လမ်းခွဲရမည့်အချိန် ရောက်နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ

yyl-019-1.jpg

ခရစ်စမတ်ကာလသည် တစ်နှစ်တာလုံးတွင် စိတ်ကူးယဉ်ဆန် ကြည်နူးဖွယ်ကောင်းလွန်းသော အချိန်အခါဖြစ်သည်။ ဒီလိုအချိန်အခါမျိုးတွင် ချစ်သူ စုံတွဲများ များသောအားဖြင့် အချစ်ပို သာယာ ကြည်နူးတတ် ကြသော အချိန်ကာလ ဖြစ်သော်လည်း အချို့မှာ ဝမ်းနည်းစွာဖြင့် ယခုလိုအခါမျိုးမှာပင် ဆုံးခန်းတိုင်သွားတတ်ကြသည်။ မည်သည့် အချိန်အခါမျိုးတွင် သင်၏ လက်တွဲဖော်၊ ချစ်သူ နှင့် ရှေ့ဆက်ရန် မဖြစ်နိုင်တော့ပြီ၊ လမ်းခွဲရမည့် အချိန်သို့ရောက်နေပြီ ဟူသည်ကို သိရှိရန်မှာ မလွယ်ကူလှပေ။ ကိုယ်တည်ဆောက်ထားခဲ့သော သံယောစဉ်တစ်ခုကို နောက်ထက်ကြိုးစား ညှိနှိုင်းရမလား၊ ရင်းနှီးထားခဲ့တဲ့ သံယောစဉ်၊ အချိန်၊ ချစ်ခြင်းမေတ္တာ နှင့် နာကျင်မှုတွေကိုပဲ အဆုံးရှုံးခံ လိုက်ရတော့မလား ဆိုတဲ့ အတွေးနဲ့ တွေဝေမှုဟာ ပင်ပန်း နာကျင်လွန်းလှ ပါသည်။

ထိုအကြောင်းအရာ နှင့် ပတ်သက်၍ ၂၀၁၈ခုနှစ်အတွင်းတွင် လေ့လာသူများမှ စစ်တမ်းကောက် စာတမ်းပြုစုရာ အများအားဖြင့် စုံတွဲများသည် လက်ရှိ relationship ၏ ကောင်းခြင်း၊ ဆိုးခြင်းများကို စာရင်းလုပ်ကာ သိရှိခြင်းဖြင့် ထို relationship ကို ရှေ့ဆက်သင့်လား (သို့) လမ်းခွဲသင့်လား ဆိုသည်ကို သိရှိနိုင်သည် ဟုဆိုသည်။

စစ်တမ်းများ၏ ရလဒ်များအရ ယေဘူယျ အားဖြင့် relationship တစ်ခုခိုင်မြဲရခြင်း၏ အကြောင်းအရင်းအချို့မှာ တစ်ဦး နှင့် တစ်ဦး လေးစားမှုရှိခြင်း၊ နားလည်မှုရှိခြင်း၊ သည်းခံခြင်း၊ အကောင်းမြင်ခြင်း၊ စိတ်ခံစားချက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ ကာမ လိုအပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ မိသားစု တာဝန်များ မလစ်ဟင်းခြင်း၊ နှစ်ယောက်ပေါင်း ငွေကြေးအင်းအား ပြည့်စုံခြင်း အစရှိသည်တို့သည် အခြေခံဖြစ်သည် ဟုဖော်ပြသည်။

ဆန့်ကျင်ဘက်အနေဖြင့် relationship တစ်ခုတွင် များစွာသော ရှုပ်ထွေးမှုပြဿနာများ ရှိနေခြင်း၊ ကာမ ဆွဲဆောင်မှုမရှိနေခြင်း နှင့် ကျေနပ်မှုမရှိနေခြင်း၊ မိမိလက်တွဲဖော်၏ ပင်ကိုယ်စရိုက်ကို မနှစ်သက်နေခြင်း နှင့် အသစ်တစ်ယောက် ရှာဖွေနေပြီဆိုလျှင် ထို relationship ကို အဆုံးသတ်ကြသည့် အချိန်ပင်ဖြစ်သည် ဟုဆိုသည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top