုင်တဲ့အတွက် သင်သွားချင်တဲ့နေရာ၊ သင်လုပ်ချင်တာတွေကို လုပ်နိုင်ပါပြီ။ သင်ကသာ သင့်ဘဝရဲ့ပဲ့ကိုင်ရှင်ပေါ့။

လက်တွဲဖက်နဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုလည်းမရှိခြင်း

သင့်လက်တွဲဖော်ရဲ့မွေးနေ့ကို မှတ်ထားရတာ၊ ခါကြီးရက်ကြီးတွေအတွက် လက်ဆောင်ပေးဖို့အတွက် ခေါင်းစားရတာတွေရှိပါတယ်။ ဒါ့အပြင် သင့်ကိုယ်တိုင်က ခေါင်းအစ၊ ခြေအဆုံးအထိ အမြဲတမ်းပြီးပြည့်စုံနေရပါတယ်။ Relationshipဘဝက အရမ်းအလုပ်ရှုပ်ပြီး လက်တွဲဖော်အတွက် အချိန်ပေးထားရပါတယ်။ သင်ဟာ ဆင်ဂယ်တစ်ယောက်ဆိုရင် လက်တွဲဖော်အတွက် ခေါင်းစားနေစရာ၊ စိတ်ဖိစီးစရာမလိုတော့ပါဘူး။

ကိုယ့်အိပ်မက်တွေ၊ ဆန္ဒတွေကို အာရုံစိုက်နိုင်၊ အကောင်အထည်ဖော်နိုင်ခြင်း

Relationship ဘဝထဲမှာ စိတ်နှစ်ထားတဲ့အမျိုးသမီးတွေက သူတို့ရဲ့မျှော်လင့်ချက်နဲ့အိပ်မက်တွေကို လက်လျော့ရကောင်းလက်လျော့ရနိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးရနိုင်ပါတယ်။ သူတို့က သူတို့ရဲ့ပျော်ရွှင်မှုကို စွန့်လွှတ်အနစ်နာခံပြီး အခြားသူတွေကို ပျော်ရွှင်စေချင်ကြပါတယ်။ ချစ်သူရည်းစားမရှိတဲ့ တစ်ယောက်တည်းသမားတွေက လွတ်လပ်ပေါ့ပါးမှုရှိကြပါတယ်။ သူတို့က ရည်မှန်းချက်ကြီးကြီးထားကြပြီး ရည်မှန်းချက်ရောက်အောင် အာရုံစိုက်ထားနိုင်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဦးစားပေးတဲ့အတွက် ပိုပြီးအောင်မြင်ကြသလို ပိုပြီးလည်း ပျော်ရွှင်ကြပါတယ်။

လူတွေပြောတဲ့အရာတွေကိုလည်း ဂရုစိုက်စရာမလိုပါဘူး

သင်က အချိန်အကြာကြီး ဘယ်သူကိုမျှအားမကိုးဘဲနေလာခဲ့အတွက် သင့်ကို ဝေဖန်ပြောဆိုမယ့်သူကလည်း သင်ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီး အခြားသူတွေပြောတဲ့အရာတွေကိုလည်း ဂရုစိုက်စရာမလိုတော့ပါဘူး။ အခြားသူတွေရဲ့ပြောစကားတွေကို အာရုံမထားတဲ့အတွက် သင်က ပိုပြီးပျော်ရွှင်သလိုခံစားရနိုင်ပါတယ်။

မိသားစုနဲ့သူငယ်ချင်းတွေကို အချိန်ပိုပြီး ပေးနိုင်တယ်

သင်က Relationship ဘဝထဲရောက်နေတယ်ဆိုရင် သင့်အချိန်တွေကို လက်တွဲဖော်နဲ့အများဆုံးကုန်ဆုံးရပါတယ်။ အဲဒီလိုအချိန်ပေးလိုက်ရတဲ့အတွက် သင့်သူငယ်ချင်းနဲ့မိသားစုတွေကို အချိန်ပေးဖို့ ခက်ခဲလာပါတယ်။ ဒါပေမဲ့သင်က ဆင်ဂယ်၊ တစ်ယောက်တည်းသမားဆိုရင် သင့်ချစ်တဲ့သူတွေကို မကြာခဏ အချိန်ပေးနိုင်သလို သူတို့ရဲ့အတူတူ အချိန်ကုန်ဆုံးလို့ရပါတယ်။

ခရီးတွေ ပိုထွက်ဖြစ်တယ်

ဆင်ဂယ်ဖြစ်ခြင်းက လုပ်ပိုင်ခွင့်အရှိဆုံးပါပဲ။ အတွေ့အကြုံအသစ်တွေကို ကိုယ့်ကိုယ်တိုင်ရှာဖွေနိုင်ပြီး တစ်ယောက်တည်းဆိုရင် သူငယ်ချင်း၊ မိသားစုတွေနဲ့ ခရီးပိုထွက်ဖြစ်ပြီး သင့်အနီးနားက အရာတွေကို စူးစမ်းရှာဖွေဖို့ အချိန်လည်းရှိပါတယ်။ အဲဒါကြောင့် နောက်ဆံမတင်းဘဲ စိတ်ဖိစီးမှုကင်းကင်းနဲ့ ပျော်ရွှင်မှုကို ရှာဖွေနိုင်မှာဖြစ်ပါတယ်။

Ref: Brightside “Why Women Who Stay Single for Long Periods of Time Are the Happiest”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top