ငယ်ဘဝက ပုံရိပ်တွေအတိုင်း ပြန်လည်ဖန်တီးရိုက်ကူးကြသူများ

yyl-005-1.jpg

ကျွန်တော်တို့တွေဟာ တဖြည်းဖြည်းနဲ့ အသက်အရွယ်ရလာတာနဲ့အမျှ အပူအပင်ကင်းတဲ့ငယ်ဘဝကို ပြန်လည်အမှတ်ရမိကြပါတယ်။ ကျွန်တော်တို့ငယ်ဘဝကို အမှတ်ရရင်းနဲ့ အတိတ်ကို ပြန်သွားချင်မိကြပေမဲ့ ပြန်သွားဖို့ မဖြစ်နိုင်ကြပါဘူး။ ဒါပေမဲ့ ငယ်ဘဝပုံရိပ်တွေကို ပြန်လည်အသက်သွင်းဖို့ နည်းလမ်းတစ်ခုကို အင်တာနက်အသုံးပြုသူ တွေရှာတွေ့ထားကြပါတယ်။

သူတို့က ငယ်ဘဝကို ပြန်အမှတ်ရတဲ့အနေနဲ့ ငယ်ဘဝကပုံစံအတိုင်း ပြန်လည်ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ကူးခဲ့ကြတာပါ။ သူတို့တွေက ငယ်ဘဝက အင်္ကျီ၊ နေရာတွေကို တတ်နိုင်သလောက်တူအောင် ဖန်တီးဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ သူတို့တွေက သူတို့ရဲ့ငယ်ဘဝက ဘယ်လောက်တောင် ချစ်မြတ်နိုးလဲဆိုတာကို ပြန်လည်အသက်သွင်းထားတဲ့ပုံတွေမှာ ကြည့်လိုက်တာရနဲ့ သိနိုင်ပါတယ်။ သူတို့ရဲ့ငယ်ဘဝပုံရိပ်တွေကို ပြန်လည်ဖန်တီး ရိုက်ကူးထားတဲ့ပုံတွေကို စာဖတ်ပရိသတ်တွေ ကြည့်ရှုလို့ရအောင် စုစည်းဖော်ပြပေးလိုက်ရပါတယ်။

(၁၈)နှစ်အကြာမှာ ငယ်ဘဝပုံစံအတိုင်း ပုံတူပြန်ဖန်တီးကြတဲ့ညီအစ်ကိုတွေ

ငယ်ဘဝအတိုင်းပြန်ရိုက်ကူးတဲ့သားအဖတတွေ

ပြောင်ချော်ချော်နဲ့ ငယ်ဘဝပုံရိပ်ကို ပြန်ပုံဖော်တဲ့အခါ

တွင်းတူးတဲ့ဘဝကို သူကမရွေးခဲ့ပေမဲ့ တွင်းတူးတဲ့ဘဝက သူ့ကို ရွေးချယ်လိုက်တဲ့အခါ

(၂၇)နှစ်အကြာမှာ သူ့အမေအတွက် ခရစ်စမတ်လက်ဆောင်

နှစ် (၃၀) ကြာတာတောင် ငယ်ငယ်ကအတိုင်း အပန်းဖြေကြတဲ့ သားအဖတွေ

ကွန်ပျူတာဂိမ်းဆော့တဲ့ ငယ်ငယ်ကအကျင့်က အခုထိမပြောင်းလဲသေးတဲ့အမျိုးသား

၁၉၈၆ခုနှစ်နဲ့ ၂၀၁၉ခုနှစ်

လွန်ခဲ့တဲ့နှစ်များစွာက အရုပ်တွေနဲ့ ညီအစ်မနှစ်ယောက်

(၃၉) နှစ်အကြာမှာ ငယ်ဘဝပုံစံအတိုင်း ဝတ်စုံဝတ်ပြီး ပြန်လည်ရိုက်ကူူးတဲ့အခါ

(၃၅) နှစ်ကြာသွားတာတောင် မပြောင်းလဲသေးတဲ့ညီအစ်ကိုတွေ

(၃၄) နှစ်အကြာ ငယ်ဘဝကို ပြန်လည်အသက်သွင်းတဲ့ သားအဖ

နှစ် (၃၀) ကြာက ပုံစံအတိုင်း အငြိမ်းစားမယူခင်မှာ သားအကြီးဆုံးနဲ့ ပြန်ရိုက်ကူးခဲ့တဲ့ ဖခင်

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top