လည်ချောင်းနာခြင်းအတွက် အထိရောက်ဆုံးနည်းလမ်း

yyl-012-11.jpg

ရာသီဥတုအပြောင်းအလဲကြောင့်၊ လေထုညစ်ညမ်းမှုကြောင့်၊ ကျွန်တော်တို့ စားလိုက်တဲ့အစားအစာတွေကြောင့် လည်ချောင်းပိုးဝင်တာ၊ လည်ချောင်းယားတာ၊နှာခေါင်းယားတာတွေခံစားကြရပါတယ်။ လည်ချောင်းယားပြီးနာကျင်တာကို လူတော်တော်များများခံစားကြရပြီး လူကိုခံရခက်စေပါတယ်။ ကျွန်တော်တို့တွေ လည်ချောင်းနာတဲ့အခါ ဆေးဝယ်သောက်တာက လည်ချောင်းနာတဲ့လက္ခဏာရပ်တွေကို ပြေလျော့စေနိုင်ပေမဲ့ ချက်ချင်းပျောက်ကင်းမသွားပါဘူး။

သဘာဝအိမ်တွင်းကုသနည်းတွေကလည်း ဘေးထွက်ဆိုးကျိုးမရှိဘဲ လည်ချောင်းနာတာကို သက်သာစေနိုင်သလို အအေးမိ၊ ချောင်းဆိုးတာတွေအတွက်လည်း အကောင်းဆုံးကုသနည်းလို့ ပြောကြပါတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် လည်ချောင်းနာတာကို သက်သာသွားချင်ရင်တော့ အဲဒီအတွက် ဖြေရှင်းနည်းရှိပါတယ်။ ဒီနည်းက ထိရောက်ပြီး ပြုလုပ်ရတာလည်း လွယ်ကူပါတယ်။ ဒီကုသနည်းကို မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ အလွယ်တကူပြုလုပ်လို့ရပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့ပစ္စည်းတွေကတော့

– ချင်း (ခြစ်ထား)

– ပျားရည်

– သံလွင်ဆီ

– ဂျုံမုန့်

– လက်သုတ်ပုဝါ (ပိတ်ကျဲ)

– တိပ်

ပျားရည်နဲ့ဂျုံမုန့်တို့ကို ရောနှောလိုက်ပြီး ခြစ်ထားတဲ့ချင်းနဲ့ သံလွင်ဆီ (၂-၃) စက်တို့ကို ရောထည့်လိုက်ပါ။ အကုန်လုံးရောစပ်ပြီးသွားရင်း အရောအနှောအနည်းငယ်ကို လက်သုတ်ပုဝါထဲကို ထည့်လိုက်ပြီး ရင်ဘတ်ပေါ်ကပ်ထားလိုက်ရမှာဖြစ်ပါတယ်။

ဒီနည်းကို အိပ်ရာမဝင်ခင် ပြလုပ်ပေးဖို့ အကြံပြုပါရစေ။ ချင်းက ချွေးထွက်စေတဲ့ ပူတဲ့အမြစ်ဖြစ်ပြီး လည်ချောင်းနာတဲ့လက္ခဏာရပ်တွေကို ပြေလျော့ပေးတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။ အရေပြားထိခိုက်လွယ်တဲ့သူတွေနဲ့ ကလေးတွေက အသုံးမပြုခင် ကိုယ်နဲ့တည့်မတည့် စမ်းစစ်ကြည့်ဖို့လိုပါတယ်။

Ref: DIY ginger wrap that can help you get rid of a sore throat overnight!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top