အစားအစာတစ်မျိုးတည်းကိုပဲ နေ့တိုင်းစားဖြစ်နေပြီလား

yyl-051-3.jpg

မနက်ခင်းတိုင်း မနက်စာအနေနဲ့ ကြက်ဥပဲစားဖြစ်နေလား။ (ဒါမှမဟုတ်) အစားအစာတစ်မျိုးတည်းကိုပဲ စားဖြစ်နေလား။ ဒီလိုဆိုရင်တော့ အစားစားတဲ့အလေ့အကျင့်နဲ့ ပတ်သက်ပြီး ပြောင်းလဲမှု တချို့လုပ်ဖို့တော့လိုလာပြီနော်။ နေ့တိုင်းအစားအစာတစ်မျိုးတည်းကို စားတာက သင့်အတွက် ကျန်းမာရေးမညီညွှတ်နိုင်ပါဘူး။ ဘာလို့ အဲဒီလိုပြောရလဲဆိုရင် အကြောင်းအရင်းတွေရှိပါတယ်နော်..။

အာဟာရချို့တဲ့ခြင်း

ကျွန်တော်တို့ခန္ဓာကိုယ်က တစ်နေ့တာလုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် အာဟာရဓာတ်အမျိုးမျိုးကို လိုအပ်ပါတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် အစားအစာမျိုးစုံ၊ ဟင်းသီးဟင်းရွက် အစုံတွေကို စားပေးရပါတယ်။ အသီးတစ်မျိုးတည်း၊ ဟင်းသီးဟင်းရွက်တစ်မျိုးတည်းကို စားသုံးပေးမယ်ဆိုရင် အာဟာရချို့တဲ့တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွှတ်အောင်၊ အာဟာရဓာတ်မျှတအောင် အစားအစားနဲ့ ဟင်းသီးဟင်းရွက်တွေကို မျိုးစုံစားပေးသင့်ပါတယ်။

အစာအိမ်နာခြင်း

အစားမရွေးဘဲ အစုံစားပေးတာက သင့်အစာအိမ်ရဲ့ ကျန်းမာရေးအတွက် အကူအညီပေးနိုင်ပါတယ်။ ဒါက ကိုယ်ခံအားစနစ်အားကောင်းအောင် ကူညီပေးနိုင်သလို အစာခြေစနစ်အားကောင်းလည်း ကူညီပေးနိုင်ပါတယ်။ သင့်အစာအိမ်ကျန်းမာရေးအတွက် အစားအစာကို ညီညွှတ်မျှတစွာစားသုံးပေးသင့်ပါတယ်။

ကိုယ်အလေးချိန်ကျတာ နှေးခြင်း

ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက် အစားအစာတမျိုးတည်း နေ့တိုင်းစားတာက ကိုယ်အလေးချိန်ကျတဲ့နှုန်းကို နှေးသွားစေနိုင်ပါတယ်။ အသီးမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်အစုံကို စားပေးတဲ့ လူတွေက ကိုယ်အလေးချိန်ကျအောင် စွမ်းဆောင်တဲ့နေရာမှာ အခြားသူတွေနဲ့ယှဉ်ရင် ပိုမြန်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

အာဟာရဓာတ်တစ်မျိုးတည်းကိုသာ အလွန်အကျွံစားသုံးမိခြင်း

အစားအစာတစ်မျိုးတည်းကိုသာ ခဏခဏစားသုံးတာက အာဟာရဓာတ်တစ်မျိုးတည်းသာလွန်ကဲနေနိုင်ပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ အဲဒီလိုဖြစ်မယ်ဆိုရင် နနွင်းအများကြီးစားသုံးမိသလိုပဲ အသည်းလုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီးဆိုးကျိုးရှိလာနိုင်ပါတယ်။

အစားအသောက်မမှန်ခြင်း

အစားအစာတစ်မျိုးတည်း နေ့စဉ်ရက်ဆက်စားနေမယ်ဆိုရင် အစားအစာချင်စိတ်မရှိဘဲ အစားရွေးတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီလိုအခြေအနေမှာဆိုရင် လူတစ်ယောက်က ဒီအစားအစာက ဘယ်လိုအရောင်ကြီး၊ အရသာက ဘယ်လိုကြီး၊ အနံ့က ဘယ်လိုဖြစ်တယ်တွေ ပြောပြီး အစားချေးများလာမှာဖြစ်ပါတယ်။

Ref: 5 reasons why you should not eat the same food every day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top