ဖိလပိုင် နိုင်ငံတွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၆.၆ မဂနီကျုရှိသည့် မြေငလျင် ကြောင့် လူနှစ်ဦးသေဆုံး

yyl-29-022.jpg

ပြင်းအား ၆.၆ မဂနီကျုရှိသည့် မြေငလျင် တစ်ခု အောက်တိုဘာလ ၂၉ရက်နေ့က ဖိလပိုင်နိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ဘူမိဗေဒ ပညာများကဆိုသည်။ ထိုမြေငလျင်ကြောင့် ကျောင်းသားများ ထိတ်လန့်ကာ စာသင်ခန်းများမှ ထွက်ပြေးကြခြင်း၊ အဆောက်အအုံများ ကွဲဝက်လာခြင်း နှင့် ပြိုကျလာခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ ထို မြေငလျင်သည် Mindanao ကျွန်းတွင် ကျောင်းနှင့် ရုံးများ ဖွင့်ချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ငလျင်၏ ပျင်းအားကြောင့် အိမ်များ၊ စာသင်ခန်းများ နှင့် အထက်မြင့် အဆောက်အအုံများ ပျက်စီးခဲ့ခြင်း များဖြစ်စေခဲ့သည်။ ယခုလအတွင်းတွင် မြေငလျင်ကြောင့် သေဆုံးသူ ငါးဦးမျှရှိခဲ့ပြီး အိမ်ခြေ ရာပေါင်းများစွာ ပျက်စီးခဲ့ရသည်။ တာဝန်ရှိသူများ၏ အဆိုအရ ငလျင်လှုတ်ခတ်မှု အရှိန်ကြောင့် ကျောင်းအဆောက်အုံများ ပြိုကျပျက်စီးကာ ကျောင်းသားများလည်း ထိခိုက်မှုများရှိခဲ့သည်။ ဒေသခံများမှ ငလျင်၏ ပျင်းအားကြောင့် တိုက်အမြင့်များ လှုပ်ခါနေခြင်း မဟုတ်ဘဲ ယိမ်းယိုင်နေသည်ကိုပင် ကြုံတွေ့ခဲ့ရသည် ဟုဆိုသည်။

ထိုငလျင်သည် Davao မြို့တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ဖိလပိုင်နိုင်ငံသည် ပစိဖိတ်၏ ငလျင်ကြောပေါ်တွင် တည်ရှိနေခြင်းကြောင့် ယခုကဲ့သို အင်အားပြင်း ငလျင်များ မကြာခဏဖြစ်ပေါ်ခြင်းဖြစ်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top