ဖအေတူသား ခိုင်ရွန်နီက မန်ယူအကယ်ဒမီနဲ့ စာချုပ်ချုပ်ဆို

18-12-2020-yyl14.jpg

မန်ယူဂန္ထဝင် ကစားသမားဟောင်း ဝိန်းရွန်နီရဲ့ သား ၄ ယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ခိုင်ရွန်နီကတော့ မန်ယူအကယ်ဒမီနဲ့ စာချုပ်ချုပ်ဆိုလိုက်ပါပြီ။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလမှာ မွေးဖွားခဲ့တဲ့ ခိုင်ရွန်နီဟာ ၂၀၁၁ ခုနှစ်မှာ မန်ယူအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီးနောက် ကွင်းပတ်အောင်ပွဲခံချိန်မှာ ဖခင်နဲ့အတူ လိုက်ပါခဲ့ဖူးသလို မန်ယူအသင်း ကစားသမားတွေနဲ့လည်း အကျွမ်းတဝင်ရှိသူပါ။ အခုချိန်မှာတော့ ခိုင်ရွန်နီက အသက် ၁၁ နှစ်ရှိပါပြီ။

သားဖြစ်သူ ခိုင်ရွန်နီက မန်ယူအကယ်ဒမီနဲ့ စာချုပ်ချုပ်ဆိုပြီးနောက်မှာ ရွန်နီက ” ဂုဏ်ယူစရာနေ့ပါ။ ခိုင်က မန်ယူနဲ့ စာချုပ်ချုပ်လိုက်ပြီ။ ဆက်ကြိုးစားပါ သားရေ” လို့ သူ့ရဲ့တွစ်တာအကောင့်မှာ ရေးသားထားပါတယ်။

၂၀၀၄ ခုနှစ်မှာ အဲဗာတန်ကို မန်ယူကို ပြောင်းရွှေ့လာခဲ့ပြီး မန်ယူမှာ ၁၃ နှစ်ကြာ ကစားခဲ့တဲ့ ဝိန်းရွန်နီဟာ ၅၅၉ ပွဲ ကစားပြီး ၂၅၃ ဂိုး သွင်းယူနိုင်ခဲ့သူပါ။ အဲဒီအတွက် ဆာဘော်ဘီချာလ်တန်ရဲ့စံချိန်ကို ချိုးဖျက်ပြီး ထာဝရဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

မန်ယူနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၅)လုံး၊ ချန်ပီယံလိဂ်ဖလား (၁)လုံး၊ ယူရိုပါလိဂ်ဖလား (၁)လုံးအပါအဝင် ဆုဖလား (၁၆)လုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ရွန်နီဟာ ၂၀၁၇ ခုနှစ်မှာတော့ ငယ်ဘဝကလပ် အဲဗာတန်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်မှာတော့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းရဲ့ ယာယီနည်းပြအဖြစ် ဆောင်ရွက်နေပါတယ်။

Ref: Dailymail ” Like father, like son! Wayne Rooney’s oldest child, Kai, signs for Manchester United “

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top