ချဲလ်ဆီးကို ရွေးချယ်ဖြစ်ခဲ့တဲ့ အကြောင်းကို ဂျာမနီတိုက်စစ်မှူး တီမိုဝါနာ ထုတ်ပြော

29-7-2002-yyl-008.jpg

နည်းပြလမ်းပတ်ကြောင့် ချဲလ်ဆီးအသင်းကို ရွေးချယ်ခဲ့တာလို့ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာက ပြောပါတယ်။ လီဗာပူး၊ ဘာစီလိုနာအသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ တီမိုဝါနာဟာ ဘွန်ဒက်စ်လီဂါကလပ် လစ်ဇစ်အသင်းကနေ ချဲလ်ဆီးကို ပေါင် ၅၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ တီမိုဝါနာဟာ ပြီးခဲ့တဲ့ရာသီက လစ်ဇစ်အတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၄ ဂိုး သွင်းယူနိုင်ခဲ့သူပါ။ ချဲလ်ဆီးအသင်းနဲ့အတူ ပထမဆုံး လေ့ကျင့်ခန်းဆင်းခဲ့ပြီးနောက်မှာတော့ တီမိုဝါနာက ချဲလ်ဆီးကို ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

” ချဲလ်ဆီးအသင်း ချန်ပီယံလိဂ်ဖလား ရချိန်ကတည်းက ဒရော့ဘာ၊ လမ်းပတ်၊ ပီတာချက်တို့ကို သိခဲ့တာပါ။ သူတို့တွေလို ကစားသမားမျိုးဖြစ်ချင်ခဲ့တာက ကျွန်တော့်အတွက် တကယ်ဖြစ်လာချင်တဲ့အိပ်မက်ပါပဲ။ ဒီအသင်းရဲ့ခေတ်သစ်တစ်ခုမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ချင်လို့ ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ”လို့ တီမိုဝါနာက ဆိုပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top